Saturday, April 20, 2013

ပင်လယ် အိမ်မက်ဆိုးများ ။


သင်္ဘောဦးခန်းမှာ ကျနော်ရယ် တတိယအရာရှိ ဒေးဗစ်ရယ် သင်္ဘောသား ဆာဗီရို ရယ်
မှန်ပြောင်းတစ်ယောက်တစ်လက်ဆီနဲ့ နေရာအသီးသီးယူ ရပ်နေကြသည်။

အပြင်မှာလှိုင်းတွေက ပေ ၃၀ အထက် မြင့်လိုက်နိမ့်လိုက်နဲ့ သင်္ဘောကြီးက ရိုလာကိုစတာ
စီးရသလို ထိုးတက်သွားလိုက်ကျ ဇောက် ထိုးကြီး ဆင်းသွားလိုက်နဲ့
တန်ချိန် ၆သောင်း လေးပြီး၊ ပေ ၇၅၀ရှည်ပြီး ပေ၁၀၀ကျယ်ကာ အမြင့်ပေ၁၅၀ ကျော်အမြင့်က သင်္ဘော ဦးခန်းကြီး ခေါင်းစိုက်သွားချိန် မှာ ကျနော် တို့ ၃ယောက် မကြောက်နိုင်ဘူး
သဲသဲမည်းမည်း ရှာနေတဲ့ ရေကြောင်းပြ မော်တော် လေး ရဲ့ လိမ္မော်ရောင် ကိုယ်ထည်ကို ဘွားကနဲတွေ့ လိုက်ရတယ်။

စိတ်ထဲမှာတော့ တွေးမိနေတယ် ..ဒီလောက်ဆိုးဝါးနေတဲ့ လေပြင်းမုန်တိုင်းကြားမှာ ပိုင်းလော့ဘယ်လိုသင်္ဘောပေါ်ရောက်အောင်တက်မလဲပေါ့.
လှိုင်း က ပေ၃၀အထက်ဆိုမှတော့ လေ ကလည်း မိုင် ၇၀ ကျော်တိုက်နေလောက်ပြီ
ပြီးတော့ဒီလိုပြင်းထန်တဲ့လေ သယ်လာတဲ့ ပင်လယ်ရေမှုံ မွှားတွေဟာလဲ မိုးသည်းထန်သလို တစ်ဗြုန်းဗြုန်း နဲ့ သင်္ဘောရှေ့မျက်နှာစာ Superstructure ကြီးကိုလာရိုက်နေလေ သည်။

မြင်ကွင်းရှေ့က မှန်သားတွေ ကိုရိုက်နေတဲ့ မိုးရေမှုံတွေ မှာ ကျနော်တို့အားလုံး အရှေ့လားရာကို အားစိုက်ကြည့်နေရတယ်။

တစ်ချိန်ထဲ မှာ ..ဘယ်ကပေါ်လာမှန်းမသိတဲ့ စကားပြောရေဒီယိုထဲက နေ အရာရှိချုပ်က သတင်းပို့တယ်။
ရေကြောင်းပြမော်တော်ရှေ့ခန်း မှာရေတွေ ခဲ ပြီး ဦးခေါင်းစိုက် ပြီး နစ် မြုပ်နေတယ်။

ကျနော် တို့ အရှေ့မှာလဲ ပင်လယ်ရေတွေ ခဲနေပြီ တဲ့၊
အေးလွန်း တဲ့ အတွက် ပင်လယ်ရေတွေဟာအပေါ်ယံအေးခဲတတ်သလို ၊
သင်္ဘောသံထည်တွေ နဲ့ တွေ့ တာနဲ့ အဆိုင်အခဲတွေ ချက်ခြင်းဖြစ်သွားတဲ့သဘောတွေ၊ပြင်းထန်လွန်းတဲ့ မုန်တိုင်းများ၊
အေးခဲလွန်းတဲ့ ရာသီဥတု၊ အစရှိသော သဘာဝဘေး တွေ နာရီ ရာသီတွေ ကို ကြိမ်ဖန်များစွာ ကျနော် တို့ ကျော်ဖြတ် ဖူးလေသည်။

ဒီနေ့ အဖြစ်က နဲနဲတော့ လွန်လွန်းနေသည်၊မဖြစ် နိုင် ဒါက အိမ်မက် ပဲဖြစ်ရမယ်ဟု တွေးမိသည်။
ငါ့သင်္ဘောနောက်ဆုံး Cape Town မှာ ၀င်ကပ်နေတာ ဟု အိမ်မက်ထဲတွင်သတိရကာ ကျနော် မျက်လုံးပွင့်သွားလေ သည်။

