Thursday, May 16, 2013

သင်တန်းကျောင်းများ..သူဌေး..ဖြစ်နေပြီ...(၃)



ရှေလျား..ထွေပြား..မနေမနား..တစ်ညည်းထဲ..ညည်းတော့တာ..ဘ၀..အမှန်ပါ..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဆိုပြီး..ဆရာကြီး..ဦးသုခ..ရဲ့..ဘ၀သံသရာ..ကို..ဖျက်ပြီး..ညည်းရလောက်အောင်ကို..သင်တန်းကျောင်းတစ်ခု..ရဲ့..အခက်အခဲက..များလှ..စုံလှပါတယ်..။
စေတနာထားလေလေ..ဒုက္ခပို..များ..လေ..လေ..ပါဘဲ..။

။။။။။။။။။။။။။။။။။။။။။။။။။။။

အခက်အခဲ(၇)

စနစ်ဟောင်းတွေ..အဖြုတ်..စနစ်သစ်အ၀င်..၊ စနစ်..အဟောင်းနဲ့.Dock Service..မှာ.တို့လို့တန်းလန်း.. ဖြစ်နေတဲ့..လူငယ်များအတွက်..ပေါင်းကူး..Bridge သင်တန်းအဖြစ် BEK + EER (6) weeks သင်တန်း ကို..DMA က..ဖွင့်လှစ်ဘို့..စီစဉ်ပါတယ်..။ ဖွင့်နိုင်တဲ့..ကျောင်းက..နည်းနေ..ကျောင်းသားတွေကလည်း..ပြုံဆင်းလာမှာဆိုတော့..၊ Workshop Skills အတွက်..ပြင်ဆင်နေတဲ့..ကျွန်တော့်ကို..ဖွင့်ဘို့..တိုက်တွန်းကြပါတယ်..။ ကျွန်တော်..သိပ်မဖွင့်ချင်ပါ..။ ကျွန်တော့်..အကျင့်က..တစ်ခုကို..စွဲစွဲမြဲမြဲနဲ့..ပိုင်ပိုင်နိုင်နိုင်လုပ်တတ်တာမို့..။ ဟို..ပြောင်း..၊ ဒီပြောင်း.. ခဏ.ခဏ..မလုပ်ချင်ပါ..။

သို့သော်..ဆရာများကလည်း..တိုက်တွန်းသည်..။ မင်းဒီအတိုင်း..တစ်လ..ကို..ဘာဝင်ငွေမှ..မရှိဘဲ..သိန်း..၃၀-၄၀..ကုန်နေမဲ့အစား..၊ သင်တန်းလေးဖွင့်တော့..၀င်ငွေလေးလည်းရ..၊ ဆရာတွေလည်း..စာသင်လေ့ကျင့်ပြီး သားဖြစ်..၊ သင်တန်းကျောင်း..နံမည်လေးလည်း..ရ..၊ ကျောင်းသားတွေ..လည်း..သိပ်မစောင့်ရ..၊ အားလုံး..အတွက်ကောင်းတဲ့..အလုပ်ပါ..၊ ဆိုပြီး..အားလုံးက..နားချလို့..ကျွန်တော်..ဖွင့်ဖြစ်ပါတယ်..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စည်းကမ်း..ကိုင်မယ်..။ စာ..သေချာသင်မယ်..။ ဆရာ..တွေဘက်က..ကတိတစ်ခု..ပေးရမှာက..ကျောင်းသား.. ကို.. အလိုမလိုက်ရဘူး..လို့..ကျွန်တော်က..တောင်းဆိုပါတယ်..။ ဆရာများက..လည်း..သဘောတူတဲ့..အတွက်..၊ သင်တန်းဖွင့်ဖြစ်ပါတယ်..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သင်တန်းတစ်ပတ်ကို..ကျောင်းသား..(၄၀)..၊ နဲ့..အပတ်စဉ် (၁) ကနေ..(၉) ထိ..ဖွင့်ဖြစ်ပါတယ်..။ ဒါပေမဲ့..ကျောင်းသား..မပြည့်တာ..အပတ်စဉ်..၂ခု..ရှိပါတယ်..။ တစ်ခုမှာကတော့..တော်တော်..နည်းပါတယ်..။
(၁၈) ယောက်ဘဲ..ရပါတယ်..။ ရှုံးပါတယ်..။

