Friday, December 27, 2013

******တန်ဆောင်တိုင်အလွမ်းများသင့်စေ******


.
.
ပင်လယ်ကန္တာရက

ဆောင်းနှင်းမြူများနှင့် မှုန်ပြာရီဝေ

အဆက်မပြတ်တိုက်တဲ့လေက နဂါးနှာမှုတ်သံလိုလို

သူ့ရင်ကိုခပ်ကြမ်းကြမ်းဆွဲဖွင့်

အကြိမ်ကြိမ် ရင်ပွင့်ခံတယ်။
.
.
ပွင့်လိုက်ပါတော့ ညရယ်

လအလင်းကိုဖြန့်ခင်းပြီး

ငွားငွားစွင့်စွင့်ပွင့်လိုက်ပါတော့လား

မျဉ်းကောက် မျဉ်းကွေးတွေနဲ့ တစ်ဖြောင့်တည်းသွားနေရတဲ့

ဝန်ပိနေတဲ့ နှလုံးသားတွေအတွက်

(သို့မဟုတ်)

ပင်လယ်ကန္တာရခရီးသွားတွေအတွက်

တကယ်တော့

တန်ဆောင်တိုင်ညဆိုတာ

ပင်လယ်ကန္တာရမှာလည်း

တန်ဆောင်တိုင်ညပဲ မဟုတ်လားလေ ။
.
.
ဆယ့်နှစ်ရာသီအလွမ်းများနှင့်

ပင်လယ်ကန္တာရခရီးသွားအတွက်

ဒီတစ်ညကတော့ တန်ဆောင်တိုင်အလွမ်းတွေခတဲ့ည

''မီးပုံးပျံ ဆီမီးခွက်တွေ အလှ

မိသားစု/ချစ်သူ/သူငယ်ချင်း အပေါင်းအသင်းများနှင့်

ဘုရားသွား ကျောင်းတက် ဆီမီးတစ်ထောင်ပွဲတော်ရက်တွေ

အို....................တစ်ခါကဆိုတာ

အသိဥာဏ်က မှတ်မှတ်ရရလွမ်းပါရဲ့ ။
.
.
တန်ဆောင်တိုင်ညမှာ ဆေးပေါင်းခသတဲ့လား

အဲ့ဒီစကားသာမှန်ခဲ့ရင်

ပင်လယ်ကန္တာရခရီးသွားတို့ပွင့်တဲ့ အလွမ်း

အဲ့ဒီပန်းဟာလည်း ဆေးဘက်ဝင်မလားပဲ

ပင်လယ်ကန္တာရခရီးသွားတို့ရဲ့

မိဘ/မိသားစု/ချစ်သူ/မိတ်ဆွေ အပေါင်းအသင်းများ

နှင်းရည်စိုစွတ်သော ထိုအလွမ်းများသင့်၍

ပျော်ရွှင် ငြိမ်းချမ်း ချမ်းသာ ကျမ်းမာသုခနှင့်

ထာဝရပြည့်စေသောဝ်...................။ ။
.
.

အစဉ်လေးစားလျှက် via~ Goahead Koko

No comments:

Post a Comment