စိုးရိမ်ကြောင့်ကျမှုကြောင့် ရင်ထဲမောပမ်းနေ ဆဲ ၊အသက်ကိုဝအောင်ရှုပြီးမှ ဘေးက စားပွဲတင်နာရီကို လှမ်း ကြည့်တော့ ည ၂နာရီ ခွဲသာ ရှိနေသေးသည်။

ငါအိပ်ရာဝင်တာ က သန်းခေါင်လောက် က။ FB မှာ အမေစု အတွက် တောင် တတ်နိုင်သမျှ Vote ၀င် လုပ် ခဲ့သေးသည်။

အင်း ...တကယ်တော့ ညနေက သင်္ဘော Cape Town ဆိပ် ကမ်း အ၀င် မှာ အခက်ခဲများစွာကြုံသည်။
လေပြင်း မိုးနှင်းတွေကြားထဲမှာ သင်္ဘောကြီး အသည်းအသန် ကြိုးစား ပမ်းစား ဆိပ်ကမ်းကပ် ခဲ့ရသော အတွေးတွေက အိမ်မက်ထဲ အထိလိုက်နှောက်ယှက်နေခြင်းပင်။

မနေ့ က မနက် ၁နာရီ တွင် တောင် အာဖရိကနိုင်ငံ Cape Town မြို့ ဆိပ်ကမ်းရုံး ကိုကျနော် တို့ သင်္ဘောဝင်ရောက်လာကြောင်း
သတင်းပို့တော့ သူတို့က အဆင်ပြေသောနေရာတွင် ကျောက်ချ ခိုင်း၍ မနက် ၄ နာရီ ခန့် က
No.4 Anchorage တွင် ကျောက်ချ ရပ် နားခဲ့ပါသည်။

နေ့လည် တွင် လေပြင်းတိုက် လာသော်လည်း သင်္ဘော ကမ်းကပ်ရန် အမိန့် ကျ လာသဖြင့် ကျောက်နှုတ်ရသည်။
ထို့နောက် အထွက် သင်္ဘောနှင့် ပါလာမည့် ရေကြောင်းပြကို သင်္ဘော ကြီး ရေလည် ခေါင် မှာ မျှောနေရင်းစောင့်စားနေစဉ်

လေတိုက်နူံးက မိုင် ၃၀ နားကပ်လာလေပြီ ။ သင်္ဘောအားတွန်းထိုးမည့် အကူ Tug Boat အား agent က ပုံမှန်
၂စီး သာ မှာ ပြီး၊ နောက် တစ်စီး လိုအပ် ပါက ၁၂နာရီ ကြိုတင် အကြောင်းကြားရမည်ဆိုတော့၂စီးနဲ့သာစခန်းသွားရတော့ ပေမည်။

(အရင် နှစ် က Cape Town မှာ Force 8 ရှိသော လေမုန်တိုင်း နှင့် ကြုံ ခဲရာ သေဘေးမှ သီသီလေးလွတ် ခဲ့သည်။
၅ရက် ခန့်သေလု မြောပါး မုန်တိုင်း မိနေခဲ့တာ ကို သေသည့် အထိ မေ့မည် မထင်၊
ဒီကြားထဲ ရုံးက ကောင်တွေ ဘုဘမသိ သင်္ဘောနောက် ကျ ရကောင်းလား ပြောသဖြင့် ရုံးမှ အကြီးဆုံးလဒ နဲ့ ရန်ဖြစ်ရသေးသည်
ကြောင်း Cape Town ကို ကျနော် မမေ့နိုင်)

ကျနော့် သင်္ဘောက ရေကြောင်းပြ စောင့်နေရင်းနှင် လေအရှိန်နဲ့ ကန့်လန့်မျှောလေသည် ထို အချိန်တွင်
သင်္ဘော သည် အရှိန်သေကာ Momentum မရှိတော့လေသဖြင့် လွန်စွာထိန်းရခက် သည်ကိုသူကြီး များသာ သိနိုင်၏