တွက်ရေး..ကတော့..စက်သူဌေးပါ..၊ တွက်ကြည့်မှ..စက်မရှိတော့..တာပါ..။ ကျောင်းသားတွေကို..စည်းကမ်းကိုင်ပါတယ်..။ ကိုင်တဲ့..အတွက်..ရလာတဲ့..အကျိုးလေး..(၂)ခု..ရှိပါတယ်..။

(၁) စောစောက..ပြောသလို..ကျောင်းသား..အရနည်းသွားပါတယ်..။ ဟာ..အဲဒီ WISE WISH  က..တကယ်မောင်းတာ..၊ အချိန်ပြည့်သင်တယ်..၊ စည်းကမ်းလည်းကြီးတယ်..၊ ဆိုပြီး..ကျောင်းသား..အများစုက..တစ်ခြား..သင်တန်းကျောင်းများမှာ..လူပြည့်နေမှ..အပ်မရမှ..ကျွန်တော့်ဆီ..လာပါတယ်..။

(မှတ်ချက်။ ။ ဆရာတို့ဆီမှာ..တက်ချင်ပါတယ်..။ စာတစ်ကယ်သင်တယ်...ကြားရလို့ပါ. ဆိုတဲ့.  .ကျောင်းသား အချို့ရှိပါတယ်..။ ရာခိုင်နှုန်းနည်းပါတယ်..။)

 လူငယ်အများစု..လိုချင်တာက..အောင်လက်မှတ်ပါ..။ ပညာ..မဟုတ်ပါဘူး.ဆိုတာကို..ရင်နာနာနဲ့.. ကောင်းကောင်းသိခဲ့ရပါတယ်..။

 (၂) သူတို့ကို..စည်းကမ်း..ကိုင်တော့..၊ ကိုယ်လည်း..စည်းကမ်းရှိဘို့လိုပါတယ်..။ မီးပျက်လို့..ကျောင်းဆင်းလိုက်တာမျိုး..လုပ်လို့..မရပါဘူး..။ မီးမလာရင်..မီးစက်မောင်းပြီး..စာသင်ပါတယ်..။

ပထမ..အပါတ်စဉ်မှာတင်..ဒီဇယ်ဆီ..တစ်ပေပါခွဲ..ကုန်ပါတယ်..။ စီးပွားရေးအရ..တွက်ရင်..အကျိုးမရှိပါဘူး..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။

အခက်အခဲ..(၈)

သင်တန်းကျောင်းတစ်ခုမှာ..စနစ်တကျဖြစ်ဘို့က..QMS (Quality Management System) ရှိဘို့လိုပါတယ်..။ ဒီအတွက်..၂၀၁၂နှစ်ဦးပိုင်းတွေမှာ..ခေါင်းစားပြီး..အလုပ်များခဲ့ရပါတယ်..။ ISO တို့..QMS တို့ကို..ကြားဘူး.. ပေမဲ့..မလုပ်ဘူးပါဘူး..။ နောက်ပြီး..ကိုယ်လုပ်ခဲ့ဘူးတာက..Shipping Company ရဲ့..QMS..ဆိုတော့.. သင်တန်းကျောင်းနဲ့..သဘာဝ.က...လားလား..မှ..မဆိုင်..။

အဲ..ဒီမှာ..မဖတ်ဘူးတာတွေ..ဖတ်..မှတ်..လေ့လာ..။ ပညာရှိသူကို..ဆည်းကပ်..။ လုပ်ရပါတယ်..။

