Sunday, May 5, 2013

အလုပ်ရှာ..ရ..ခက်ပါသည်..။


စီဒီစီလက်ထဲရပြီ..လိုအပ်တဲ့..လက်မှတ်တွေလည်းစုံပြီ..သဘောင်္တက်ဘို့..အခက်ကြုံနေသည်.ဆိုတဲ့..အသံတွေ..ကြားရပါတယ်..။
အဲဒီလို..ပြောကြတဲ့..လူငယ်တွေထဲမှာ..စိတ်ဓါတ်ကျလို့..ညည်းညူတဲ့သဘောပါတဲ့..အသံများပါသလို..
လောကကြီးကို..မကြေနပ်ပြီး..ပေါက်ကွဲသံစဉ်အပြည့်နဲ့..ဆဲဆို..နေတဲ့..လူငယ်များလည်း..ပါပါတယ်..။
။။။။။။။။။။။။။။။။။။။။။
ပထမဦးဆုံးပြောချင်တာက..ဒီလို..အလုပ်ရှာရခက်တဲ့..ပြဿနာဟာ..ခုမှ..ဖြစ်လာတာမဟုတ်ပါဘူး...။
နှစ်အဆက်ဆက်..ခေတ်..အဆက်ဆက်..ဖြစ်ခဲ့..ဖြစ်နေ..ဖြစ်လတ္တံ..အကြောင်းအရာ..တစ်ခုပါ..။
ကိုယ်တစ်ယောက်ထဲ..ဖြစ်နေ..ကြုံနေ..ခံစားနေရတာ..မဟုတ်ပါဘူး..။
ရှေ့က.အကိုများ..နောင်တော်များလည်း..ကြုံခဲ့..ခံစားခဲ့ကြရတာပါ..။
။။။။။။။။။။။။။။။။။။။။။
နှိုင်းယှဉ်..စဉ်းစားစေ..ချင်တာ..တစ်ခုက..
ဆယ်တန်းအောင်ပြိးနောက်..ငါးနှစ်..ခြောက်နှစ်..ဆက်လက်ပညာသင်ကြားခဲ့ရတဲ့..အင်ဂျင်နီယာဘွဲ့ရတိုင်း..အင်ဂျင်နီယာအလုပ်..မရကြပါဘူး..။
ဆရာဝန်ဘွဲ့ရပြီးသူတိုင်းလည်း..ဆရာဝန်ပညာနဲ့..အသက်မွေးဝမ်းကျောင်းနေကြရတာ..မဟုတ်ပါဘူး..။
ဒါကြောင့်..သဘောင်္သား..သင်တန်း..တက်ပြီးတိုင်း..သဘောင်္သား..ဖြစ်မလာကြတာကို..ရှေးက..ရှိခဲ့သလို..အခုလဲ..မြင်တွေ့နေရဦးမှာပါ..။
။။။။။။။။။။။။။။။။။။။။။
အင်ဂျင်နီယာဘွဲ့..ကို..ရဘို့..(၅)နှစ်လောက်ကြိုးစားခဲ့ရပြီး..အလုပ်မရတာ...ကို..စိတ်မနာတတ်ပေမဲ့..။ Pre Sea Engine တစ်လတက်ပြီး..သဘောင်္စက်ခန်းမှာ..အလုပ်မရတဲ့..အခါ..DMA နဲ့..SECD ..ကို..ထိုင်ဆဲ့..နေတာမျိုးကို.တွေ့တော့...နားလည်ရခက်ပါတယ်..။
။။။။။။။။။။။။။။။။။။။။။။
အလုပ်အကိုင်အခွင့်.အလမ်းကိစ္စက..နိုင်ငံတော်..အစိုးရရဲ့..ပေါ်လစီနဲ့ဆိုင်ပါတယ်..။
အစိုးရအဆင့်ကို..ဆိုလိုပါတယ်..။ ဌာနဆိုင်ရာ အဆင့်..ကိုပြောခြင်းမဟုတ်ပါ.ဘူး..။