ရုတ်တရက် ပြင်းထန်လာသော လေပြင်းကြောင့် လှိုင်းတွေ ကြီးလာရာ
ရေကြောင်းပြ ခင်ဗျာ အခက်တွေ့နေရှာပြီ၊ ကျနော် လဲ သင်္ဘော ကြီး ကို အတင်း ဆွဲ လှည့် ကာ သူလှေကားပေါ်ခုန်တက် နိုင် ရန် လေကိုကွယ်ပေးရသည်၊ တစ်ဆက် ထဲမှာ ဆိပ်ကမ်းအ၀င် Channel ထဲ ကို အရှိန်တင်ပြီး ခေါင်းတည်
ဝင်ရတော့ မည် ဖြစ်သောကြောင့် တစ်ချက် အမှားမခံ သော မိနစ်များဖြစ်သလို ဦးနှောက် ကို ဇယ်ဆပ်သလို စနစ်တကျ အစီစဉ်တွေ ချကာ တစ်ခုခြင်း Execute လုပ်ရသည်။
ဦးခန်းမှာ က ကိုယ် နှင့် တက်မကိုင် ၂ယောက် ထဲ ။

အခက် ခဲတွေ ကြားမှ ဘဲ ရေကြောင်းပြ သင်္ဘောပေါ်ရောက်လာသည် သူလဲ အမောတောင် မဖြေ နိုင် ပါ။
သူသာလမ်းမှ ခလုတ်တိုက် လဲ ၅မိနစ်နောက် ကျလျင်တောင် ကျနော် တို့ သင်္ဘော ရေကာတာကို ၀င် တိုက် နိုင်ပေ၏။
Time and Precision က လပေါ် လူလွှတ် သလို တိကျ ရမည့် အခြေ အနေ များပင် ဖြစ်လေသည်။အမှားမခံ ပေ ။

ရေကြောင်းပြသည် အသက်ကြီးကြီး အဖိုးကြီး အတွေ့အကြုံရင့်ကျက်သည်ဆိုပေမဲ့ ကိုယ့်သင်္ဘော အကြောင်း ကိုသာအသိဆုံး
ရောက်လာကတည်း က သူလုပ်သမျှ မျက်စေ့ဒေါက်ထောက်ကြည့်နေရသည်။

ဆိပ်ကမ်းအ၀င်ဝ သည် ဗျက်ကျယ်သောကျနော့်သင်္ဘော အတွက် ကျဉ်းလွန်းသလို အတိမ်းစောင်းမခံပါ
လေပြင်းကို Counter လုပ် ကာအရှိန်တင် ပြီး တစ်နာရီ ၇ မိုင် နှူံး ဖြင့် ရေကာတာ Break Water ထဲ ၀င်ပြီး အထဲရောက်သည် နှင့် အင် ဂျင် ကို နှောက် ပြန် အကုန် ဆွဲ ကာ ရပ်တံ့ရပေမည်။

အင်ဂျင် အနောက် ဆွဲနောက်ကျသည် (သို့) ရုတ်တရက် မစ နိုင်လျင်
အရှေ့ကို ၀င်ကြုံးမည် စက်ပစ္စည်းဆိုသည်က ပျက်တတ်လေသည်။ ဘုရားတနေရ၏

လေပြင်းကလဲ သင်္ဘောထုထည် ကြီးကို ကန့်လန့် ဖြတ်တိုက်နေရာ ဘေးတိုက် ရွေ့နေသဖြင့်
တွဲသင်္ဘော ၂စီး မှာလည်း တန်ပြန် စက်ကုန်ရုန်း က အသားကုန်မောင်းတင် တွန်းနေကြရပြန်သည်။

မိုးကသည်းထန်စွာရွာနေသည်။ လူ တွေ အားလုံး ခိုက်ခိုက်တုန်အောင်ချမ်းနေကြသည်၊
အိပ်ရေးမ၀၊ထမင်းမစားကြရသေးပါ (ကျောက်တင် ရသည် ရေကြောင်းပြ တက် ရန် လှေကားပြင်ဆင်ရသည်)
ကမ်းကပ်ရန် စက်များကြိုးများ ရှိသမျှလူ ၄-၅ ယောက်ထဲ နဲ့ မိုးထဲရေထဲ အပြေးလွှား အချိန်ကိုက် လုပ်ကိုင်နေကြရလေသည်။

မြင် ကွင်း က မသဲမကွဲ ၊ ချည်ရမည့် ကြိုးတွေက ရှေ့ ၆ ချောင်း၊နောက် ၆ချောင်း လူက ရှေ့မှာ လေးယောက် ၊နောက် မှာ ၃ယောက်ထဲ ၊သင်္ဘောသားမှာ ငပေါ တစ်ကောင်မှ မပါ တာ ကတော့ သေချာလေသည်။
အန္တရယ်တွေ များရုံမက ဘယ်သူမှမှား၍ မရပါ ။ တစ်ယောက်ယောက် က တစ်ချက် လွဲသည်နှင့် သင်္ဘော အန္တရယ် အတိ ဖြစ်ပေမည်။