ရေကြောင်းကောလိပ်မှာ..အင်ဂျင်နီယာဌာနကော..သင်ကြားရေးဌာနမှာပါ..ဌာနမှူးလုပ်ခဲ့..ဘူးတဲ့..၊ ဆရာဦးထွန်းနိုင် (M.Sc, WMU) ကို..အကူအညီတောင်းရပါတယ်..။

ဆရာက..၀မ်းပန်းတစ်သာ..ကူညီပါတယ်..။ ကျောင်းမှာ..ကျွန်တော်..လိုတုန်း..ခင်ဗျားကူခဲ့တာ..မမေ့ပါဘူး..။ ခင်ဗျား..လိုတဲ့..အခါ..ကျွန်တော်ကူ..ရမှာပေါ့..ဆိုပြီး..၊ ၃-၄..လကျော်ကျော်..ဆရာနဲ့..ကျွန်တော်.. ဆွေးနွေး တိုင်ပင်ပြီး..QMS အကြမ်းလေး..တည်..နိုင်ခဲ့ပါတယ်..။ နောက်ပိုင်း..ဆရာက..လည်ချောင်းကင်ဆာ..ဖြစ်တော့..၊ လုပ်လက်စတွေ..ကျွန်တော့်ကို..ပြန်လွှဲပါတယ်..။

ကိုဝင်းအောင်..ရေ..၊ ကျန်းမာရေး..သိပ်မကောင်းဘူး..၊ ဘန်ကောက်..သွား..ဆေးကုရမယ်..လို့ပြောတော့..၊ ဆရာအပြင်..ထွက်ဘို့..ကိစ္စအ၀၀.ကနေ..ပြန်ရောက်လာပြီး..မြေကျသည်အထိ..ကို..ကျွန်တော်နိုင်သမျှ.. နောက်က..ကူခဲ့ပါတယ်..။

ဆရာ..ဆုံးပါးသွားတာ..
ရေကြောင်းအင်ဂျင်နီယာများ..အတွက်..ကြီးမားသော..ဆုံးရှုံးမှုပါ..။ ဆရာဟာ..အသံမထွက်..ပဏာ..မယူ..ဘဲ..ရေကြောင်းကောလိပ်..ရဲ့..မနိုင်ဝန် တွေကို..ပြုံးပြုံး..ပြုံးပြုံးနဲ့.. တစ်ယောက်ထဲ…တကုတ်ကုတ်.ထမ်းနေခဲ့သူပါ..။ ပညာရှင်များ..လေးစားရတဲ့..ပညာရှင်ပါ..။ ဒီတစ်ခေါက်..White List အတွက်..အရေးကြီးတဲ့..EU Audit လာနေချိန်မှာ..ပင်စင်ယူပြီး..ဖြစ်ပေမဲ့.. သံယောဇဉ်နဲ့..  ကျောင်းရဲ့..QMR ..အဖြစ်..တာဝန်ယူ..ဖြေရှင်းသွား.. ခဲ့သူပါ..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အခက်အခဲ (၉)

QMS တို့..QOP တို့..ရေးတာ..ချောတာကို..နားလည်သလောက်..လုပ်ပြီးချိန်မှာ..ထပ်တွေ့ရတဲ့..အခက်အခဲ က..။ ဘယ်သူ QMR လုပ်မှာလည်း..ဆိုတဲ့..ပြဿနာပါ..။ ကျွန်တော်က..ကျောင်းမှာ..ကျွန်တော်ဘဲ..ကျောင်းအုပ်.၊ ကျွန်တော်ဘဲ..ကွန်ပြူတာစာရေး..၊ ကျွန်တော် ဘဲ..မင်းစေ..၊ လုပ်နေရတာမို့..၊ ဆရာတွေကို..လှမ်းကြည့်တော့..အားလုံးက..မျက်လုံးလွှဲနေကြ ပါတယ်..။ အသက်ကြီးပြီကွာ..ဦးဏှောက်..သိပ်အစား..မခံနိုင်တော့ဘူး..။ ခေါင်းထဲမှာ.Lesson Plan တွေ.. Lecture Notes တွေနဲ့..ပြည့်နေပြီလို့..အားလုံးက..တညီတညွတ်ထဲ..ပြောကြပါတယ်..။

