Monday, April 22, 2013

တစ်ခါက...ပင်လယ်လမ်းမှာ။



အိမ်မက် မဟုတ် ဖူး ...
တကယ်ပါ
ငါဟာ
မင်းဘ၀လေးရဲ့
မီးပြတိုက် တစ်ခု
ဖြစ်ခဲ့ ဘူးလေရဲ့..

ဒါပေမဲ့

အခု
မီးဇာ ကုန် သွားပြီ...
မီးပြတိုက်..
မီးပျက်နေခဲ့ဘီ

မီးသီးတွေကျွမ်း
ဆေးရောင်တွေ ပြယ်
ပင့်ကူမျှင်တွေ တွယ် လို့ ပေါ့

ဘယ်သူမှလဲ မမြင်
လာလဲ မပြင် တော့ပါဘူး။

မီးပြတိုက် ရှိမရှိ
ဘယ်သင်္ဘော မှ လဲ
ဂရုမစိုက် မကြည့်တော့ ပါဘူး

GPS တွေ
Satellite တွေ
Ecdis တွေ Radar တွေ နဲ့
ကွေ့ပတ် ရှောင် လွှား
ခရီးဆက် သွားနေကြ လေရဲ့

မင်းရော
တစ်ခြားသင်္ဘောတွေ ရော
နောက် ဆုံး
ကြယ် မှုံတွေ ကပါ
မှောင်နေတဲ့ ..ငါ့ဘဝ
အရောင်ပြယ်တဲ့ ငါ့အလှကို
ရာဇ၀င် အို ကြီးလို
ဖြတ်ကျော် သွား
မီးခိုးတွေ ထား
လက်တောင်
ပြမသွားတော့ဘူး...မဟုတ်လား

ဒါ
အိမ်မက် မဟုတ်ခဲ့ဘူး
တကယ်..

တစ်ခါ ကတော့ ငါရှိခဲ့တယ်..
အင်း
(မောင်ဟာကျမဘ၀လေးရဲ့ မီးပြတိုက်တစ်ခုတဲ့)။


ရာစု

No comments:

Post a Comment