Tuesday, April 23, 2013

အင်တာနက်အသုံးကောင်းသူ ( ကိုယ်တွေ့ ပေတလောကဇာတ်လမ်း )


Facebook မှာ ပေတလောကစိတ်ဝင်စားသူများဆိုတဲ့ Page ကို ဖတ်မိရင်း ကျွန်တော့် ဖြစ်ရပ်မှန်အတွေအကြုံလေးတစ်ခုကို ပြန်ပြောပြချင်လာမိတယ်..

ကျွန်တော်ကိုယ်တိုင် သင်္ဘောလိုက်ရင်း တွေ့ကြုံခဲ့ရတဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတစ်ခုပါ.. ကျွန်တော့်ကို သင်္ဘောကလူတွေအားလုံးက O Ye’ လို့ခေါ်ကျတယ်ဗျ.. crew list မှာ last name ကို ရှေ့ ဆုံးမှာထားလေ့ရှိတော့ ဖိလစ်ပိုင် နဲ့ ယူကရိန်းသင်္ဘောသားတွေက သူတို့နှုတ်ကျိုးသလို ခေါ်ကျတာပါ.. ကျွန်တော့်သင်္ဘောမှာ မြန်မာဆိုလို့ ကျွန်တော်အပါအ၀င်မှ ၂ယောက်ပဲရှိတယ်.. သူငယ်ချင်းနာမည်က ဟိန်း.. ကျွန်တော့် သင်္ဘောနာမည်က Samskip Courier ဆိုတဲ့ ကွန်တိန်နာသင်္ဘောတစ်စီးပါ.. ဖြစ်ရပ်က အင်္ဂလန်နိုင်ငံ ဟားစီးတီး (Hull City) က seaman club မှာစခဲ့တာပါတယ်..

 ၂၀၁၀ရဲ့ နွေဦးရာသီတစ်ခုမှာပေါ့.. အဲဒီနေ့က သင်္ဘောက Hull ကို ညနေ ၃နာရီလောက်မှာ alongside (ဆိပ်ကမ်းကပ်) ပီးပါတယ်.. နောက်နေ့မနက် ၃နာရီမှာ နယ်သာလန်ကို ပြန်ထွက်ရမယ်.. ကျွန်တော်တို့ duty က ညနေ ၆နာရီမှာ ပီးတော့ ခဏနား ရေချိုး ထမင်းစားပြီးတော့ ည၈နာခွဲလောက်မှာ seaman club ကို အင်တာနက်သုံးဖို့ စက်ဘီးတစ်ယောက်တစ်ဘီးယူပီးထွက်လာခဲ့တယ်.. ၈း၃၀ ဆိုပေမယ့် England မှာက နွေဦးရာသီဆိုရင် ည ၁၀နာရီလောက်မှ နေစ၀င်တော့ ညနေစောင်းပဲရှိသေးတယ်ထင်ရတယ်..

ကျွန်တော်တို့သင်္ဘောမှာ စက်ဘီး၃ဘီးထား ထားတယ်ဗျ.. တစ်စီးက Capt စီးတယ်.. ကျွန်တော်တို့လည်း seaman club ရောက်တော့ ၉နာရီလောက်ရှိနေပီဆိုတော့ staff တွေမရှိကျတော့ဘူး.. ဒါပေမယ့် အင်္ဂလန်မှာက main door ကို door code သိရင် ဖွင့်ပီးဝင်လို့ရတယ်.. Hull ကို ၀င်နေကျသင်္ဘောတွေကို door code တွေ crew mess room မှာကပ်ထားလေ့ရှိတယ်ဗျ.. ကျွန်တော်တို့ နှစ်ယောက် seaman club ထဲရောက်တော့ အင်တာနက်သုံးတဲ့အခန်းထဲမှာ ကုလားနှစ်ယောက်လည်း အင်တာနက်သုံးနေတော့ အဖော်ရှိတာပဲဆိုပီး ကျွန်တော်တို့နှစ်ယောက် download တွေဆွဲ facebook တွေ check နဲ့ အလုပ်စရှုပ်တော့တာပဲ.. ၁၀း၃၀ လောက်ကျတော့ ဟိန်းက ၁၂နာရီ duty ၀င်ရမှာမို့ သူခဏနားချင်သေးတယ်.. အရင်ပြန်နှင့်မယ်ဆိုပီးပြန်သွားတယ်.. သိပ်မကြာဘူး ကုလားတစ်ယောက်လည်း ထပြန်သွားတယ်.. ကျွန်တော်လည်း download ဆွဲတာ မပီးသေးတာနဲ့ အဖော်လည်း ၁ယောက်ရှိသေးတယ်ဆိုပီး နေခဲ့တယ်..

