Monday, April 8, 2013

American Dreams.. အပိုင်း(တစ်)


လူတိုင်းမှာစိတ်ကူးအိမ်မက်များရှိကြပါသည်။
ထိုစိတ်ကူးအိမ်မက်များကိုလက်တွေ့ အကောင်ထည်ဖော်ဆောင် ရာတွင် နာမည် အကြီးဆုံး
အိမ်မက်မှ တကယ်ဖြစ်လာစေတာကတော့အမေရိကန် နိုင်ငံကပေးတဲ့ American Dreams အိမ်မက်တွေ ဘဲဖြစ်ပါတော့သည်။

ကျနော် ပြောမဲ့ အမေရိကန် အိမ်မက်လေးက နဲနဲတော့ ရှည်တယ် ဗျာ...
ကျနော်ကလဲပျင်းနေလို့ ပုံပြောပြချင်တာပါ..

ကျနော့် လက်အောက်မှာ အခု လူမုန်းများတဲ့ ဘင်ဂါလီ လူမျိုး စက်ချုပ် ၊ စက်နှစ် နဲ့ ကုန်းချုပ် တစ်ဦးလုပ်ကိုင်ခဲ့ဘူးလေသည်။
သူတို့အားလုံး ကျနော့် ကို ညီအရင်းအစ်ကိုတစ်မျှချစ်ခင်ကြပါသည်။ ကျနော်သဘောကောင်းတာရယ် ၊ရာထူးကြောင့်လဲ ဖြစ် ပါလိမ့်မည်။

သူတို့တွေ အမေရိကန်နိုင်ငံ ကို နတ်ဆိုးကြီးသဖွယ် မုန်းသံ လွှင့်နေခဲ့ကြပေမဲ့
တစ်ရက် မှာတော့ စက်ချုပ်ကြီးက သူ အမေရိကန် Green Cardရကြောင်း အားရ၀မ်းသာဆိုလာလေသည်။
ကျနော်က ရီမောရင်း မင်းပြောတော့ American တွေ Bastards တွေ ဆို လို့ပြောတော့ ..
သူက၀န်ခံတယ် ငါတို့ သိပါတယ် တကယ်တန်း လွတ်လပ်တဲ့ လူ့အခွင့်ရေးနဲ့ ငြိမ်းချမ်းသာယာတယ်ဆိုတာ
အမေရိက မှာဘဲရှိတယ်တဲ့ ....သူတို့ဘင်ဂလားဒေ့ရှ် နိုင်ငံ ကိုစိတ်ကုန်နေကြပါတယ်။
(လူတွေ က မသုံးဘူးမမြင်ဘူး မတွေ့ဘူးလေတော့ ၀ါဒမှိုင်း အရမ်းမိနေတယ်.. မြောက်ကိုရီးယားလိုပေါ့)

ကဲပုံပြင်လေး စပြောတော့မယ် ...မကျည်းတန်ရေ နားထောင်...

ကားအကောင်းစားကြီးတစ်စီးပေါ်မှာ လူလေးယောက် လိုက်ပါစီးနင်းလာကြတယ်
သူတို့ဟာရုံးချုပ် ဆီက ဆင့်ခေါ်စာ အရ အကြောင်းတစ်စုံတစ်ရာမှ မသိရဘဲ လိုက်ပါလာကြရတဲ့အတွက်
အလွန်စိတ်ပူနေကြပါတယ်။
ငါအလုပ် ပြုတ်ပြီလား ၊ငါဘာတွေ များအမှားလုပ်ခဲ့မိလဲဆိုတဲ့အတွေးကိုယ်စီနဲ့ငြိမ်နေကြလေရဲ့
သူတို့တွေ ကတော့...

