Wednesday, May 15, 2013

သင်တန်းကျောင်းများ...သူဌေး..ဖြစ်နေပြီ..(၂)


ရုပ်က..ရှူးသိုးသိုး..စကားပြောရင်လည်း..ဒေါင့်မကျိုးတဲ့..လေသံနဲ့..ကျောင်းဆရာကို..ခင်တဲ့..တစ်ပည့်..အချို့ လည်း..ရှိပါတယ်..။ သူတို့က..ဆရာ..ကျွန်တော်တို့..3E (တတိယအင်ဂျင်နီယာ) စာမေးပွဲ..အောင်သွား ပေမဲ့..လက်တွေ့.မှာ...အားနည်းပါတယ်..။

(မှတ်ချက်။ လက်တွေ့..အားနည်းသည်မှာ..Sea time နည်းခြင်း.၊ အခြေခံအားနည်းသဖြင့်.Onboard ပေါ်.လေ့လာရာတွင်.. ခရီးမတွင်ခြင်း..များလည်း..ပါ.ပါသည်..။) ဆရာ..သီအိုရီတင်မက..လက်တွေ့လေးပါ..သင်ပေးနိုင်ရင်..သင်ပေးပါလား..ဆရာ..လို့..မကြာခဏ..ပြောကြတာနဲ့..၊ လက်တွေ့..မျက်မြင်..သင်ပေးနိုင်ဘို့..စိတ်ကူး..သို့မဟုတ်..စိတ်ရူး..စပြီး..ပေါက်ခဲ့ပါတယ်..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စိတ်ကူး..ထဲမှာ..ဘယ်လို..သင်မယ်လို့..စိတ်ကူး..ဖဲရိုက်တုန်းက…ဖြူးနေပေမဲ့..၊ လက်တွေ့မှာ..သင်ထောက်ကူ..ပစ္စည်းတွေ..ရှာရတာ..၊ တော်တော်..အခက်အခဲရှိပါတယ်..။ အရှေ့တောင်အာရှ..သဘောင်္လောက..မှာ..ရှေ့ဆောင်ခဲ့ပြီးမှ..နောက်ကျန်နေခဲ့တဲ့.ကျွန်တော်တို့...နိုင်ငံမှာ..နိုင်ငံခြားသွား..သဘောင်္တွေမှာ..အသုံး ပြုတဲ့..စက်ကိရိယာ.တွေ.ကို..အလွယ်တစ်ကူ..၀ယ်ဘို့.. .ရဘို့.နေနေ သာသာ..၊

တကယ့်သဘောင်္မှာ..အသုံးပြုတဲ့..ပရက်ရှာဂိတ်လေး..တစ်ခု..၊ အပူချိန်ပြ..သာမိုမီတာလေး.. တစ်ခု.. ရအောင်တောင်..တော်တော်..၀ီရိယ..စိုက်ရပါတယ်..။

ပုဇွန်တောင်..ကြက်တန်းနဲ့..တောင်ဒဂုံ..တစ်ခွင်မှာ..ပြဲပြဲစင်အောင်..လူးလားခေါက်ပြန်..လူမော..စိတ်မော..ရှာရပါတယ်..။ ရှေးဟောင်းပစ္စည်းရှာ..ရသလိုပါဘဲ..။ ရေကြောင်းဆရာ..ရဲ့..အသားတော်..ညိုပြာညှက်ကလေး..ကလည်း..မဟူရာသွေး..မဟူရာရောင်..တောက် ပြောင်လာခဲ့ပါတယ်..။

မြန်မာ့..အိမ်နီးချင်း..ဘင်္ဂလားဒက်ရှ် နဲ့..အိန္ဒိယမှာ..ကမ္ဘာ့အကြီးဆုံး..သဘောင်္ဖျက်..လုပ်ငန်းတွေရှိလို့.. ပစ္စည်း အကောင်း.အဟောင်းလေးများကို..သင့်တင့်တဲ့..ဈေးနှုန်းနဲ့..၀ယ်လို့..ရ.ချင်..ရမှာဘဲ.လို့...ထင်ခဲ့ပေမဲ့..၊ စက်ပစ္စည်းအဟောင်းများ..တင်သွင်းရာမှာ.ကုန်သွယ်ရေး..မူဝါဒ.၊ အကောက်ခွန်စည်းကြပ်မှု..အကန့်အသတ်. .အခက်အခဲများ..ရှိကြောင်း..လေ့လာမှတ်သား..ဗဟုသုတ..ရရှိခဲ့တဲ့..အတွက်..