ဒီနှစ်မှာ..စက်မှုအင်ဂျင်နီယာဘွဲ့ရ..၊ ဘီအီးဒီဘွဲ့ရ..၊ ဘယ်လောက်ကျောင်းဆင်းလာမလဲ..၊ စက်ရုံအလုပ်ရုံနဲ့..စာသင်ကျောင်းအရေအတွက်က..ဘယ်လောက်တိုးချဲ့နိုင်မလဲ..၊ အလုပ်အကိုင်အသစ်..ဘယ်လောက်ပေါ်နိုင်လဲ..၊ နိုင်ငံတော်ရဲ့.ဘတ်ဂျက်အနေအထားက..ဘယ်လိုလဲ..၊ တိုင်းပြည်ရဲ့..မွေးဖွားနှုန်း..သေနှုန်းက..ဘယ်လိုလဲ..စတဲ့..အခြေအနေတွေ..ကိစ္စတွေကို..နိုင်းချင့်..စီမံပြီး... နိုင်ငံတော်အဆင့်..အမျှော်အမြင်ရှိ...ပညာတတ်..လူကြီးများက..နှစ်ရှည်စီမံကိန်းဆွဲပြီး..စနစ်တကျ..စီမံရတဲ့..ကိစ္စမျိုးပါ..။
ဆယ်တန်းအောင်ချက်က..ဘယ်လောက်..တက္ကသိုလ်တက်မဲ့..အရေအတွက်က..ဘယ်လောက်..ဘယ်ဘာသာရပ်ကို..ကျောင်းသား..ဘယ်လောက်...လက်ခံမယ်..၊ ဘယ်နှစ်ခုနှစ်မှာ..ဘယ်ဘွဲ့ရတဲ့..ကျောင်းသား..ဘယ်နှစ်ယောက်..ကျောင်းဆင်းလာမယ်..၊ ဆိုတာမျိုးကအစ..စနစ်တကျ..တွက်ချက်..ခန့်မှန်း..စီမံ..အကောင်အထည်ဖော်ရတာပါ..။ ဒါမှလည်း..အလုပ်လက်မဲ့..နှုန်းကို..ထိန်းချုပ်လို့ရမှာပါ..။
မိုးယိုလို့..သက်ကယ်ပျစ်ကြားထဲ..ကြွတ်ကြွတ်အိတ်..ကောက်ထိုးထဲ့တာမျိုး..လုပ်လို့..မရတဲ့..အလုပ်မျိုးပါ..။
ဝန်ကြီးတစ်ယောက်ပြောင်းလို့..၊ အရင်လူလုပ်ထားတွေ..နားလိုက်..၊ ငါ့မူအသစ်နဲ့..သွားမယ်ဆိုတာမျိုး..မလုပ်သင့်တဲ့..မလုပ်ရတဲ့..စီမံချက်မျိုးပါ..။ ဆယ်နှစ်..အနှစ်နှစ်ဆယ်..ရေရှည်စီမံကိန်းချပြီး..ပြည်တွင်းပြည်ပ..ပညာရှင်တွေနဲ့..ညှိနှိုင်းတွက်ချက်..တွေးဆ..ပြင်ဆင်ရတဲ့..အလုပ်မျိုးပါ..။ တိကျတဲ့..Statistic စာရင်းအင်းများအပေါ်မှာလည်း..အခြေခံရပါတယ်..။
မြန်မာပြည်မှာ..အထက်ပါ..ကျွန်တော်တို့..ကြားဘူးတဲ့..အလေ့အထမျိုးမရှိခဲ့တာ..ကျွန်တော်တို့..တစ်သက်ဖြစ်မယ်..ထင်ပါတယ်..။
နိုင်ငံရေး..၊ စစ်ရေး.၊ အုပ်ချုပ်ရေး..အမြင်ရှုဒေါင့်များကို..အလေးထားပြီး..ပညာရေး..အမြင်နဲ့..ရှုဒေါင့်က..ချောင်နားမှာ..ရောက်ခဲ့တာကလည်း..အားလုံးအသိပါ..။
။။။။။။။။။။။။။။။။။။။။။။။
