Monday, July 9, 2012

ဝေလငါးတစ်ကောင်ရဲ့ နာရေး ။ တစ်

ဝေလငါးတစ်ကောင်ရဲ့ နာရေး ။ တစ်
----------------------------------------


နိဒါန်း

ဝေလငါးဆိုလို့ စိတ်ဝင်စားသွားမလားမသိဘူး။ တကယ်ကြတော့ သင်္ဘောသားတွေကို ဝေလငါးနဲ့ တင်စားမိတာပါ။
စိတ်မ၀င်စားတော့ ရင်မတတ်နိုင်ဘူးလေ။ကျနော် ကတော့ ပြောစရာလေးတွေ ရှိနေလို့ ပါဗျာ။
ကျနော်တို့နေထိုင်နေတဲ့ ကမ္ဘာမှာ ရေထုက မြေထုထက် ပို ပမာဏ ကြီးပါတယ်၊
ရှင်သန်နေတဲ့ လူတွေ စားဝတ်နေထိုင်ရေး အတွက် နေ့စဉ်နဲ့ အမျှ ကူးသန်းရောင်းဝယ် ကုန်စည်ဖလှယ်ကြရတယ်လေ။

အရာဝထ္ထုတစ်ခု ဟာ Laws of floatation သို့ ဘောလောပေါ်ခြင်း နိယာမ အရ လေထဲ မြေထဲမှာထက် စာ ရင်ရေထဲ မှာ ထုထည်ပိုကြီးကြီး မားမား ကို သယ်ဆောင်ရယူစေနိုင်ပါတယ်။ယခု လက်ရှိ technology အရပြောတာပါ။
နှစ်စဉ် ကမ္ဘာ ကြီးရဲ့ ၈၅% မကသော ကုန်စည်ဖလှယ် စီးဆင်းမှုတွေ (World Trade) ကို ကျနော်တို့ ရဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ shipping industry က ကိုယ်စားပြု ဆောင်ရွက်ပေးနေပါတယ်။ အဲဒါ ကို World Maritime Hub or Centre ဖြစ်ချင်လို့ ကြိုးစားနေတဲ့ Singapore ကောင်းကောင်းကြီးသဘောပေါက်ပါတယ်
ကျနော်တို့ မြန်မာပြည်က Singapore ထက် ရေမြေ အနေအထား Air Routes and Sea Route ပိုမို အချက်အချာ ကျ ပါတယ်။ ကျောက်ဖြူ နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းတွေ သာ တကယ် လို့ နိုင်ငံတကာ အဆင့်မီ အောင်လုပ်နိုင်ခဲ့ရင် ကျနော်တို့ခေတ် Shipping Industry ဖွံဖြိုးလာမှာသေချာပါတယ်။
၁၉၇၅ နောက်ပိုင်း နှစ်တွေ မှာ ပြည်ထောင်စု ဆိုရှယ်လစ် သမတ မြန်မာနိုင်ငံ က ကြယ်ငါးပွင့် သင်္ဘောအရာရှိများ on loan နဲ့ နိင်ငံခြားထွက် အလုပ်လုပ်ရာကတဆင့်
ပင်လယ်ကူး သင်္ဘောသား အသက်မွေးဝမ်းကျောင်းမှူ လမ်းစပွင့် ဖွံဖြိုးလာခဲ့တယ်လို့ထင်ပါတယ်။

နိုင်ငံတစ်ကာမှာကျနော်တို့ သင်္ဘောသားဆိုတာ underrated and overcriticised and most discriminated မတရား ဖိနှိပ် ရှံ့ ချ အစော်ကားခံရတဲ့ outsiders အပြင်လူတွေ ဖြစ်ပါတယ်။
ကမ္ဘာ တစ်ဝှမ်းလုံးမှာ လူတန်းစားခွဲခြား မှု နည်းပါးလာသလို လူဖြူ လူမည်း ခွဲခြားမှု ဦးစားပေးဆောင်ရွက်လာကြပေမဲ့၊
တစ်ချိန် က အာဖရိကတိုက် က လူမည်းကျေးကျွန်တွေ တောင်နိုင်ငံတကာမှာ အုပ်ချူပ်သူလူတန်းစား အထိရောက်ရှိလာခဲ့သည့်တိုင်၊
ဖားတစ်ပိုင်း ငါးတစ်ပိုင်း ကျွန်တော်တို့ သင်္ဘော သား ဘ၀ ကို ကိုယ်ချင်းစားပေးနိုင်တဲ့ သူ၊
ကျနော်တို့ အတွက် ရပိုင်ခွင့်တွေကို မတရား အဆင့်တန်းခွဲခြား ဖိနှိပ် ဆက်ဆံခံနေရ မှုတွေကို တိုက်ပွဲဝင်ပေးမဲ့ သူရဲကောင်းတွေမရှိ သလောက်ရှားပါး နေပါသေးတယ်။

