Friday, July 27, 2012

တိုင်ဖုန်း Doksari နောက်ဆက်တွဲ


ကနဦးပြောပြချင်တာက ကျနော် တို့ ဘာပဲလုပ်လုပ်
အဓိကနဲ့ သာမည ကို ခွဲခြားတတ်ခြင်း (Priorities) နဲ့ ဥပဒေစည်းမျဉ်း ( Know your rights and authorities)ကိုနားလည်ထားခြင်း
ဘယ်အချိန်မှာမဆို မိမိအတွက်တစ်ကွက်ချန်ထားတတ်ခြင်းဆိုတာတွေ ( Alternative and Back up or Contingency Plan) လိုအပ်ပါတယ်.
ပြီးတော့ကို က လောင်းကစားသမားဆိုတော့ ၀ှက်ဖဲကတော့ အမြဲရှိပါတယ်။

ကျနော် တို့ ကို Master ရာထူးမတိုးခင်မှာ Leadership assessment ဆိုတဲ့ ခေါင်းဆောင်တစ်ယောက် လုပ်ဖို့ အရည်အခြင်းရှိမရှိ
စမ်းသပ်တဲ့ သင်တန်း (သို့) စစ်ဆေးရေး Course တစ်ခုတက်ရပါတယ်။

အဲဒီ သင်တန်းမှာ ရုံးက စီနီယာ Master တစ်ယောက်
သင်တန်း ကြီးကြပ်သူ၂ယောက်နဲ့ Psychologist Doctor တစ်ယောက်က
ကျနော် တို့ ရဲ့အပြုမှု လှုပ်ရှားမှု အမူအယာ အပြောအဆို အသံအစရှိတာတွေ ကို အသံဖမ်း၊ဗီဒီယိုမှတ်တမ်းတင်ပါတယ်။
အဲဒါကို ၃၆၀ ဒီဂရီ မြင်ရတဲ့ သင်္ဘော အစစ်အလား မောင်းနှင် လို့ရတဲ့ Ship Navigation Simulator အခန်းထဲမှာ စမ်းသပ်ပါတယ်။

အဲဒါ မတိုင်ခင်မှာလဲ ..
ပါးစပ်ကမေးခွန်းတစ်ခုမေးတိုင်းအဖြေ ဖြေနေရင်းနဲ့
လက်တစ်ဖက်ကိုလဲ ဆွဲခိုင်းတဲ့ပုံတူကိုလိုက်ဆွဲနေရတာမျိုး ရှောင်လင် သိုင်း က ဘယ်ညာ ခွဲ သိုင်းပညာလို အာရုံ ကို ၃-၄ ခုခွဲ ခိုင်းပါတယ်။

အဲဒီ Ship Simulation Scenario ကို ကမ္ဘာ့ရေကြောင်းမှာ အခက်ခဲဆုံး တစ်ခုဖြစ်တဲ့ Singapore approach Durian Strait နားက
Racon (D) မရောက်ခင် မှာ ပြုန်းဆို မိုးပေါ်ကကျသလိုရောက်သွားပြီးသင်္ဘောကြီး ကို စမောင်း ခိုင်းတာပါ..
တစ်ချိန်ထဲမှာ သင်္ဘောကို ဒါးမြတိုက်တယ် သေနတ်နဲ့ပစ်တယ် လူရေထဲကျတယ် ပြီးတော့ မီးလောင်ရင်လောင်၊ သင်္ဘောတိုက်ရင် တိုက်
မဖြစ်ဖြစ်အောင်လုပ်ယူပါတယ်။
ဖြစ်သွားပြီးမှ ကျနော်တို့ ဘယ်လို ရင်ဆိုင်ဖြေရှင်းလဲဆိုတာကို အမှတ်ပေးတာပါ။

အဲဒီလိုလေ့ကျင့်မှုတွေ ပေးပါတယ်။ ကျနော်တို့လဲ အဓိကနဲ့ သာမည ကို အလုပ်နဲ့ပတ်သက်ရင်တော့ခွဲတတ်လာပေမဲ့ဘ၀နဲ့ပတ်သတ်ရင်တော့ မသိသေးပါဘူး။

အဲလို ဆိုတော့ တိုင်ဖုန်း နဲ့ ပက်ပင်းတိုးမဲ့အရေး ဘယ်ငပေါကမှ ၀င်မတိုးပါဘူး
(တစ်ခါကတော့ ထိုင်ဝမ်အထွက်မှာ မလွဲမရှောင်သာ Eye of the Storm တိုင်ဖုန်း အလယ်တည့်တည့် ကနေ ဖြတ်ခဲ့ရဘူးပါတယ်)

ဒါနဲ့ ကျနော် လဲ သင်္ဘော စင်္ကာပူ ရေလက်ကြားအထွက် Horsburg မီးပြတိုက် လွန်တာနဲ့....
ကျနော်တို့ မူလသွားရမဲ့ အရှိန် ၁၉ မိုင်ကိုလျှော့ချပြီး ၁၃ မိုင်နဲ့ခရီးဆက်ပါတယ် ဒါမှတစ်ရက်လောက် တိုင်ဖုန်းနောက် မှနောက်ကျရောက်လို့
aftermath ဘဲကြုံရမှာဘဲ တကယ် တိုင်ဖုန်းဝင်ရင် Port ကလဲ ပိတ်မယ်နောက်ဆက်တွဲ Congestion လဲ ရှိမယ်ဆိုတော့ ကိုယ်မှာကလဲ Master Overriding Authority လဲ ရှိနေလို့ပါဘဲ။