ဒါကြောင့်.လက်တဲ့စမ်း.ပညာရေးစနစ်ရဲ့..သားကောင်တစ်ဦး..ဖြစ်တဲ့..ရေကြောင်း..ပညာရေးမှာလည်း..အလုပ်အကိုင်အခွင့်အလမ်း..ပြဿနာ..ရှိနေခဲ့..ရှိနေဆဲ..ရှိနေဦးမှာပါ..။
။။။။။။။။။။။။။။။။။။။။။။။။
ဆရာတို့က..စင်ပေါ်ရောက်နေတော့..ပြောအားရှိတာပေါ့လို့..မဆိုပါနဲ့..။
ကိုယ်တွေ့လေး..ပြောပါရစေ..။
DMA မှာ..ဒု-ညွှန်မှူးအနေနဲ့..လုပ်နေခဲ့တဲ့..၂၀၀၂ မှာ..ကျွန်တော်..On Loan နဲ့..သဘောင်္ပြန်လိုက်ဘို့..အလုပ်ရှာခဲ့ပါတယ်..။
Chief Engineer လက်မှတ်ရှိပါတယ်..။ Chief Engineer Service ရှိပါတယ်..။ လက်ရှိ..ရေကြောင်းဌာနမှာ..ထိုက်သင့်တဲ့..ရာထူး..ရှိပါတယ်..။
အလုပ်ရှာရတာ..မလွယ်ပါဘူး..။ ဆရာ..လို့..ခေါ်ပြီး..အလုပ်ခန့်ဘို့ကြတော့..ငြင်းကြပါတယ်..။ တောင်းလဲတောင်းချင်..တောင်းလို့လဲ.မကောင်းတော့..မခန့်တာမျိုးရှိသလို..။ Chief Engineer Service က..၂စီးဘဲ..ရှိလို့..နည်းလို့ဆိုပြီး..ငြင်းတာလည်း..ရှိပါတယ်..။ ကုမဏီ ၁၀ ခုကျော်ပါတယ်...။ အလုပ်မရပါဘူး..။ နှစ်လကျော်ကြာပါတယ်..။ နောင်..အလုပ်ပေါ်ရင်..အကြောင်းကြားပေးပါ့မယ်.. ဆရာလို့..ပြောပြီး..ကန်တော့ဆွမ်းလောင်းပါတယ်..။
တစ်ချို့..ကုမဏီများဆို..Agent နဲ့တောင်..၀င်တွေ့ခွင့်..မရပါဘူး..။ မအားလို့..၊ နိုင်ငံခြားဖုန်းပြောနေလို့..။ CV တင်ခဲ့ပါ..ဆိုတာမျိုးလည်း..ကြုံခဲ့ရဘူးပါတယ်..။
ဝက်ဖြစ်မှတော့..မစင်ကြောက်လို့..မရဘူးလို့..နားလည်ပါတယ်..။ ကိုယ့်မာနကို..ခ၀ါချပြီး..သာမာန်..သဘောင်္သားတစ်ယောက်လိုဘဲ..အလုပ်လျှောက်ပါတယ်..။CV တွေ..တစ်ထပ်ကြီး..ကူးပြီး..လိုက်လျှောက်ပါတယ်..။ မရတော့လဲ..CV ထားပြီး..ပြန်ခဲ့ပါတယ်..။ နောက်၂လကျော်..အကြာမှာ..သူငယ်ချင်းမိတ်ဆွေ..တစ်ယောက်ကောင်းလို့..အလုပ်ရပါတယ်..။ ကိုယ်တွေ့ပါ...။
။။။။။။။။။။။။။။။။။။။။။။။။။
၂၀၀၇ မှာ..အလုပ်က..ထွက်ပြီး..သဘောင်္ပြန်လိုက်ဘို့..လုပ်ပါတယ်..။ အပေါ်က..အတွေ့အကြုံမျိုးကို..ဘဲ..ထပ်ပြီး..ကြုံရပြန်ပါတယ်..။
ကိုယ်တွေ့..(၂) ကြိမ်ရှိပါတယ်..။