ည၁၁နာရီကျော်လောက်ဖြစ်မယ် ကျွန်တော်လည်း youtube က mtv တစ်ခုကြည့်နေရင်း အင်တာနက်သုံးနေတဲ့ကုလားက toilet ထသွားတယ်.. laptop ကိုလည်း ဖွင့်ထားခဲ့တော့ သူပြန်လာမှာပဲဆိုပီး ကျွန်တော် ဆက်ကြည့်နေတာပေါ့ဗျာ.. toilet ရှိတဲ့ဘက်နဲ့ Main door ကြားမှာ အင်တာနက်သုံးတဲ့အခန်းရှိတာဆိုတော့ သူပြန်မယ်ဆိုရင် Laptop ကိုသိမ်းပီး ကျွန်တော့်နောက်ကဖြတ်သွားပီးမှ သူပြန်လို့ရမှာလေ..

 Youtube က Mtv တွေ တခုပီးတခု ကြည့်လိုက် down လိုက်နဲ့ အလုပ်ရူပ်နေရင်း တခါးပိတ်သံအကျယ်ကြီးကြားလိုက်ရတယ်.. earphone နဲ့နားထောင်နေတာတောင် အကျယ်ကြီးကြားလိုက်ရတယ်ဆိုတော့ဘယ်လောက်တောင်အသံကျယ်မလဲ စဉ်းစားကြည့်ဗျာ.. ပီးတော့ ရေစွဲသံကြားရတယ်.. ခဏနေတော့ တံခါးပိတ်သံ နောက်တစ်ခါကြားရတယ်.. ရေစွဲသံနောက်တခါကြားရပြန်တယ်.. အဲဒီအချိန်ဘေးကိုကြည့်လိုက်တော့ ဟိုကုလားရဲ့  Laptop ကမရှိတော့ဘူး.. ဘယ်အချိန်ထဲက ထပြန်သွားလည်းမသိဘူးဗျာ.. ကျွန်တော်လည်း အရမ်းလန့်သွားပီး Laptop သိမ်းပီး ပြန်ပြေးမယ်အလုပ် ချောင်းဆိုးသံ သဲသဲကွဲကွဲကြီးကို ကြားလိုက်ရတယ်.. သေချာတယ်.. မလွဲဘူးဗျာ.. ကုလားကောင်တော့ သူ့laptop ကျွန်တော်ယူမှာဆိုးလို့များ သိမ်းပီး အိမ်သာတက်နေသလားလို့ အားတင်းလိုက်တယ်.. ပီးတော့ toilet ရှိတဲ့ဘက်ကို ကျွန်တော် ဖြေးဖြေးချင်းလျှောက်သွားပီးကြည့်လိုက်တော့ အိမ်သာအခန်းကြီးကဖွင့်လျက်သား.. မီးက လင်းလိုက်မှိတ်လိုက်နဲ့ဖြစ်နေတာကို မြင်တော့ ကျွန်တော်ကြောင်တောင်တောင်ဖြစ်သွားတုန်း အိမ်သာတံခါးက ဂျိန်းခဲဆို ပိတ်သွားတော့တာပဲ!!! ကျွန်တော်လည်း ချက်ချင်းကိုထွက်ပြေးတော့တာပဲဗျာ.. သင်္ဘောပေါ် ဘယ်လိုပြန်ရောက်လာမှန်းကို မသိတော့ဘူး.. 

သင်္ဘောထွက်တော့ forward မှာ station ယူရင်း ဖိလစ်ပိုင် Bosun ကို အဲဒီအကြောင်းပြန်ပြောပြတော့မှ Hull City ရဲ့ ဆိပ်ကမ်းနေရာက သချိ င်္င်းကို ဖျက်ပီးထပ်ချဲ့ ထားတာဖြစ်ကြောင်း.. ညဘက်ဆိုရင် သရဲခြောက်တယ်ဆိုတဲ့ သတင်းတွေ crew တွေဆီကနေ မကြာခဏ ပြန်ကြားရကြောင်း ပြန်ပြောပြတယ်.. အော်.. သေချာပါတယ် စီနီယာမြန်မာ သင်္ဘောသားတွေဆီကပဲ ပြန်ကြားရမှာပါ.. သူတို့ဖားတွေက ကြိုသိပီး မသွားတော့ ဘယ်ပြန်ပြောပါ့မလဲဗျာ.. xD

အင်တာနက်အသုံးကောင်းသူ
Ye Frankly Man Oo ( MSU @FB Member )

No comments:

Post a Comment