အခုခေတ် Modern shipping မှာ အဓိက အာရုံထားနေရတာက တစ်တန်ကို ဒေါ်လာ ၅၀၀ မှ ၇၅၀ ကြားဆော့ကစားနေတဲ့ ဆီဈေးပါဘဲ။
သင်္ဘောက ရေမိုင် ၁၉ နဲ့သွားရင် တန်၉၀ ဆို ၁၃ နဲ့သွားရင် တန်၅၀ လောက်ဘဲရှိတာမို့ ၃ရက်ခရီးမှာတင် ဒေါ်လာ ၈သောင်းမှ တစ်သိန်းထိသက်သာ
တာမို့ (ဒါက ကျနော့်ဝှက်ဖဲပါဘဲ)။

ကြေးနန်း အမြန်ပို့လိုက်ပါတယ် တိုင်ဖုန်းရှိတယ် အရှိန်လျှော့မယ် ဆီလဲ ဒီလောက်သက်သာမယ် သင်္ဘောလဲSafe ဖြစ်မယ် ပြီးတော့လဲ
ဒီ ဆိပ်ကမ်းပြီးရင် သင်္ဘောက ၁၀ရက်ကျောက်ချမှာ တင်လာတာကလဲ လက်ကျန်ကုန်တွေဆိုတော့သူတို့ သဘောတူ မှာ ၉၅% ပါ ဘဲ။အကြောင်းမပြန်မချင်း အရှိန်လျှော့ထားမယ်ဘဲပြောလိုက်ပါတယ်။

တရုတ်ကြီးကလဲ ခုနောက်ပိုင်းစီးပွားတွေ ကျတော့ Port တွေ ကလဲ အရင်ကလောက် မကျပ်တော့ဘူးလေ
နောက်နေ့ ညနေမှ ဖုန်းဝင်လာပါတယ် အတတ်နိုင်ဆုံး အရှိန် အနှေးဆုံးနဲ့ proceed ဘို့ပါ။
ကျနော် အသိ စောမှုကြောင့် သူတို့ အများကြီးသက်သာသွားပါတယ်။

ကျနော် တို့ သင်္ဘောသားဘ၀မှာ Fuck ups အမှားတွေ အများကြီးလုပ်ခဲ့ဘူးပါတယ်၊ လုပ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ ဘ၀အမှားတော့ လုပ်လို့မရပါ။
ကုမဏီ အကျိုးစီးပွား ဖြစ်ထွန်းအောင်လဲ အများကြီးလုပ်ခဲ့ဘူးပါတယ် ။အဲဒါမျိုးဆိုရင်တော့ ဘယ်သူ့ကမှ မချီးမွှမ်းပါဘူး။
ဘာမှလဲ မရတတ်ပါဘူး ကိုယ့်အလုပ်ကိုယ်လုပ်တယ်လို့ ယူဆရပါတယ်။ ဒါဟာ သင်္ဘောသားတွေ အတွက် ထုံးစံတစ်ခုလိုပါဘဲ ။

တကယ်တော့ ကျနော် တို့ သင်္ဘောသားတွေ က အလုပ်ကို စွယ်စုံလုပ်ကြရပါတယ် ။လုပ်တတ်ရတယ်။ လုပ်တတ်တယ်ဗျာ။
ကျနော့်အမြင် မှာ သင်္ဘောသားတွေ က Jack of all trades တွေ ထဲမှာ အတော်ဆုံးတွေပါဘဲ။

ဒါပေမဲ့ လေယဉ်မှူးတွေ Air crew တွေ လောက် လေးစားမှု မရတာကတော့ အပေါ်ယံကို အထင်ကြီးတတ်တဲ့Uniform လှလှလေးတွေ
ကြိုက်တတ်သူတွေ ကမ္ဘာ ပေါ်မှာ ပိုများတာ ကြောင့် ပါ..

ဒီလိုနဲ့ မုန်တိုင်းကြီး Doksari ဖိလစ်ပိုင်ကိုတိုက်ခိုက်အပြီးမှာ အင်အားနည်းသွားပါတယ်။

ဒါကြောင့် ခတ်သွက်သွက်ဘဲ တရုတ် ပြည် ကုန်းတွင်းပိုင်း Yantian နားကိုဝင်ရောက်သွားပြီး
၂ရက်လောက်နေမှ ကျနော်တို့ သင်္ဘော ရောက်သွားပါတော့တယ်။ လွတ်သွားပြန်ပြီတစ်ခေါက်....
နောက် ၃ လအတွင်း ဘယ်၂လုံး တွေ့ ရဦးမလဲ ...အားတင်းထား ဆဲ..။

ရာစု

No comments:

Post a Comment