Wednesday, May 22, 2013

ဟိုခေတ်... ဒီခေတ်... ညံ့သူ... တော်သူ... မြန်မာမို့ လို့ လား... ကျောင်းအပြစ်လား...


ဖတ်လိုက်ရတာလေးတစ်ခုနဲ့ ပတ်သက်ပြီး
ကျနော့် အမြင်လေး နည်းနည်းပြောချင်တယ်ဗျာ...

ဟိုခေတ်... ဒီခေတ်...
============
Cadet တစ်ယောက်... ကျောင်းပြီးတာနဲ့  Bridge ပေါ်တက်... Passage Plan ဆွဲ...
Bridge Watchkeeping ကို တစ်ယောက်တည်း
တက်ယူနိုင်မှာတော့မဟုတ်ဘူးပေါ့ဗျာ...
( ကိုယ်တို့ ခေတ်တုံးက ကျောင်းပြီးတာနဲ့ ... သို့ မဟုတ်... သင်္ဘောစလိုက်တာနဲ့ အကုန် သိနေပြီဆိုရင်တော့...
ကျနော်လည်း အဲ့လို ကျောင်းမျိုးကို တက်ပြီး...  အဲ့လို ခေတ်မျိုးမှာ သင်္ဘောလိုက်ချင်လိုက်တာဗျာ... အားကျလွန်းလို့ ပါဗျာ... တစ်ကယ်ပါ...)

ညံ့သူ... တော်သူ...
==========
ညံ့တဲ့သူရှိသလို တော်တဲ့သူတွေလည်းရှိကြမှာပါ... ရှိလည်းရှိကြပါတယ်...
ညံ့တဲ့သူကို မင်းညံ့တယ်ကွာ ဆိုပြီး ပြောနေလို့ ညံ့တဲ့သူက ပိုပြီး တော်မလာဘူးလေဗျာ...
ပြီးတော့ ကိုယ့်ကိုကိုယ် ညံ့တယ်ဆိုပြီးတော့ စိတ်ဓာတ်တွေပါကျကုန်ကြရောဗျ...
( မခံချင်စိတ်နဲ့ ကြိုးစားတဲ့သူဆိုတာ နည်းသွားပြီဗျ...
သင်္ဘောပေါ်မှာ မခံချင်စိတ်နဲ့ သွေးဆူပြီး
မဖြစ်သင့်တာတွေဖြစ်ကုန်ကြတာတွေပဲ ကြားနေရတာ... )

ကျနော့် အမြင်က... ညံ့တဲ့သူကို ကြိုးစားချင်စိတ်ဖြစ်လာအောင် Motivate လုပ်ပေးပြီး
မသိတာတွေ... မတတ်တာတွေကို... သိလာ... တတ်လာအောင်...
စီနီယာတစ်ယောက်အနေနဲ့  ဂျူနီယာ တစ်ယောက်ကို
ဘယ်လို လေ့လာ... ဘယ်လို ကြိုးစားဖို့  Guideline ချပေးတာက
ညံ့တဲ့သူအတွက် ပိုပြီးအကျိုးရှိမယ်လို့ ထင်ပါတယ်...

မြန်မာမို့ လို့ လား... ကျောင်းအပြစ်လား...
===========================
ကျနော်... အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် ၊ ယူကရိန်း ၊ ရုရှားတို့ က Cadet တွေနဲ့ စီးဖူးပါတယ်...
တော်တဲ့သူတော်သလို... ညံ့တဲ့သူညံ့ကြတာပါပဲ...

တစ်နိုင်ငံတည်းသား... တစ်ကျောင်းတည်းကထွက်တဲ့ Cadet အချင်းချင်းတောင်
တော်သူတော် ညံ့သူညံ့ပါပဲ...
အဲ့တော့ သူတို့ တက်တဲ့ ကျောင်းက တော်တဲ့သူကို ပိုသင်ပေးပြီး ညံ့တဲ့သူကို လျှော့သင်ပေးလိုက်တာလား...
စဉ်းစားစရာပါပဲ...
သင်္ဘောပေါ်ရောက်ခါစက အရမ်းညံ့ပေမယ့်... သင်္ဘောပေါ်ကဆင်းတော့ အရမ်းကို တိုးတက်သွားတဲ့
Cadet တွေလည်းရှိပါတယ်...

အဲ့တော့ ကျနော် ယူဆတာကတော့ Cadet တစ်ယောက်ရဲ့ အရည်အချင်းဟာ
သူကိုယ်တိုင်ရဲ့ အလုပ်အပေါ် စိတ်ဝင်စားမှု... ကြိုးစားသင်ယူလိုမှုအပေါ်မှာ မူတည်ပါလိမ့်မယ်...

ကျနော်တို့ Seamen တွေဟာ ကျောင်းဆရာတွေ မဟုတ်လို့ ... ( ကိုယ့်တာဝန်နဲ့ ကိုယ်လည်းရှိသေးတာကိုး... )
သင်္ဘောပေါ်မှာ Guideline ချပေးပြီး ကိုယ်သိတာကို Share တာလောက်ပဲလုပ်ပေးနိုင်တယ်ဆိုတာကို နားလည်ပါတယ်...
Cadet ဆိုတာကလည်း တက်လာကတည်းက အလုပ်လုပ်ရင်း Learning လုပ်ဖို့  Cadet အနေနဲ့ လာတာပါ...
မသိတာတွေကို သိအောင်လုပ်ဖို့ ပါ...
စီနီယာတွေဘက်က Motivate လုပ်ပေးပြီး ဂျူနီယာတွေ ကြိုးစားချင်စိတ်ဖြစ်လာအောင်...
Guideline တွေချပေးပြီး... ကိုယ်သိတာတွေ ပညာဝေမျှပေးမယ်ဆိုရင်...
ဂျူနီယာတွေဘက်ကလည်း "ကြိုးကြိုးစားစားနဲ့ လေ့လာသင်ယူ"မယ်ဆိုရင်
အနာဂတ် အတွက် အရည်အချင်းပြည့်ဝတဲ့ ဂျူနီယာတွေ ပေါ်ပေါက်လာမယ်လို့ ကျနော်ယုံကြည်ပါတယ်...

ဘာတဲ့...
" ယောက်္ခမဆိုတာ တစ်ခါတုန်းက သမက် ပါပဲ " တဲ့...

ကျနော်ကတော့...
" သူကြီးဆိုတာ တစ်ခါတုန်းက Cadet ပါပဲ " ပေါ့ဗျာ...

NK @MSU

No comments:

Post a Comment