Friday, April 26, 2013

ပင်လယ်အဆွေခင်ပွန်းတို့ အကြောင်း...


ကျနော်က ပင်လယ်ထဲနေတော့ ဇတ်တူသားမစားဘူးဗျ။
အရှင်ဖမ်းပြီးသတ်မစားတာကိုပြောတ
ာပါ၊ ရေထဲက ပစ္စည်းတွေ ကိုချစ်တတ်အောင်နေရတယ်။
ဝေလငါးတွေ ကတစ်ကောင်နဲ့တစ်ကောင် သမုဒ္ဒယာတစ်ခုကနေတစ်ခုကို(Wailing) အော်ပြီးပြောကြ`ဆက်သွယ်ကြတယ်
ဟိုမှာဂျပန်ငပု တွေ တို့ ကို လာသတ်နေပြီလွတ်အောင်ပြေး အချစ်ရေပြေး ပေါ့ဗျာ။
Legend အရတော့ တစ်ခြား ဂြိုလ်ကတောင်ကြားရတယ်ဆိုဘဲ။
ပင်လယ်ထဲရေ မှုတ်နေတာ ခဏခဏတွေ့ပါ တယ် ပစိဖိတ် နဲ့ အတ္တလန်တိတ် တွေ မယ်တော့ ပိုများတယ်။

လင်းပိုင်တွေကျတော့ လူတွေထက် IQ မြင့်တယ် ။

လူတွေ ကိုသူတို့က ဒင်းတို့ အိမ်မွေးတိရိစ္ဆာန်အလားထင်ကြတာလေ
..
ကျနော်က တော့ အုပ်စုလိုက်ပြေးလာတာမြင်ရင် လှမ်းအော်ခေါ်တယ် သူတို့က ဝေလေလေ တွေ ဗျ၊
သင်္ဘောဦးက ရေခွဲတဲ့ Bulbous Bow ကို သူတို့ ဘိုးအေကြီးရေကူးနေတယ်ထင်တာ ဘယ်ကနေညာ ၊ညာကနေဘယ်
တစ်ကောင်တစ်လှည့် စီ ခုန်ကူးပြနေတာကို ကျနော် က အပေါ်ကကြည့်နေရတာ တရုတ်တွေ ဂျွမ်းဘားကစားထာထက်ပိုလှသေးတယ်။

Hooligan တွေ လားမသိပါဘူး တွေ့လိုက်ရင်ဟေးလားဝါးလားနဲ့ ၊

ဒီကောင်တွေ က Two and half men က Charlie Sheen လိုပြုံးတတ်သေးတယ် ပြီတီတီနဲ့
လင်းပိုင်တွေ က လိင်ကိစ္စ ကိုယ့်ဘာကို အာသာဖြေနိုင်သလို၊ လိင်တူလဲဆက်ဆံတတ်တယ်ဆိုဘဲ ဖတ်ဖူးတာလေးတွေ ပြောပြတာပါ။

မိချောင်းကတော့ ရှားပါတယ်ဗျာ။

Australia NewCastle နား ကျောက်ချထားတုန်းက တစ်ခါတွေ့တယ်၊ အပျော်ရေဆင်းကူးမဲ့အတွေးတွေ တောင် ပျောက်ကုန်တယ်။

၂၀၀၀ ခုနစ်လောက်က New York အ၀င် Newark နားက ရေဘော အချက်ပြတိုင်ကြီးမှာ ဖျံ ကြီးတစ်ကောင်

နှစ်တော်တော်ကြာကြာနေခဲ့ဘူး တယ်။

သူတစ်ကောင်ထဲ ရေဆင်းကူးလိုက် အစာရှာလိုက် နေပူဆာလှူုံလိုက်ပါဘဲဗျာNew york Times ထဲမှာတောင်ပါတယ်။

အ၀လွန်နေလို့ ဆေး ကုပေးရသေး ဆိုဘဲ။

ကျနော်တို့ သင်္ဘော ၃ -၄ ခါဖြတ်သွားတော့ လှမ်းတောင်စသေး ဖက်တီး က သူကိုယ်သူ Miami ကမ်းခြေမှာ

စော်တွေ နဲ့ နှပ်နေတယ်များထင်လားမသိ ဂရုတောင်မစိုက် ဘူး။

မနေ့ က Chile နိုင်ငံ ရဲ့ Iquique မြို့ ကလေး ကို ကျနော်တို့ သင်္ဘောရောက်ပါတယ်။

ညက သင်္ဘော ကပ်တယ် မနက် ရေဆူး ဆင်းကြည့်တော့ ကိုရွှေ ဖျံ မိသားစု သင်္ဘော ရေခွဲတဲ့
Bulbous Bow ပေါ် နေပူဆာ လာ လှုံနေကြပါရောလားဗျာ။

ငါးတွေ ကလည်းအောတိုက်နေတာ လေ။ သင်္ဘောက ကျွန်းသား ဖားတွေ (ဖိလစ်ပီနိုတွေ) ငါးမျှားတာ အရေးမကြီးဘူး

သင်္ဘော ၆ ပြသနာတက်ရင် မင်းတို့နောက် ဆိပ်ကမ်း ဘယ်သူမှ ကမ်းမဆင်းရဘူးဆိုတာနဲ့ မမျှား ရဲကြတော့ ဘူး ။
အဲလိုလဲခြောက်ထားဦးမှ ဟ။

ကျနော်တို့ က ဖျံမိသားစု ကို ချစ်လို့စကြ ၊ဓါတ်ပုံ ရိုက်ကြ တာတောင် ဒင်းတို့ က ဂရုမစိုက်ဘူးဗျ။

စစခြင်းနေ့ က ၆ ကောင် နောက် ပိုင်းမှာတစ်ကောင်ထပ်ရောက်လာတော
့ Lucky Seven လို့ ပေးထာတယ်။
နောက်ဆုံး နေ့လည်လောက်မှာ အငယ်ဆုံးလေးတစ်ကောင် ထပ်ရောက်လာပြီး မရရအောင် အပေါ်ဖက်တက်တယ်။
Lucky Seven ကနေ တစ်ကောင်တိုး ၈ကောင်ဖြစ်သွားတော့ ပေါ့ဗျာ။

သင်္ဘောထွက်တော့ ကြိုးတွေ စလျှော့ပြီး လှုပ် လှုပ် ရှားရှားသံတွေ ကြားတော့ မှ တစ်ကောင်ပြီးတစ်ကောင် ရေထဲ လျှောဆင်းပြီးကမ်းပေါ်

ပြန်တက် သွားကြလေရဲ့။အဲလို ထူးထူးဆန်းဆန်းလေးတွေ လဲ ကြုံတတ်တော့ သင်္ဘော လိုက်ရတာ ဂုဏ်ယူရပြန်တယ်လေ။

ရာစု

No comments:

Post a Comment