။။။။။။။။။။။။။။။။။။။။။။။။
သဘောင်္လောကမှာ..အလုပ်အကိုင်ပေါများခြင်း..၊ ရှားပါးခြင်းက..၊ တလှည့်စီဖြစ်တတ်ပါတယ်..။ အလုပ်အကိုင်ရှားပါးတဲ့..အခါမျိုးမှာ..၊ အရာရှိကြီးများတောင်..အလုပ်အကိုင်ရဘို့..ခက်ပါတယ်..။
အခု..နှစ်ပိုင်းတွေမှာ..ရေကြောင်းလောက..သဘောင်္လောကမှာ..ပျက်ကပ်ဖြစ်နေချိန်မို့..အလုပ်ရှားပါတယ်..။ ဒီတော့..လူသစ်များ အတွက်..အလုပ်အကိုင်ရှားပါးမှာ..သဘာဝပါ..။
ရှားပါး..ပြီး..စောင့်ဆိုင်းနေရတဲ့..ကာလမှာ..
လောကကြီးကို..မကြေနပ်ချက်တွေနဲ့..ဆဲနေ..အော်နေမဲ့..အစား..
ကိုယ် English Skills ဘယ်လောက်ရှိလဲ..သုံးသပ်ပါ..လိုအပ်ရင်ဖြည့်ဆည်းပါ..။
ကိုယ့် Professional Skills ဘယ်လောက်ရှိလဲ..သုံးသပ်ပါ..လိုအပ်တာကို..လေ့လာ..သင်ယူပါ..။
ဒါမှ..ယှဉ်ပြိုင်မှုများတဲ့..ကာလမှာ..တစ်ခြားလူတွေထက်..ကိုယ်က..သာမှာ.၊ လိုအပ်ချက်နည်းမှာ..ပေါ့..။
။။။။။။။။။။။။။။။။။။။။။။။။
နောက်တစ်ခု...
ရိုက်ကြေး..ကိစ္စက.. Supply & Demand ပေါ်မှာ..အခြေခံပါတယ်..။
Demand နည်းရတဲ့..အကြောင်းရင်းထဲမှာ..
(၁) သဘောင်္လောက..ကိုယ်တိုင်က..အခြေအနေမကောင်းတာ..ပါပါတယ်..
(၂) မြန်မာ..သဘောင်္သားများရဲ့..English Skills & Prefessional Skills အားနည်းလာတာလည်း..ပါပါတယ်..
(၃) မြန်မာ..သဘောင်္သားလူငယ်..(တစ်ချို့) ရဲ့..တာဝန်သိစိတ်..တာဝန်ယူစိတ်..လေ့လာသင်ယူလိုစိတ်..နည်းပါးတဲ့.. Mind set နဲ့
     အလုပ်ကို..၀တ်ကျေတန်းကျေ..လုပ်တာ..၊ ဖျက်လိုဖျက်ဆီးလုပ်တာ..၊ တွေ..နိုင်ငံခြားကုမဏီ..တစ်ချို့က..ခံစားရလို့..
     မြန်မာဆို..မခေါ်နဲ့..ဆိုတာမျိုးတွေ..ရှိလာတာလည်း..ပါပါတယ်..။
(၄) တရုတ်ပြည်က..သဘောင်္သားလောကမှာ..အလုံးအရင်းနဲ့..၀င်လာနေတာလည်း..ပါပါတယ်..။ အလုပ်အကိုင်အခွင့်
     အလန်းအတွက်..သူ့လူမျိုးအသာစီးရမဲ့..အနေအထားကိုလည်း..အစိုးရက..ဖန်တီးပေးတာလည်းပါပါတယ်..။
။။။။။။။။။။။။။။။။။။။။။။။။။။
နောက်တစ်ခု...