မြန်မာပြည် က သင်္ဘောသားဆိုတာ ကျနော်တို့ နိုင်ငံရဲ့ ထုံးစံ အတိုင်း ကိုယ်ထူကိုယ်ထ နည်းနဲ့ ကမ္ဘာ နဲ့ အဆင့်မီ ယဉ်ဘောင်တန်း နိုင်အောင် သက်စွန့်ဆံဖျား ချောက်ကမ်းပါးတွေ ကိုတွယ်တက်လာပြီးမှ ထိပ်ကိုရောက်ခဲ့ရတဲ့ လူတွေပါဗျာ။
ကျနော် တို့လဲ တတ်နိုင်တဲ့ ဘက်က လိုအပ်နေတဲ့နေရာမှာ ကွက်လပ်တွေ ကို ဖြည့်ပေး နေတဲ့သူတွေလို့ မြင်စေချင်ပါသည်။
တစ်ချိန်က ( ရပ်ကွက်ထဲက လူ အူတူတူ ငနဲဟာ သင်္ဘောသားဖြစ်ကာ..ဘာညာ......သင်္ဘောထွက်တဲ့ အခါ ကြမ်းတိုက်ရတယ်) ဆိုတဲ့ သီချင်းလေး ဟာ
သင်္ဘောသားတွေ ကြီးပွားနေတာ မုဒိတာ မပွားနိုင်သူတွေအတွက် သဘောကျ နှစ်ခြိုက်စရာအဖြစ် ပေါက်ခဲ့သလို၊
ကျနော်တို့ သင်္ဘောသားတွေအနေနဲ့ ကတော့ အဲဒီရေးတဲ့သူရဲ့ မသိနားမလည်မှုကို အံ့သြချ မှင်တက်မိပါတယ်။

အကြံကုန် ဂဠုန်ဆားချက်ကြသူများ၊ အရင်းမစိုက် လှေထိုး လိုက်သူများ၊ အဖြစ် ဘယ်လိုဘဲ ပြောပြော၊
မိသားစု များစွာ တို့ ၏ ဘ၀၊ ၀မ်းစာ ၊ နောင်ရေးတို့ သည် ကျွန်တော် တို့ ရဲ့ ချွေးနဲစာတို့ဖြင့် တင့်တယ် လှပ လုံခြုံ ခဲ့ကြပါသည်။
အခုချိန်မှာ ကမ္ဘာ့ အကောင်းဆုံးသော သင်္ဘော ကုမ္မဏီတွေ ရဲ့ အကြီးဆုံး သင်္ဘောကြီးတွေပေါ်မှာ ဈေးကွက်ကို ဘီလူးစီးသလို စီးထားတဲ့
Europeans, Indians and Filipinos တွေ နဲ့ ရင်ဘောင်တန်းမြန်မာ သင်္ဘောသား တွေ အလုပ်လုပ်နေကြပါသည်။
မရှိတာထက် မသိတာခက် ဆိုသလိုပါဘဲ ကျနော်တို့ ဘာတွေ လုပ်နေလဲ၊
ဘာရည်ရွယ်ချက်တွေရှိသလ၊ဲ ဘယ်ကိုသွားနေလဲ၊ ဘုမသိဘမသိနဲ့ အထင်သေး နှိမ့်ချ စော်ကား နေသူတွေ အတွက
်ပြောပြချင်တာတွေကြောင့် ဒီဆောင်းပါးကိုကြိုးစားရေး လိုက်ပါတယ်။