ပုံပြင်ထဲမှာ..အတွေးကို..ထားခဲ့ရပါတယ်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပြည်တွင်းမှာ..၀ယ်ရတဲ့..အနေအထားကလည်း..လိုအပ်တဲ့..အခါ.အမှိုက်ကို...ေ၇ွှဈေး..ပေးဝယ်..ရပါတယ်..။ မှ..တစ်ပါး..အခြားမရှိ..သော..အခြေအနေမျိုး..မှာ..ကျောင်းဆရာဟာ...ဈေးဆစ်ခွင့်ကို.လည်း.လွမ်း..ခဲ့ရပါ သေး..တယ်..။

။။။။။။။။။။။။။။။။။။။။။။။။။။။
စိတ်တူ..ကိုယ်တူ..လုပ်မယ်ဆိုတဲ့..ညီငယ်..များနဲ့..သင်တန်းကျောင်းနေရာကို..ပြင်ဆင်မွန်းမံရတာ..ကိုက. လက်တွေ့မှာ..လ..များစွာ..ကြာပြီး..သိန်းရာချီပြီး..ကုန်ခဲ့..ရ..ပါတယ်..။

သင်ထောက်ကူ..ပစ္စည်းတွေ..ရှာရ..၊ သတင်းကြားရာကို..လိုက်ရ..၊ လိုချင်တာ..ရတော့..အမောပြေ..၊ လိုချင်တာ..မဟုတ်ဘဲ..သတင်းမှားတော့..အမောဆို့..နဲ့..လပေါင်းများစွာ.အချိန်ကော..စိတ်ကော..လူကော..အပင်ပန်းခံပြီး..လုပ်ကိုင်..ရပါတယ်..။

အဲဒီလို..လုပ်ကိုင်နေတုန်းမှာ..စနစ်သစ်..ရေကြောင်းပညာရေးစနစ်မှာ..ပု၈္ဂလိက..လုပ်ပိုင်ခွင့်တွေ..ပေးတော့ မယ်လို့..ကြားရတော့.ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ်..လုပ်နေဆဲဖြစ်လေတော့.အခုမှ..စမဲ့သူထက်..စာရင်..ရှေ့ရောက်သလို..ဖြစ်နေတယ်လို့.. ခံစားရပြီး.၊ တံလျှပ်ကို..ရေထင်.ရွှေသမင်..အလိုက်မှားမိခဲ့..ပါတော့တယ်...။
။။။။။။။။။။။။။။။။။။။။။။။။။။။။။
အရူးကို..ဘုံမြှောက်..သလို..၊ မီးလောင်ရာ..လေပင့်..သလို..၊ ထပ်...ဖြစ်သွားရတဲ့..ဒုတိယအချက်..က..၊ ကျေးဇူးရှင်..အမကြီးက..အမွေပေးခဲ့..တဲ့..မန္တလေးက..မြေကွက်ကလေး. ကို..အချိန်ကိုက်... ရောင်း လိုက်ရခြင်း ..ဖြစ်ပါတယ်..ခင်ဗျ..။

လက်ထဲမှာ..ဒုတ်..ကလေးက..ရ..။ ပိုး..ကလေး..ကလည်း..ရွ..နဲ့..။
ဘယ်..
အဲဒီအချိန်တွေက..တယ်..စိတ်ကူးယဉ်လို့..ကောင်း..။ အခုတောင်.တွေးရင်း...လွမ်းမိသေး..။
။။။။။။။။။။။။။။။။။။။။။။။။။။
အခက်အခဲ(၁)
စပြီး.တွေ့ရတဲ့..အခက်အခဲက...ဆရာ..ရှာတဲ့..နေရာမှာ..ပါ..။
သတင်းစာထဲက..နေ..၊ ဂျာနယ်တွေ..ထဲကနေ..ကြော်ငြာလိုက်ရင်..၊ အလုပ်လုပ်လိုသူတွေ… တန်းစီ ပြီးလာ.. လျှောက်လို့..အင်တာဗျူး..တော် တော်လုပ်ရမယ်..မှတ်နေတာ..။
ဘယ်..ဗျာ..။
လျှောက်လွှာလာတင်သူ..ကို..မျှော်နေရတဲ့..သင်တန်းကျောင်း..ကျောင်းအုပ်ကြီး..လည်ပင်းက..ကုလားအုပ် လည်ပင်း.လောက်.နီးနီး..ရှည်လာပြီး.. သက်ပြင်းရှည်ကြီးတွေ.ကိုဘဲ..အကြိမ်ကြိမ်ချခဲ့ရလို့.. အပေါ်နှုတ်ခမ်းတောင်.. Erosion ဖြစ်ပြီး..မြောင်း..၃ မြောင်း.. ဖြစ်တော့မှာ..လိုလို..။ အလုပ်လာလျှောက်သူတွေကို..မေးဘို့..ပြင်ထားတဲ့..မေးခွန်းစာရွက်လေးကို..ကိုင်ကြည့်နေရင်း..အိပ်ငိုက်.ငိုက်.သွားတာကလည်း..ခဏ..ခဏ..။