ကျောင်းဆရာလုပ်ရင်..မြေဖြူကိုင်ရမယ်..မြေဖြူမှုန့်..ပေနိုင်တယ်..။ ရှုရနိုင်တယ်.။ အဆုတ်ရော၈ါရနိုင်တယ်.. (မြို့ကျောင်းမပါ..)
စစ်ဗိုလ်လုပ်ရင်..သေနတ်ကိုင်ရမယ်..။ တိုက်ပွဲဝင်ရမယ်..။ အသက်စွန့်ရနိုင်တယ်..။ ကိုယ်လက်အင်္ဂါ..ဆုံးရှုံးနိုင်တယ်..။
စက်မှုအင်ဂျင်နီယာလုပ်ရင်..ဆီဂျေး..ပေမယ်..။ ချွေးထွက်မယ်..။
သဘောင်္သားလုပ်ချင်ရင်..အလုပ်ရဘို့...စောင့်ရတယ်..စိတ်ရှည်ရတယ်..။ အလုပ်ရတော့လဲ.. အလုပ်ကြိုးစားရတယ်..။ လေ့လာသင်ယူရတယ်..။ အလုပ်ထဲမှာ..ဒုက္ခိတဖြစ်နိုင်တယ်..။ သေနိုင်တယ်..။ အလုပ်လုပ်ပြီး..လစာမရ..ဖြစ်နိုင်တယ်..။
။။။။။။။။။။။။။။။။။။။။။။။။။။။
ပြောချင်တာက...
ကျောင်းဆရာလုပ်ဖို့..ဘယ်သူမှ..အုန်းပွဲ..ငှက်ပျောပွဲနဲ့..လာပင့်တာမဟုတ်ဘူး..။ ကိုယ်ရွေးချယ်.တာ...။ ကိုယ့်ဖာသာ..အလုပ်လျှောက်ပြီး..ကိုယ့်ဖာသာအလုပ်ဝင်လာ..တာ..။
စစ်ဗိုလ်လုပ်ဘို့..အိမ်ကို..ဆင်နဲ့.ဝေါနဲ့...လာပင့်တာ..မဟုတ်ဘူး..။ ကိုယ့်ဖာသာ..အလုပ်လျှောက်ပြီး. ၀င်ခွင့်တွေဖြေ..ပြီး..ရချင်လွန်းလို့...ကိုယ့်ဖာသာရွေးချယ်..လှုပ်ရှားကြိုးစားခဲ့တာ..။
သဘောင်္သားလုပ်ပါ..ဆိုပြီး..DMA နဲ့..ရေကြောင်းဘက်ဆိုင်ရာ..နိုင်ငံတော်ကဖွင့်ထားတဲ့..ကျောင်းတွေက.အိမ်ကို...အတင်းလာခေါ်ပြီး..တက်..ခိုင်းထားတာ..မဟုတ်.ပါဘူး..။ ကိုယ်လုပ်ချင်လို့..ကိုယ့်ဖာသာ..ကိုယ်ရွေးချယ်ပြီး..လျှောက်လှမ်းလာခဲ့.ကြ..တာ.ပါ...။
။။။။။။။။။။။။။။။။။။။။။။။။
ကိုယ်လျှောက်တဲ့..လမ်းမှာ..ဘာတွေရှိတယ်..ဘယ်လိုကြုံတွေ့ရတယ်..ဆိုတာကို..မလုပ်ခင်..မရွေးချယ်ခင်..လေ့လာရမှာက..ကာယကံရှင်များရဲ့..တာဝန်ပါ..။ညွှန်ပြရမဲ့..မိဘများ..ဆရာများ..တာဝန်ပါ..။
လျှောက်နေရင်း..လမ်းကရှည်နေ..ကြာနေ..တော့..၊ စိတ်တိုပြီး..လမ်းပေါ်မှာ..အော်ဆဲနေလို့..ကူညီသူ..ပေါ်လာနိုင်ဘို့..မရှိပါဘူး..။