၁။အသက်အရွယ်ကြီးနေပြီဖြစ်သော် လည်းကျောက်ကပ်တစ်ခြမ်းမကောင်းပေမဲ့ပိုက်ဆံမရှိလို့ မလဲနိုင်သေးတဲ့
လူဖြူ အဖွားကြီး ဒိုရသီ ရယ်၊
၂။ပန်းချီဆွဲတော်တဲ့ စစ်ပြန် လူမည်းလေး မရိန်း တပ်ကြပ်ဟောင်းလေး Phil ရယ် ၊
၃။ ပါကစ္စတန် နိုင်ငံကနေခိုလှုံလာပြီး ညပိုင်းအလုပ်လုပ်ရင်း ဘွဲ့ယူရန်ကျောင်းတက်နေရတဲ့ Waqas ဆိုတဲ့ ကုလားလေးရယ်၊
၎။ ကာဂျစ်စတန် နိုင်ငံက နေ ထွက်ပြေးလာတဲ့ ပျော်ပျော်နေတတ်တဲ့ ရုရှ လူမျိုး Igor တို့ ရယ် ဘဲဖြစ်ပါသည်။

Seven Eleven Store ။

ကမ္ဘာပေါ်မှာ အတိုဆုံးရေးစပ်ထားတဲ့ ကဗျာလေး လို့တင်စားတဲ့
Seven Eleven ....၂၄ နာရီ ဖွင့်တဲ့ လမ်းထောင့်စတိုးဆိုင် လေးဟာ အခုဆို ၈၂နှစ်ကြာခဲ့တည်တန့် ခဲ့ပြီး
အအောင်မြင် ဆုံး Convenient စတိုးဆိုင် လေးအဖြစ် အမေရိက မှာ ဆိုင် ၆၅၀၀
Global တစ်ခုလုံးမှာဆိုင်ပေါင်း ၂၆၀၀၀ ကျော် ရှိနေခဲ့ပြီး အတူတွဲ လုပ် ကိုင်နေသူ အလုပ် သမား အဖွဲ့ဝင်ပေါင်း ၂သန်းကျော် ရှိနေပါတယ်။

ကျဆင်းလာတဲ့ အမေရိကန်စီးပွားရေး ကို ကျားပြန်ကန် နိုင်ဘို့အတွက် CEO တွေ ကို အောက်ခြေနဲ့ ကင်းဝေးနေတယ်ဟု
ုဝေဖန်မှုတွေ ကြောင့် 7/11 ရဲ့ CEO Joe Dapinto တစ်ယောက် တစ်ပတ်တိတိ Part Time
အလုပ်သမား လေးအဖြစ် နဲ့ အဓိက အချက်ခြာကျတဲ့ နေရာ ၄ခု က သေချာရွေးချယ်ထားတဲ့ ကဏ္ဍလေးခုကို
ရုပ်ဖျက်သွားရောက်လေ့လာဘို့ ဆုံးဖြတ်ခဲ့တာကို Board of Director Meeting က မယုံနိုင်အောင် အံသြခဲ့ကြတယ်။

ဒီလိုနဲ့ Documentary Video Shooting Crew နဲ့ အတူ ရုပ်ဖျက်ထားတဲ့CEO ဟာ
လေ့လာရေး အလုပ် ဆင်းတဲ့ လူသစ်ကလေးတစ်ယောက် အကြောင်း ရိုက်ကူးရေးပုံစံနဲ့
အလုပ် နေရာ ၄ ခု ကို ကိုယ်တိုင် ကိုယ်ကျ သွားရောက်လေ့လာမှုကြီးစတင်ခဲ့ပါတော့သည်။

၁။ 7/11 ဆိုင် တွေ တစ်ရက် ကို ကော်ဖီ ခွက် ပေါင်း သန်းချီရောင်းနေရတဲ့ အထဲကမှ
New York မြို့ က တစ် ဆိုင် ထဲတစ်ရက် ကို ၂၅၀၀၀ လောက် ရောင်းနေရတဲ့ ဆိုင် ကို ဘာတွေ ထူးခြား လို့ရောင်းရလဲ
သိချင်တာနဲ့ Joe ရုပ် ဖျက် ပြီး ရောက်လာခဲ့ ပါတယ်။
လူဖြူ အလုပ်သမ" ဒိုရသီဟာ" အသက်ကြီးပါပြီ ဆိုင်မှာ လုပ်နေတာ ၁၈ နှစ် ကြာပြီ သူဟာအလုပ် နဲ့ လက် မပြတ် လတ် သလို
ဆိုင်ရှိ လူအားလုံး Customer အားလုံး ကိုလဲ နာမည် နဲ့တစ်ကွ သိကျွမ်း ခင် မင် ပြီး အမြဲတမ်း နှစ်လိုဘွယ် ရာပြောဆို တတ်သူ
ဆို တာ သိလာခဲ့ရတယ် ။ သူမ ရဲ့ Kidney တစ် ဖက် မကောင်းလို့ တစ်ချိန် ချိန် လှူ လာမဲ့သူကိုစောင့် စားနေသူလဲဖြစ် နေပါတယ်။
ဒီလို နဲ့ CEO ကြီး သိခဲ့ရတာကတော့ ကော်ဖီ ခွက် ၂၅၀၀၀ေ၇ာင်းနေရတာ အထူးပိုကောင်းလို့ ထက် သူမရဲ့ဖော်ရွေပြီး
ချစ်ခင် ဖွယ် နေတတ်တဲ့ စွမ်းအားကြောင့် လို့ သိသွားခဲ့ရတယ်။