နောက်ဆုံးမှာတော့..အရပ်ကူပါ..လူဝိုင်းပါ..ဆိုပြီး..GTI အဖွဲ့တွေ.၊ GTI ဆရာဟောင်းတွေ..၊ RIT ..သူငယ်ချင်း ဟောင်းတွေ..၊ ကို..လက်တို့..ယုံမက..မောင်းပါ..တီးရချေသေး..တော့..သည်..။

ထို့ပြင်..တ၀..

ကားတစ်စီးနဲ့..မြို့ပတ်ပြီး..ဆရာရှာခန်း..ဖွင့်ခဲ့ရချေသေးသည်..။ Welding , Machine, Light Fitting, Heavy Fitting, Electrical, သရုပ်ပြ..ဆရာ..တစ်ဦးစီရဘို့..၃လ..အတွင်းမှာ..မိုင်ပေါင်းရာချီသွားခဲ့ရသည်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။
အခက်အခဲ(၂)
သရုပ်ပြဆရာသာ..ဆိုသည်.. သင်ရမည့်သင်ခန်းစာများက..အင်္ဂလိပ်စာဖြင့်သင်ရမည်..။
External Audit ရှိသည်..။ မြန်မာစာသည်..ဒို့စာ..လုပ်လို့..မရ..။
စာသင်ခန်းကလည်း.Multimedia Class Room ဖြစ်ရမည်..။ ရှေးတုန်းကလို..Chalk & Talk မရ..။ သည်တော့..သရုပ်ပြ...ဆရာတွေကို..ကွန်ပျူတာ..အခြေခံရအောင်.. ပရိုဂျက်တာ..သုံးတတ်အောင်..၊ Power Point ဆိုတာ..နားလည်အောင်..၊ Internet ဆိုတာကြီးကို..ရှပ်ပြေး ပြေးပြီး..စီးတတ်အောင်..၊ Model Course ဆိုတာ.က.ဘာကြီးကို..ခေါ်တာ..၊ Lesson Plan ဆိုတာ.. ဟိုလိုဟာကြီး..၊ Lecture Notes က..ဘယ်လိုပြင်ဆင်ရမှာ..၊ Practical Job တွေ..အတွက်..နမူပစ္စည်းတွေ.. လုပ်ပြစမ်းပါဦး..။
စသည်..စသည်ဖြင့်..မေးလည်း..မေး..၊ သင်လည်းသင်.၊ ရှင်းလဲရှင်း..၊ ခိုင်းလည်း..ခိုင်း..၊ လုပ်လည်း လုပ်ရသည်မှာ.. ဖတ်ဖတ်..သာမော..သည်မဟုတ်..အကုန်လုံးမောသည်..၊ စိတ်ကော..လူပါ..ပန်းလှသည်..။

အဆစ်အဖြစ်..
ဒီလောက်လက်ဝင်ရင်..မလုပ်ချင်..ဆိုသည့်…ပျင်းပျင်း.ဆရာလေးများ..၊ အပိုတွေ..တယ်များပါလား…ကျုပ်တို့.အင်ဂျင်နီယာ.ကျောင်းတွေမှာတောင်..ဒီလောက်သင်ခဲ့တာမှ..မဟုတ်တာဆိုသည့်. ဖျင်းဖျင်း..ဆရာလေးများ..၊ တတ်ချင်ယောင်..လေ့လာချင်ယောင်ဆောင်သည့်.ယောင်ယောင်...ဆရာလေးများ..လဲ..သည် လောကကြီး.. မှာ..ရှိကြောင်း..ဗဟုသုတ..တစ်ထမ်းကြီး..ရခဲ့..ချေသေးသည်..တစ်မုံ..။

