Friday, April 19, 2013

ပင်လယ်ပျော် အလွမ်း...


အနားသတ်မရှိတဲ့ မိုးကုတ်စက်ဝိုင်းအောက်..

အချိန်ပင်လယ်ဒီရေတိုက်စားခံရင်း...

လေပြေနုလို မင်းအချစ်ထဲ...

ပျော်ဝင်တတ်ခဲ့ပြီ ချစ်သူ။

ခန့်မှန်းမရတဲ့ ပင်လယ်လို မာယာအောက်..


မုန်တိုင်းဆိုတဲ့ လှည့်ပတ်မှုကြား..


လေနီကြမ်းလို ရက်စက်မှုထဲမှာ....


ပစ်ချထားခဲ့တာ နင်ပါ....ချစ်သူ။


ဒါပေမဲ့..


ပင်လယ်လို မင်းအချစ်တွေလောက်တော့


ငါ့ရင်မှာ မလွမ်းလောက်ပါဘူး....ချစ်သူ။

Kyaw Thu Htun

No comments:

Post a Comment