၂။ဒုတိယ အနေနဲ့ Do-nut and Bakery လုပ် ငန်း က အစားသောက် တွေ ကို တစ်နှစ်မှာ ၆ သန်း ရောင်းချ နိုင်ဘို့
ထုတ်လုပ်ပေးနေတဲ့ Baltimore က စက် ရုံ တစ် ခု ကို သွားရောက်ခဲ့တယ် အလုပ်အတူတူ လုပ် ဖို့ လူမည်း Phil ဆိုတဲ့
မရိန်း စစ်သားဟောင်းလေးနဲ့ မုန့် အတူ ဖုတ်ခဲ့ပြန်တယ် ။သူသိလာတာကတော့ စက္ကန့်နဲ့ အမျှ ဖြတ် သန်းနေတဲ့ စက်တွေ ပေါ်
အလျှင် မီအောင် မုန့် ဖုတ် နေရတဲ့ Phil ဟာ တိကျ တယ် ပျော်ပျော် နေတတ်တယ် စိတ်စေတနာ ကောင်းတဲ့အပြင်
သူလုပ်နေတဲ့ အလုပ် ကလေးကို ချစ် မြတ်နိုးတယ် ၈နှစ် ကြာခဲ့ပေမဲ့ အလုပ် မခိုကပ် တတ်သူ
ကော်ဖီသောက် နားချိန် တွေ မှာ Do-nut အရုပ်ကလေးတွေအကြောင်း ပန်းချီ ကာတွန်းလှလှလေးတွေ
ရေးဆွဲအပန်းဖြေ တတ်သူလေးဆိုတာကိုပါဘဲ။
CEO ကိုယ် တိုင် Phil မုန့် ၅ ခု ဖုတ် နေချိန် မှာ ၁ခု ၂ခု မနည်း ဖုတ် နေရလို့ ဒီလို အလုပ် သမားကောင်းတွေ ဟာ
သူတို့ 7/11 ရဲ့ မဏ္ဍိုင် အင်အားတွေ ဆို တာ သတိထားမိခဲ့တယ်။

၃။ တတိယအနေနဲ့ New York ကို ပြန်လာပြီး Night Shift လို့ ခေါ်တဲ့ ၂၄ နာရီ ဆိုင် တွေ ရဲ့ ညပိုင်းကဏ္ဍ တွေ ကို
မပျင်းမရိ ၀န်ဆောင် ပေးနေမှုအတွက် ပါကစ္စတန် က လာပြီး ဥပဒေဘွဲ့ယူပြီး ညဆိုင်း အလုပ် လုပ်နေတဲ့
၎ နှစ် ကြာသက်တမ်း ရှိနေတဲ့ ကုလားလေး Waqad နဲ့ အတူဆိုင် ဖွင့် ညဖက် လူရှင်းချိန် မှာ ကြမ်းတိုက်
အမှိုက် သွန် အိမ်သာဆေး မရပ်မနား အိပ်ငိုက် တဲ့ နာရီ တွေ မှာ မငိုက် ရအောင်
လုပ် ဆောင် ရင်း နေ့ခင်း ဘက် ကျောင်းတက် နေတဲ့ကောင်လေးဟာ သူငယ်စဉ် ဘ၀ က နဲ့ ဆင်ဆင် တူနေတာကို မြင် မိသွားတယ် ။