အရည်အချင်းနှင့် စိတ်ဓါတ်ကို…မကြိုက်သော်လည်း..ဖြုတ်ပြီးရင်..ထပ်ခန့်စရာ..လူမရှိသဖြင့်...အောင့်အည်း နေခဲ့ရသည်ကလည်း.မသေးလှသည့်..ဒုက္ခ..။

။။။။။။။။။။။။။။။။။။။။။
လုပ်ချင်ဦးဟဲ့..ကျောင်းဆရာ..၊ ဖွင့်ချင်ဦးဟဲ..နိုင်ငံတစ်ကာ..အဆင့်မှီကျောင်း..၊ လုပ်နေရင်းဖြင့်..ဒုက္ခနှင့်..လှလှ..တွေ့သည်မဟုတ်..၊ ဒုက္ခနဲ့..၀အ..တွေ့..ခဲ့လေပြီ..။

မူလ..လက်ဟောင်း..တာဝန်သိ..တာဝန်ယူတတ်..သည့်..မိမိ၏ဆရာဟောင်းများ..ဖြစ်သည့်..Senior Instructors များ..သာ.၊ Chief Engineer များသာ...မကယ်လျှင်. .မိမိသည်..ခေါင်းမှာ..ယပ်တောင်.. ထိုးယုံသာမက.. လည်ပင်းမှာ ပါ..နို့ဆီခွက်..ဆွဲခါနီးအထိ..ရောက်သွားနိုင်သည်မှာ..ဖင်ထိုင်ခုံ..လက်ခတ်.. မလွဲ..ဖြစ်သည်..။ (မှတ်ချက်။ ။ မြေကြီးဆို..နဲနဲဝေးတော့..လွဲနေမှာ..စိုးလို့..)
။။။။။။။။။။။။။။။။။။။။။။။။
အခက်အခဲ(၃)

အဆောက်အဦး..တစ်ခုကို..ကိုယ်လိုချင်တဲ့…အခန်းဖွဲ့စည်းမှု.ရအောင်.အလင်းရောင်.နဲ့လေ၀င်လေထွက် ကောင်းအောင်... စသည်.. စသည်..ချိန်ဆ..ပြင်ဆင်ရခြင်းက..ခေါင်းစား..သလို..၊ ကျောင်းအ၀င်..လမ်းက.. လူလျှောက်လို့..သာ..ရသည်မို့…အုတ်ကျိုးဖြည့်..၊သဲလောင်းရာမှာလည်း..ပိုက်ဆံများ.က.အရည်ဖျော်ထည့် သလို..၀င်သွားရှာပါသည်။

အင်ဂျင်နီယာပိုင်းဆိုင်ရာ သင်တန်းမို့..လျှပ်စစ်ဓါတ်အား..ကို..Single Phase အပြင်..Three Phase ရဘို့..၊ ပါဝါမီတာ..ရဘို့..ကြိုးစားရသည်..။ မီတာတွေရှိနေပေမင့်..မီးပျက်ရင်..မောင်းဘို့..မီးစက်အကြီး.တစ်လုံး..၊ ပါဝါ..အသုံးကနည်းလို့..မီးစက်အကြီး..မလိုတဲ့..အခါ.. ဒါမှမဟုတ် .မီးစက်ကြီးပျက်တဲ့.အခါ..အရေးပေါ်သုံးဘို့.. အရံအဖြစ်.. က..မီးစက်..အသေး..တစ်လုံး..စီစဉ်ရသေးသည်..။ ကျောင်းဆင်းသွားပေမဲ့. Lecture Notes ပြင်ဆင်နေတဲ့..ဆရာတွေ..ကွန်ပျူတာ..သုံးနေ တုန်း..မီးပျက်ခဲ့..ရင်..သုံးဘို့အတွက်.. ဘက်ထရီနဲ့.. အင်ဗာတာ.ကလည်း..အရံသင့်..စီစဉ်ရချေသေးသည်..။
။။။။။။။။။။။။။။။။။။။။။။။။။။။
အခက်အခဲ (၄)
ပြဌာန်း..စာအုပ်များ..ရှာဖွေခြင်း..။

