Friday, May 31, 2013

" ကိုယ်ဝန်သည်သင်္ဘောသီး "



သင်္ဘေသားဆိုတာဘာနဲ့ တူလဲဆိုတော့ ကိုယ်ဝန်ဆောင်သည်နဲ့ တူပါတယ်
ကိုယ်ဝန်ဆောင်သည်တွေဟာ ကိုယ်ဝန်နုစဉ်မှာ ၂ လ ၃ လ အရောက်မှာမူးဝေပျို့ အန်တက်ကြသလို ကျွန်တော်တို့ သင်္ဘေသားတွေ ဟာလည်း နုစဉ်မှာမူးဝေပျို့ အန်တတ်ကြပါတယ်..။ကိုယ်ဝန်ဆောင်သည်တွေ ဟာမိမိသန္ဓေသားကိုဂရုစိုက်သလို ကျွန်တော်တို့ ဟာလည်း မိမိတို့ article ကိုအလွန်ဂရုစိုက်ရပါတယ်..။ကိုယ်ဝန်ဆောင်သည်တွေအပူအစပ် ရှောင်ကြဉ် ရသလို ကျွန်တော်တို့ မှာလည်း ရှောင်ကြဉ်ရတာလေးတွေရှိပါတယ်...။
ကိုယ်ဝန်လေးငါးလ အရွယ်မှာ နေသားတကျ ရှိသလို ကျွန်တော်တို့  ဟာလည်း article လေး ငါးလ အရောက်မှာ အလွန်နေသာထိုင်သာရှိပြီး
နေသားကျလာပါတယ်....။ကိုယ်ဝန်ဆောင်သည်တွေအားဆေးသောက်ရသလို ကျွန်တော်တို့ ဟာလည်းအားဆေးသောက်ရပါတယ်...အားဆေးဆို တဲ့နေ ရာမှာ အရက်တို့ ဘီယာတို့ ဆိုလိုမဟုတ်ဘူးနော်...သောက်လို့  ရတဲ့သဘောင်္ရှိသလို မသောက်ရတဲ့သင်္ဘောတွေအများကြီးပါ...။ ကိုယ့်ဘာသာကိုပျော်အောင် အပျော်လေးတွေရှာကြံရတာကိုဆိုလိုတာပါ
ကိုယ်ဝန်ဆောင်သည်တွေဟာ မိမိတို့ ကိုယ်ဝန်ကို OG ဆီမှာအပ်နှံထားသလို
ကျွန်တော်တို့ ဟာလည်း ကျွန်တော်တို့ article ကို သူကြီးဆီမှာအပ်ထားရပါ တယ်။ ကိုယ်ဝန်ဆောင်သည်တွေကိုယ်ဝန်ရင့်မာလာပြီဆိုရင် ၇ လ ၈ လပေါ့နော် မွေးခါနီးဖွားခါနီး ပေါ့ဗျာ...မလှုပ်နိုင်မကိုင်နိုင်ဖြစ်ချင်လာပြီး
ကိုယ်လေးလက်ဝန်ဖြစ်လာပါတယ်....။ကျွန်တော်တို့ လည်း ၇လ၈လလောက်ရောက်ရင် ကိုယ်လေးလက်ဝန်ဖြစ်လာပါတယ်....။
လရင့်လာရင်ကိုယ်ဝန်သည်တွေအားငယ်တတ်ကြပါတယ်....။ကျွန်တော်တို့ လည်း လရင့်လာရင် အားငယ်တတ်ကြပါတယ်....။ ကိုယ်ဝန်သည်တွေဒီအချိန်မှာ အရမ်းဂရုစိုက်ရပါတယ် ဘာလို့ လဲဆိုတော့
အခုချိန်မွေးရင် ကလေးပေါင်မပြည့်တတ်တာတို့ ညှပ်တာတို့ ဖြစ်တတ်ပါ တယ်။ ကျွန်တော်တို့ လည်းအခုနေ သင်္ဘောပေါ်ကဆင်း ရင် article ပေါင်မပြည့်ပါဘူး ညှပ်ပါတယ်....။ကိုယ်ဝန်သည်တွေ ၉ လ လွယ်လို့ 
၁၀ လဖွားပြီဆိုရင် သူတို့ သိပ်ပျော်ပါတယ် ရင်သွေးငယ်လေးကိုကြည့်ပြီး
ဝမ်းသာပီတီဂွမ်းဆီထိ ပျော်မဆုံးမော်မဆုံးပေါ့ဗျာ...။ကျွန်တော်တို့ လည်း
၉လကုန်လို့ ၁၀လထဲရောက် အိမ်ပြန်ရောက်ပြီဆိုရင် ကိုယ့် cdc ပေါ်က article တုံးလှလှ လေးကြည့်ပြီး ၀မ်းသာပီတီဂွမ်းဆီထိပေါ့ဗျာ.....။
ကိုယ်ဝန်ဆောင်သည်တွေဟာ ၁ လ တန်သည် ၄၅ ရက်တန်သည် မီးနေရပါတယ် မီးတွင်းလို့ ခေါ်ပါတယ်...။ ကျွန်တော်တို့ သင်္ဘောသားကိုယ်ဝန် သည်နဲ့ ကိုယ်ဝန်ဆောင်သည်အစစ်နဲ့  ကွာတာမီးမနေရတာတစ်ခုပဲရှိပါတယ်...။ တူတာတစ်ခုကတော့ ၁လတန်သည် ၄၅ရက်တန်သည် အိမ်မှာ နားကြပါတယ်ခင်ဗျာ......။
အခုတော့ ကျွန်တော် လရင့်နေပါပြီ ဂရုစိုက်နေရပါတယ် ကိုယ်လေးလက်ဝန်လည်းဖြစ်နေပါတယ်..အားလည်းငယ်ပါတယ်...။
အခုနေမွေးမှာကိုလည်းကြောက်ပါတယ် ... article လေးပေါင်မပြည့်မှာစိုးလို့ ပါ....။

သင်္ဘောသားသူငယ်ချင်းများအားလုံးအတွက်အားဆေးတစ်ခွ့က်ပါ

ချစ်ခင်လေးစားစွာဖြင့်
လင်းလက်

No comments:

Post a Comment