ကျနော် တို့ အတွက် အလွန် ခက်ခဲသော နာရီ များဖြစ်ပါသည်။
ကျနော့်မျက်လုံးတွေ က ဒိုင်ခွက် များစွာကို ကြည့်နေရသည်။

သင်္ဘောအောက်မှ ရေအတိမ် အနက် သင်္ဘော၏ အရှိန် အရှေ့ ဘေး ဦးတည် ရာ ၊
လေပြင်း လာရာ နှင့် တိုက် ခတ် နုံးထား ၊ သင်္ဘော အရှေ့နှင့် အနောက်မှ အရာရှိ ၂ဦး၏ သတင်းပေးပို့မှုများ ရေကြောင်းပြနှင့် ဆွဲသင်္ဘောများ ၏ လှုပ်ရှားမှု များ ၊ အာရုံ ထွေပြားခွင့် မရှိပါ။

ရေကြောင်းပြ နှင့် ကျနော် လည်း ပြေးလွှားနေရသည် ၊
သူ က ကမ်းနားမှ သတင်းပို့နေသူများနှင့်လည်းအဆင်မပြတ်အာရုံအလွန်များနေစဉ်
လေ တိုက် နုံးက မိုင် ၂၀ မှ ၃၀ ကို တိုးလာသည် ဖင်ပိုင်းဒရွတ်တိုက် ဆွဲသလို လည်သွားရာ
ဘယ်ကို ရွေ့သင့်ပါလျက် ညာကိုရွေ့နေသည် ။ ကျနော် ရေကြောင်းပြကို လှမ်းအော်သည်။

အန္တရယ်အငွေ့အသက် သူသိ လိုက် သည် ၊ ရယ်မနေနိုင်တော့ ပေ ၊ ဆွဲသင်္ဘောကို ရှိသမျှ အားသုံးက တန်ပြန် တွန်းခိုင်းရင်း ကျနော်ကလဲ Stern Thruster ကို ဘယ်သို့ အဆုံး သုံးရလေသည်။

လေထပ်မတိုးလာမှ ခံသာမည် ဘုရားစာ ရွတ် ရင်း ဒိုင်ခွက် ကို ကြည့်နေရသည်။
မဟုတ် လျင် ၅မိနစ် အတွင်း တိုက်တော့မည်ဖြစ် ၏ ၊ သဘာဝ နှင့် လူ လွန်ဆွဲနေကြသည်၊
မိုးရွာထဲမှာဇောချွေးပျံနေကြသည်။လေက နည်းနည်း ထိုး အကျ သင်္ဘောက ဘယ်ကို စရွေ့လေမှ သက်ပြင်းချ နိင်လေ၏။

သည်လိုနဲ့ ရှေ့တိုးရင်းနောက်ဆုတ်ရင်း ကြိုးတွေ တစ်ချောင်းပြီးတစ်ချောင်း ကမ်းဆီ ရောက်လေ မှ ချည်တိုင်မှာ နွားကိုအကျ အနချည်သလို သင်္ဘော ကြီးအား မလှုပ် နိုင်အောင် ချည်တုတ် ထားလိုက်ရလေတော့သည်။

ကျနော့် ဘ၀ တွင်
သင်္ဘော ကြီးမောင်းသူမဲ့သော ဦးခန်း ကို ရုတ် တရက် ရောက်သွားကာ
မြစ်ချောင်း အင်းအိုင်တွေထဲ မမြင်မကမ်းနဲ့မောင်းနေရခြင်း၊
သင်္ဘောအရှိန်ပြင်းစွာ လည်ပတ် ရင်း တိုက်တော့မလိုလို သင်္ဘောများစွာ အား ဆိပ်ကမ်းတွေ ထဲ ကွေ့ပတ်ရှောင်ရခြင်း
သင်္ဘော သောင်တင်ခြင်း၊ သင်္ဘော တိုက်ခြင်း၊ သင်္ဘော မီးလောင်ခြင်း အစရှိသော အိမ်မက် ဆိုးများစွာအား မကြာခဏ မက်ခဲ့ဘူးလေ၍
စိတ်နှလုံး ထိခိုက်စရာ အကြောင်းများ ဖြစ်ခဲ့တာများလာတော့ ၊
ဒါတွေဟာ အိမ်မက် မက်နေတာ လို့ ၊ အိမ်မက် ထဲမှာ အသိဖြစ်ပေါ် လောက်အောင်ပင် ကျင့်သားရလာခဲ့ခြင်း လဲဖြစ်လေသည်။


Yar Zu

No comments:

Post a Comment