အင်ဂျင်နီယာ..သင်တန်းများအတွက်..IMO (အပြည်ပြည်ဆိုင်ရာ..ရေကြောင်းအဖွဲ့ချုပ်)..က..ပြဌာန်းထားသည့် Model Course မှာ..၂ခုရှိသည်..OEW သင်တန်းများအတွက်..ဆိုလျှင်..7.04, CE+2E Combined သင်တန်း အတွက်ဆိုလျှင်..7.02, အဆိုပါ..စာအုပ်များတွင်..သက်ဆိုင်ရာသင်တန်းအလိုက်..သင်ကြားရမည့်..ဘာသာရပ် စာသင်ချိန်၊ ရည်ညွှန်းစာအုပ်၊ ပြဌာန်းစာအုပ်၊ သင်ကြားရေးအထောက်အကူပြု ဗီဒီယို၊ များ..အသေးစိတ်..ပါ သည်။

အဆိုပါ..ပြဌာန်းစာအုပ်များ၏ဈေးကလည်း..မြန်မာတို့..အတွက်..ကြောက်ခမန်းလိလိ..။ အင်္ဂလိပ်ငွေ..ပေါင်..ဖြင့်ပင်..သောင်းချီသည်..။ မှာချင်တိုင်းမှာလို့.လည်း..မရ..ရွှေနိုင်ငံရောက်မှ..အကောက်ခွန်ကိစ္စ..ပျောက်သည့်..ကိစ္စ..များ..ရှိနိုင်သေး.. သည်ကို လည်း..ထည့်သွင်းစဉ်းစားရသေးသည်..။ အခက်အခဲကလည်းရှိ..ဈေးကလည်းကြီး..ဆိုတော့...မနိုင်တစ်နိုင်နှင့်..ပဲကြီးဟင်း..သောက်ထားရသည့် ကျွန်တော့်မှာ..ရန်ကုန်မြို့..စာအုပ်အဟောင်းဆိုင်များမှာ.ဘောင်ဝင်လောက်သည့်..စာအုပ်များကို..ရှာရ.ဖွေရ..သည်ကလည်း..တစ်ရက်နှင့်မပြီး..။ ကံကောင်းထောက်မ..သည်က.မိမိ.အနှစ်နှစ်အလလက..စုဆောင်းရှာဖွေ..ထားသော..၊ အလေးခံပြီး..ပြည်ပမှ.. သယ်လာခဲ့သော..စာအုပ်များထဲမှာ..အသုံးဝင်..အသုံးတည့်သည့်..စာအုပ်က..၁၀၀ကျော်..၂၀၀ခန့်ရှိနေသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။
အခက်အခဲ(၅)

ဗီဒီယို..ဖိုင်များကို..တရားဝင်ဝယ်မည်ဟု..မေးကြည့်တော့..အင်ဂျင်နီယာဘက်ဆိုင်ရာ..လေးများ.ကို..တောင်..၊ ပေါင်တစ်သိန်း..ကျော်..။

Simulator ဈေးလေး..မရဲတရဲ..စုံစမ်း..ကြည့်တော့..နံမည်..သိပ်မကြီးသည့်..Brand ကပင်လျှင်.. ဒေါ်လာ..၂သိန်းခွဲ..သုံးသိန်း..။

အားပါး..ပါး..ဟု..မအော်ရဲ..၊ ပါးစပ်ကို..တင်းတင်းစေ့ပြီး..၊ကိုယ်နေသည့်..အိမ်ကလေး...မျက်စောင်းထိုးကြည့်ရာ.. မိန်းမက..အဟမ်း..အဟမ်း..ဟု..ချောင်းဟန့်သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။
အခက်အခဲ (၆)
မည်ကဲ့သို့..လုပ်လိုက်သည်..မသိ..ဆိုတာက..သိုင်းဝတ္ထုထဲမှာသာ..ရှိသည်မဟုတ်..။ ကျွန်တော်တို့..ဆီမှာ လည်းရှိသည်..။

၎-၅ လကျော်..အတွေ့အကြုံရှိ..၊ ၀ါသနာပါ..၊ ပိုက်ဆံ..မမက်သော..Chief Engineer (6) ယောက်.. တကုတ်ကုတ် နှင့်..ရေးဆွဲသော..သင်ခန်းစာများကို..၊ အချို့က..တစ်ပတ်အတွင်း.. ပြီးစီးအောင်.. လုပ်နိုင် သည့်..စွမ်းရည်ရှိသည်..။