QMR  ရာထူးအတွက်..လစာ..(၃)သိန်း..နေ့လည်..ထမင်းကျွေး..နဲ့..နောင်..လုပ်ငန်းကောင်းရင်.. အရည်အချင်းရှိရင်..လစာ..တိုးပေးပါ့မယ်..ကြော်ငြာခဲ့ပေမဲ့..ယနေ့ထိ..လျှောက်လွှာ..တစ်စောင်မှ..မရခဲ့ပါ..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အခက်အခဲ (၁၀)

QMS ရေးပြီးရင်..ISO ရဘို့..လုပ်ရပါဦးမယ်..။ အဲဒီအတွက်..ပြင်သစ်က..BV, ဂျပန်..က..ClassNK.., တို့ကို..မေးမြန်း..စုံစမ်း..Quotation တောင်းပြီးမှ..ဘိုင်ကျနေလို့..ခပ်ဆိုင်းဆိုင်းလေး..ဖြစ်နေပါသေး..တယ်..။

ကုန်ကျစားရိတ်က..ဒေါ်လာ..ထောင်ဂဏန်း..ဖြစ်ပါတယ်..။ နဲနဲတော့..မဟုတ်ပါ..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အခက်အခဲ (၁၁)

ပုံမှန်ဝင်ငွေ..မရှိခြင်း..။ သင်တန်းတွေက..၁၂ရာသီ..တလစပ်..ဖွင့်နေလို့..ရတာမဟုတ်ပါဘူး..။ သင်တန်းမရှိတဲ့..လမှာ..လစာ..မယူပါနဲ့လို့..ဆရာတွေ..၀န်ထမ်းတွေကို..ပြောဘို့..ဆိုတာ..က..သင့်တော်ပါရဲ့လား..။

ဝန်ထမ်းစုစုပေါင်း ၂၀ နီးပါး..ရှိတဲ့..သင်တန်းကျောင်းရဲ့..တစ်လ..ကုန်ကျစားရိတ်ဟာ..သိန်း ၅၀ နဲ့..တစ်ရာ..ကြားမှာ..ရှိပါတယ်..။

ကျောင်းသား..လက်ခံတာမှာလည်း..စည်းနဲ့..ကမ်းနဲ့..လက်ခံရပါတယ်..။ လာသမျှ..လက်ခံပြီး..ပြွတ်သိပ် ထည့်.. သင်လို့..ရတဲ့..ခေတ်မဟုတ်ပါဘူး..။
IMO Requirements အရ..သီအိုရီ..သင်တဲ့..စာသင်ခန်းမှာ..ကျောင်းသား..၂၄ ယောက်ထက်ပိုလို့.. မရ ပါဘူး..။
ကျွန်တော့်..နိုင်ငံအနေနဲ့..အဲဒီလိုလုပ်ရင်..ကျောင်းတွေမွဲ..၊ ကျောင်းတွေ..ပြုတ်..၊ ၀န်ကြီးဌာနမှာ လည်း.. တာဝန်တွေ..ပိလာနိုင်တဲ့..အတွက်..National Requirements မှာ..ဆရာနဲ့..ကျောင်းသားအချိုးကို.. သီအိုရီသင်ရင်..၄၀း၁..လုပ်ထားလို့..နှားခေါင်းပေါက်လေး..ပေါ်နေ.. တာပါ..။