CEO ကြီးက ၁၃ နှစ်သားမှာ သတင်းစာပို့ ပြီး ၊အသက် ၂၀ကျော်မှာ စစ်မှုထမ်း ခဲ့ သူပါ
၃၀ ကျော် မှ 7/11 ကို ရောက်လာပြီး အဆင့်ဆင့်တက် ကာ ၅၀ မှာ CEO ဖြစ် လို့ နေခဲ့ ပါပြီ။

သူစိတ်ထိခိုက် သွားတာကတော့ Waqad က 7/11 မှာ သူ့ အတွက် အနာဂတ် မရှိဘူး၊ ရှေ့တက် လမ်း မရှိဘူးလို့
ထမင်းဝိုင်းမှာ လက် ရည် တစ်ပြင် တည်းစားနေတုန်း အမှတ်တမဲ့ပြောလိုက်တဲ့ စကားလေးကိုပါဘဲ၊
ပြီးတော့ ပိုလျှံနေတဲ့ မုန့် တွေ ကို မရှိဆင်းရဲသားတွေ ကို အလှူပေးဖို့ စည်းကမ်းချထားတာကို
ဆိုင် မန်နေဂျာတွေ မလိုက်နာပဲသောင်းနဲချီနေတဲ့ ဒိုးနတ် မုန့်တွေ ကို နေ့ စဉ် စွန့်ပစ်နေတာကိုပါမြင်တွေ့ ခဲ့ရတယ်။

၎။နောက် ဆုံး အနေနဲ့ Dallas မြို့ က ကုန်ပစ္စည်းတွေ နေရာတစ်ကျ ပို့ပေးနေတဲ့ ကာဂျစ်စတန်က ရုရှ ကြီး Igor နဲ့
၂ရက် လိုက် လေ့လာခြင်းပါဘဲ..
သူကပျော်ပျော်နေတတ်တယ် သူလဲအလုပ် လုပ်၊ သူ့ မိန်းမ လဲ အလုပ် လုပ်နေရလို့ တစ်ပတ်မှာ
လင်မယား ၂ယောက် ၂ရက်ပဲတွေ့
ခွင့်ရပေမဲ့ သူတို့မိသားစု အမေရိက မှာ အလွန် ပျော် ရွှင်ကြောင်း ကားမောင်းရင်း ပြောခဲ့တယ်။

သူက CEO မှန်းမသိတော့ ဆုံးမ စကားဆိုတယ် မင်းတို့ အမေရိကန် တွေ က တစ်ခြားတိုင်းပြည်ရဲ့
ဒုက္ခတွေ မညီမျှ မှုတွေ ကို မသိတော့ ကိုယ်ရနေတဲ့ နေရာ အခွင့်အရေးတွေ ကို တန် ဘိုးထားရကောင်းမှန်းမသိကြဘူး
ငါတို့လို ဆင်းရဲတဲ့ တိုင်းပြည်တွေ အတွက် အမေရိကန် အိမ်မက် ဟာ တကယ့် ဆုလဘ် ကြီး ပါဘဲ လို့
အားပါးတရ ပြောပြရှာတယ်။

နောက်ဆုံး
တစ်ခြား စက်ပစ္စည်း ပိုင်း Customer Service /Safety ချို့ ယွင်းမှု အပိုင်းတွေ လေ့လာပြီးတော့JOE အိမ်ပြန်သွားခဲ့ပါတယ်။

ဒီလိုနဲ့ ကားအကောင်းစားကြီးတစ်စီးပေါ်မှာ လူလေးယောက် လိုက်ပါစီးနင်းလာကြတယ် ။
သူတို့ဟာရုံးချုပ် ဆီက ဆင့်ခေါ်စာ အရ အကြောင်းတစ်စုံတစ်ရာမှ မသိရဘဲ လိုက်ပါလာကြရတဲ့အတွက်
အလွန်စိတ်ပူနေကြပါတယ်။ ငါအလုပ် ပြုတ်ပြီလား ၊ငါဘာတွေ များအမှားလုပ်ခဲ့မိလဲဆိုတဲ့အတွေးကိုယ်စီနဲ့သူတို့လေးဦးဟာ
CEO Joe ကို တွေ့တော့ မှတ် မိကြပါဘူး ...နောက်တော့ မှ သူက ရည်ရွယ်ချက် တွေနဲ့ သူတွေ့ ခဲ့တာတွေ ကို
ရှင်းပြပါတယ်။ မှတ်တမ်းတွေ ကို လုပ် ငန်း နှစ် ပတ်လည် အစည်းဝေးမှာ Video ပြန်ပြတယ်။
အားလုံး အံ့သြ၀မ်းသာစေခဲ့တယ်။