တစ်။ ရပ်နေတဲ့ နေလုံးကြီး

ကမ္ဘာကြီးက လုံးပြီး ၀ိုင်းနေတယ်။ ကိုသော်ဒီဝေ ရေးတဲ့ လေးဖြူ သီချင်း လိုပေါ့ ၊တိတိကျကျ ရှာဖွေ တွေ့ရှိချက်ကတော့
တရုတ် လိမ္မော်သီးလိုမျိုး ၀င်ရိုးစွန်း ၂ဖက်မှာ ပြားအိအိ ကြီးဖြစ်နေပါသတဲ့။
တကယ် တော့ တောင်ဝင်ရိုးစွန်း ဆိုတာ သတ်သတ် မှတ်မှတ်ရှိပေမဲ့ မြောက်ဝင်ရိုးစွန်း ကတော့ ရွေ့ရှားနေတဲ့
Greenland အပေါ်ပိုင်းက ရေခဲပြင်တွေ ပေါ်မှာ ရှာရ ခက်ပါတယ်။နှစ်ယောက်ထဲ နေချင် လို့ သွားကြမယ်ဆိုရင် သေချာ တွက်ချက်ပြီးမှ သွားကြပါ ဗျာ။
ပြီးတော့ ၂၃.၅ ဒီဂရီ တိမ်းစောင်းနေတာကြောင့်ရယ် ရေထု နဲ့မြေထု အပူထိန်းကျောင်းမှုမတူညီတာရယ်
နေရဲ့တိမ်း စောင်းမှု ဟာမြောက် အခြမ်းနဲ့ တောင်ခြမ်း ပြောင်းတတ်မှူတွေကြောင့်ကမ္ဘာ့နေရာအနှံ့မှာ မတူညီတဲ့ ရာသီဥတု များ ကြုံတွေ့ရသလို
ကျွန်တော်တို့ သင်္ဘောသားတွေအတွက် ကတော့ သင်ယူစရာတွေ ပိုများခဲ့ပါတယ်။
တစ်နှစ်မှာ ၃၆၅.၂၅ ရက် လည်ပတ်နေတဲ့ ကမ္ဘာကြီး ဟာ မြောက်ကမ္ဘာခြမ်းကနေ ကြည့် ရင်
နာရီ လက်တံ ပြောင်းပြန် (Anti Clockwise) လည်နေတာကြောင့် နေကိုဗဟိုလ်ပြုလည်တဲ့ အခါ မှာ
ရပ်နေတဲ့ နေလုံးကြီးဟာ အရှေ့ ကနေထွက်လာပြီး အနောက်က ၀င်သွားတယ်လို့ဖြစ် ရပြန်ပါတော့တယ်။
(အီကွေတာရဲ့ မြောက်ခြမ်းကို Northern Hemisphere ခေါ်ပြီးတောင်ပိုင်း Australia New Zealand Artic Circle တို့ရှိတဲ့အပိုင်း က
Southern Hemisphere ပါ)အလွယ်မှတ်မယ်ဆိုရင် မြောက်ဘက်ခြမ်းမှာ နွေရာသီ ဆိုတောင်ဘက်ခြမ်းက ဆောင်းရာသီပါ။
ပထ၀ီ သင်ကြဘူးပေမဲ့ မေ့နေတတ်ကြလို့ ပြောတာပါ။

ကျနော်တို့ မြန်မာတွေ က ဒီဇင်ဘာဆို ဆောင်းရာသီလို့ ပုံသေမှတ်တတ်ကြလို့ပါ။
အကျိုး နဲ့ အကြောင်း ဆက်စပ်မတွေးမိတတ်ကြဘဲ ရမ်းပြောတတ်တဲ့လူတွေ အတွက်ပြောပြတာပါ။
သိစေချင်တာက ရုပ်ရှင်တွေထဲမှာ နေ့လည်ပေမဲ့ ညလိုဘာလို့ ရိုက်ထားကြတာလဲတို့၊
သူတို့ဆီကလူတွေ ဘာလို့ အလုပ်အချိန်မတူညီကြလဲ ၊နေရာတိုင်း 9 to 5 အလုပ်မလုပ်ကြပါ
ရေခဲမတတ်အေးတော့ တစ်ညလုံး Underground ထဲက Club မှာ ကခုန်နေကြတယ် ဆင်းရဲပြီးအပူငွေ့ မသုံးနိုင်လို့ အချမ်းသက်သာအောင်
အရက် Vodka ကိုစွဲလမ်းနှစ်ခြိုက်စွာသောက်ကြတယ်။
သွေးပူသွေးဆူအောင် ရေအစား ဘီယာ ကို ကြိုချက်သောက်ကြတယ၊် ရေ မှန်မှန်မချိုး နိုင်လို့ ရေမွှေးသုံးကြတယ်၊
နေရောင်မပြရလို့ နေေ၇ာင်ခြည်လေးတွေ့ရင် တစ်ကိုယ်လုံးချွတ် နေပူဆာလှုံကြရတယ်၊
အသားအရည်မွဲချောက်တင်းတိတ်ပေါက်ကြတယ်။
ပြောရရင်တော့ မတူညီမှုတွေ အများကြီးပါ။