ဒါကလည်း..စနစ်သစ်..အပြောင်းမှာ..Working Committee အဖွဲ့ဝင်များ.. ကိုယ့်ထမင်းကိုယ်စား.. ကိုယ့်ဆီ.ကိုယ်ထည့်ပြီး..(၆) လအတွင်း မှာ..အကြိမ်..ရာနဲ့ချီတဲ့.. ဆွေးနွေးပွဲတွေ.. တက်ပြီး.ရှေ့ကြည့်ရ့..၊ နောက်ကြည့်ရ..၊ ဘေးနိုင်ငံတွေ.. လှမ်းကြည့်ရ..၊ .ငြင်းကြ.ခုန်ကြ.ရင်းကနေ.. အမျှော်အမြင်ရှိရှိ.. အားလုံးက..သဘောတူခဲ့..ကြလို့ပါ..။

လက်တွေ့မှာ..ဆရာနဲ့.သင်တန်းသား..အချိုးက..၁၀း၁ ဖြစ်ပါတယ်..။ သင်ထောက်ကူပစ္စည်းနဲ့သင်တန်းသား အချိုးက..၁း၃ ..ဖြစ်ပါတယ်..။ အဲဒီ..Requirements ကို..အစိုးရဌာန..တွေဖြစ်တဲ့..သဘောင်္ကျင်းတွေက.. ဖြည့်ဆည်းဘို့..ဆိုတာ..Budget ပြဿနာရှိပါတယ်.။ နောက်တစ်ခုက..Qualified Instructors ပါ..။

ဒါကြောင့်..စနစ်သစ်မှာ..ပုဂ္ဂလိက..ကဏ္ဍပါဝင်လာရတာပါ..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မေးခွန်း..(၁)

ပြီးခဲ့တဲ့..တစ်နှစ်အတွင်းမှာ..ကျွန်တော့်..သင်တန်းကျောင်းလေးကို..ဆရာတစ်ချို့က..ညွှန်းလိုက်လို့..၊ နိုင်ငံခြား..သင်္ဘောကုမဏီ..၃ခု..လာပြီး..လေ့လာပါတယ်..။ လိုင်းကြီးတွေပါ..။ စင်္ကာပူ..က..တစ်ခု..၊ တိုင်ဝမ်..က..တစ်ခု..၊ ဂျပန်က..တစ်ခု..ပါ..။

လာခဲ့သူ..နိုင်ငံခြားသားတိုင်းက..မေးတဲ့..မေးခွန်းတွေထဲမှာ..တူညီတဲ့..မေးခွန်းလေး..တစ်ခုရှိပါတယ်..။

သင်တန်းကျောင်းကို…Government က..ဘယ်လောက် Subsidize လုပ်ပါသလဲ..တဲ့..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်တော်..ရီ..နေလိုက်ပါတယ်..။
ကျွန်တော်တို့..ဟာ…
ရိုက်စား..များလို့..အထင်ခံ..၊ အပြောခံ..၊ အဆဲခံ..နေရ..တဲ့..သူများပါ..လို့..ပြောမထွက်တဲ့..အတွက်ပါ..။

သင်တန်းကျောင်းတွေ..အားလုံးဟာ....စင်းလုံးချောလို့..မဆိုလိုပါဘူး..။
ဒါပေမဲ့..ကျွန်တော်.တို့...ရိုက်စား..မဟုတ်ပါဘူး..။

ကျွန်တော့်..သင်တန်း..တက်ခဲ့ဘူး..တဲ့..လူငယ်များကို..မေးပါ..။ ပြီးမှ..ကျွန်တော့်ကို..ဆရာ..တို့..အဆင့်တစ်ခု..သတ်မှတ်လိုက်ပါ..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သုမန..ကျောမှာ..ဒဏ်ရာတွေ..တင်မက..ပါဘူး..ဖနှောင့်..ရာ..လည်းပါပါတယ်..။
သင်တန်းကျောင်းဆိုတာ..Risk Factor များတဲ့..လုပ်ငန်းတစ်ခုပါ..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ..

No comments:

Post a Comment