Dorthy ဒိုရသီ နာမည် နဲ့ Kidney Foundation တစ် ခု ကို USD 150000 နဲ့
Seven Eleven စတိုးတွေ မှာ ပညာပေး ဖွဲ့စည်းပေးခဲ့တယ်။
သူမ ကို ဂုဏ် ပြု တဲ့ အနေနဲ့ ကျောက် ကပ် တစ်ခု ကို လဲလှယ်ပေးတယ်။
သူမ၀မ်းသာလွန်း လို့ ပြောရင်းမျက် ရည် ကျ ခဲ့တယ်။

Phil အတွက် ကြော်ငြာ ဌာနရဲ့ Art and Recreation Section မှာ အကြီးအကဲ အဖြစ်လစာတိုး ခန့်အပ် ပေးတယ်။
သူလဲပျော်လွန်း လို့ Joe ကို ဖက် ငို ရှာတယ်။

ဘွဲ့ ရသွားတာ နဲ့ Waqad အတွက် Outlet ၁၀ ခု ရဲ့ Consultant Manager အဖြစ် ခန့်ခွင့်ပေးလိုက်တယ်။
ပါကစ္စတန်လေး မျက် ၀န်းတွေ ထဲမှာ အနာဂါတ် အရောင်တွေ တောက် ပနေခဲ့တယ်။

ရုရှမ်းကြီး Igor အတွက် သူ့ ကိုယ် ပိုင် 7/11 စတိုး တစ်ခု ကို ဦးစီးစေခဲ့တယ်။
သူတို့ လင် မယား အပန်းဖြေ ခရီး ၂ပတ်စားရိတ် ငြိမ်း လွှတ်လိုက်တယ် ။ပြောရင်း မထိမ်းနိုင်လို့ပြုံးနေရာက
မျက်ရည်ကျ ရှာတယ်။

အဲဒီလို အောက်ခြေသိမ်းလေ့လာရေး တွေ လုပ် အဓိကနဲ့ သာမည တွေ ကို သိတဲ့ ခွဲခြားတတ်တဲ့
အမေရိကန် တွေ ရဲ့ American Dreams အိမ်မက်တွေ ကို အကောင်ထည်ဖော်နေသူတွေ က
သူတို့ ရေးထားတဲ့ "In God we Trust" ဆိုတာကြောင့်ထက်
လူ့တန်ဖိုး လူစွမ်းအား ရိုးသားကြိုးစားမှုတွေ ကိုတန်ဘိုးထားတတ်တဲ့စနစ်တွေ ရှိနေလို့ဆိုတာကို
ဝမ်းသာဝမ်းနည်း မျက် ရည်ကျနေတဲ့ ကာရကံရှင်တွေနဲ့ ပရိတ်သတ် တွေ ကပြသခဲ့ပါတယ်။

ကျနော် ပြောပါတယ် ကျနော် တို့ မြန်မာ နိုင် ငံ က ပြည်သူတွေဟာ အောင်မြင် မှုကို ဆာလောင်နေတယ်။
သူတို့ ရဲ့ အရည်အခြင်းတွေ ကို ပြသနိုင် ဘို့ ကျနော် တို့ အစိုးရက လူုမှန်နေရာမှန် လုပ် ပေးရမယ်။
Talent တွေ ကို မြန်မာပြည် အနှံ့ ကနေ ရှာဖွေ စုဆောင်းရမယ် လေ။

သူတို့ မလုပ် ရင် ကျနော် ကတော့ လုပ် မယ်၊ကျနော့် ရဲ့ Myanmar Dreams တွေ က ချိုမြိန်မလား ကတော့
အိမ်မက် ပြီး မှ ဘဲ သိပါလေတော့ မည်။ (REF : Under Cover Boss)

စေတနာ ဗလပွ ဖြင့်။

ရာစု....

No comments:

Post a Comment