လူသဘောသဘာဝက လှေနံဓားထစ် သိတ်ကိုများပါတယ်။
အရာရာကိုသူတို့ သိသလောက်စံပေတံတွေနဲ့ နေရာတစ်ကာတိုင်းထွာကြပါတယ်။
တစ်ဖက်လူဘာတွေကြုံခဲ့ဖြတ်သန်းခဲ့ရလဲကိုလေ့လာဘို့ဝန်လေးကြပါတယ်။
Finland ကိုရောက်ခဲ့တုန်းက မြောက်ကမ္ဘာခြမ်းမှာ ဆောင်းရာသီ Sun Declination က North ဖြစ်နေပါတယ်။
အဲဒီ Finland က Rahaee မှာ နေက ည ၁၂နာရီခွဲမှာဝင်သွားတယ် တိမ်တောက်သလို ကနေခဏလေးမှောင်သွားပြီး ရောင်နီချက်ချင်းပျိုး ၂နာရီထိုးလောက်
မှာနေပြန်ထွက်ပါတယ်။
တစ်ချို့နေရာတွေ မှာ ၂၄ နာရီပတ်လည် နေမထွက်တာတွေရှိပါတယ်။
ကျော်ဟိန်းရဲ့ မွန်းတည့်ချိန်တွင်နေ၀င်သည် နဲ့ တော့ အသုံးအနှုံးမတူပါဘူး။ထားပါတော့လေ။
ကမ္ဘာကြီး အဲလိုလည်နေမှတော့ သူ နဲ့ အတူရှိနေတဲ့ လေထု ရေထုကြီးလဲ ဘယ်နေမလဲဗျာ လိုက် ပါ လှည့်လည် ရွေ့ရှားရပါတော့တယ်။
အဲဒီလိုနဲ့ လေစီးကြောင်း အပူ အအေး၊ ရေစီးကြောင်း အပူ အအေး တွေ ကနေ တဆင့် ပုံတွေ ပြောင်းလဲ ကာ
လေ ပြင်း မုန်တိုင်း တွေ၊ ကြောက်စရာကောင်းတဲ့ လှိုင်း လုံးကြီးတွေ ပေါ်ပေါက်လာရလေတော့သည်။
လေဖိအားနည်း ရပ်ဝန်းကြီးက ဖုန်စုပ်စက်တွေလို လေကို စုပ်ပါတယ် များရာ က နည်းရာကို စီးဝင်မျော
(မြင့်ရာက နိမ့် ရာသွားတဲ့ သဘောသဘာဝ အရ) အစဉ်တစ်စိုက်ဖြစ်ပျက်တည်ကြပါတယ်

ပစ္စိဖိတ် မှာ တိုင်ဖုန်း ၊ အတ္တလန်တိတ် မှာ ဟာရီကိန်း၊ အိန္ဒိယ မှာတော့ ဆိုင်ကလုံး လို့ ဝေါဟာရ အသွယ်သွယ်ခေါ်တဲ့
လေပြင်းမုန်တိုင်းတွေကို ကမ္ဘာ အနှံ့ မှာ အချိန်ခါ မရွေးလည်ပတ်သွားနေရတဲ့ကျနော်တို့ မရှောင်နိုင်ပါဘူး။
ကျနော် တို့ ရဲ အလုပ် ကို High Risk Profession လို့ သတ်မှတ် တယ် ပြီးတော့
offshore မှာ မိဝေးဖဝေး နေရလို့ ပိုက်ဆံပိုပေး သလို အလုပ်လုပ်ကိုင်နေရတဲ့ ၀န်းကျင
်Working atmosphere မတူညီတဲ့ အတွက် Psycologically set backs တွေ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ များစွာရှိပါတယ်။

ဆက်ရန်...


written by 
Yar Zu ( MSU ADMIN )

No comments:

Post a Comment