မမျှော်လင့်ထားသော..အခြေအနေကို..ဘွားကနဲ..တွေ့ရပြီး..၊ မျှော်လင့်ထားသည်များ..သဲထဲ..ရေသွန်.. ဖြစ်နိုင်သည့်..အနိစ္စ၏သဘောကိုလည်း.သင်တန်းတစ်ခု..ဖွင့်ရန်ပြင်ဆင်ရင်း..ကျွန်တော်..မျက်ဝါးထင် ထင်..လက်တွေ့..မျက်မြင်..နဖူးတွေ့..ဒူးတွေ့..ကြုံခဲ့ရဘူးသည်..။

ခန့်ထားပြီးသော..Demonstrator များ၊ Instructors များ၊ Office Staffs များကို..ကျွန်တော်တို့..ဆီမှာ.. အခု..တစ်ကယ်လုပ်နေပြီ..၊ မကြာခင်..ခင်ဗျားတို့..မျက်ဝါးထင်ထင်..တွေ့ရမယ်. ဟု..အာချောင်ခဲ့ သော ကျွန်တော်သည်..အာစေး..မိသွားဘူး..သည်..။

ရှက်ရှက်နှင့်..အားနာ.စွာနှင့်..သင်တန်းအတွက်..Trained လုပ်ထားသော..ဆရာများကို..ဆရာတို့.. ကျွန်တော် တို့..မူလ. ရည်ရွယ်..ခဲ့..တဲ့.. သင်တန်း..မဖွင့်နိုင်တော့..ပါ..။ ကျောင်းသား..ဗဟိုပြု.ကျောင်းသား.ကြိုက်ရာရွေး..စနစ်..အခြေအနေ..ဖြစ်နေသည့်..အတွက်..၊ ကျောင်းသား ကို.ချော့ခေါ်..မြှောက်သင်..လုပ်ရမည့်..အလားအလာရှိသည့်.အတွက်..ကျွန်တော်..မဖွင့်တော့ပါ။ ဆရာတို့..ကို..လစာသာ..ပေးနိုင်ပါမည်..။ စာသင်ချိန်အလိုက်ပေးရမည့်..စာသင်ကြားကြေး..ရနိုင်မည်..မဟုတ်ပါ..။ နေလိုက..နေနိုင်ပြီး..၊ စွန့်ခွာလိုက..စွန့်ခွာနိုင်ပါသည်..ဟု..ပြောရပါတော့သည်..။
လွန်ခဲ့သည့်..အနှစ်နှစ်ဆယ်ကျော်..သုံးဆယ်ခန့်ကထည်းက..လက်တွဲခဲ့သော..ဆရာများနှင့်..တပည့်တစ်ချို့..က..ကျန်နေခဲ့ပါသည်။

ကျွန်တော့်ကို..အထင်ကြီးပြီး..တက်လမ်းရှိသည်ဟု..မြင်ပြီး..၀င်လာသူများက..စောစော..လစ်မှ..ဟု..တွေးပြီးလက်တွဲဖြုတ်သွားကြပါသည်..။ ငရုတ်သီးနှင့်..ပေါင်းလျှင်..ကြက်သွန်..အထောင်းခံရနိုင်သည်..မဟုတ်တုံ..လော..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မည်..သူ့ကိုမှ..အပြစ်မတင်ပါ..။ အတိတ်ကံ..မကောင်းလို့သာ..၊ အဆင်မပြေဖြစ်ရသည်ဟု..မှတ်ယူပါသည်..။

တရားသဘောနှင့်..ဖြေတွေးလေး..တွေးပြီး..မှတ်သော်လည်း..ဒီတစ်ခါ..မှတ်ရတာ..တော်တော်တော့..အောင့်သက်သက်နိုင်ပါ..သည်..။ ရှိစုမဲ့စုလေးတွေ..ပြောင်သွားသလို..အကြွေးတင်နေသည်များကိုလည်း..သွားဖြည်းပြရသေးသည်..။ အကို..ဆက်လုပ်ပါ..။ ကျွန်တော်တို့..ကို..အားမနာပါနဲ့..လို့..သူတို့က..ပြောတော့..ပိုလို့..အားနာမိသည်..။

အကြွေး..စာရင်းကို..ကြည့်ရင်း..သတိထားမိလာတာက..ထွက်သက်တို့သည်..ရှည်ပြီး..ပိုပူလာ..သလိုပင်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။
ထောင်ချင်ဦးဟဲ့..သင်တန်းကျောင်း..
။။။။။။။။။။။။။။။။။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်းကျောင်းဆရာ..

No comments:

Post a Comment