အလိုမကျရင်..ဆဲမယ်..ကန့်လန့်တိုက်မယ်..ဖျက်လို..ဖျက်ဆီးလုပ်မယ်..ဆိုတဲ့..စိတ်မျိုးကလည်း..သဘောင်္သား..အလုပ်နဲ့..မကိုက် ညီပါဘူး..။ သင်္ဘောအလုပ်က..Team Work အလုပ်ပါ..။ သဟဇာတ..ဖြစ်အောင်..နေတတ်..စားတတ်..ဘို့..လိုပါတယ်..။ ထက်အောက်..အပြန်အလှန်..လေးစားတတ်ဘို့လည်း..လိုပါတယ်..။
အဲဒီလို..မင်းသားကြီးမလုပ်ရရင်..ပတ်မကြီးကို..ထိုးခွဲပစ်မယ်..ဆိုတဲ့..စိတ်မျိုးရှိတဲ့..လူငယ်..လူ၇ွယ်..တစ်ချို့ကြောင့်လည်း..သဘောင်္လောကမှာ..မြန်မာ့..နံမည်..မြန်မာ..ဂုဏ်သိက္ခာ..မြန်မာ..အလုပ်အကိုင်..ကျဆင်းခဲ့ရတာပါ..။
။။။။။။။။။။။။။။။။။။။။။။။
ဒေါ်လာ..ဘဲ..မြင်ပြီး..ပေးဆပ်ရမှာတွေ..ရင်းနှီးရမှာတွေ..ကို..မမြင်တာကတော့.အတွေး..အမြင်..ကျယ်ကျယ်တွေးဘို့..လိုတာကို..ပြပါတယ်..။
။။။။။။။။။။။။။။။။။။။။။။။
ထပ်ပြောပါရစေ...
အလုပ်အကိုင်..ရှာရခက်ပါတယ်..။ ကြန့်ကြာပါတယ်..။ ငွေကြေးလည်း..ကုန်ကျနိုင်ပါတယ်..။
မ၀င်ခင်..စဉ်းစားပါ..။
။။။။။။။။။။။။။။။။။။။။။။။။။။
နောက်တစ်ချက်ပြောချင်တာက.. သဘောင်္သားက..စာတတ်ရပါတယ်..။ စာဖတ်ရပါတယ်..။
စာပေပညာ..သိပ်တတ်စရာမလိုတဲ့..သဘော..ဆောင်တဲ့..အနေအထားမျိုးက..မြန်မာဗီဒီယိုတွေ..ရုပ်ရှင်တွေ..ထဲမှာဘဲ..ရှိပါတော့တယ်..။
တစ်ကယ့်လက်တွေ့မှာ..နိုင်ငံတစ်ကာမှာ..သဘောင်္သား..ဆိုတာ..စာတတ်..ပေတတ်မှ..အလုပ်လုပ်လို့..ဖြစ်ပါတယ်..။ ရှေ့တက်လမ်းရှိပါတယ်..။
အင်္ဂလိပ်စာ..Yes, No လောက်..တတ်ပြီး..အိုင်နိုး..ယူနိုး..နှစ်ယောက်နိုးတော့..သူခိုး..မခိုး..နိုင်တော့ဘူး..။ ဆိုတာမျိုးလောက်နဲ့..အရာရှိဖြစ်ချင်လို့..ရတဲ့..ခေတ်မဟုတ်ပါဘူး..။
Sea Time လေး..တစ်နှစ်..နှစ်နှစ်လည်း..ရရော..အင်္ဂလိပ်စာလည်းမတတ်ဘဲ..အရာရှိဖြစ်ချင်နေသူတွေ..ရှိနေလို့ပါ..။
ဖြစ်ချင်တာကို..မတားပါဘူး..။ ဖြစ်ချင်ရင်..ဖြစ်အောင်..ကြိုးစားပါ..။ တကယ်လုပ်ရင်..ရပါတယ်..။
ဒါပေမဲ့.. ဖြစ်ချင်တာ..တစ်ခုထဲနဲ့..ကြိုးလည်းမကြိုးစားဘဲနဲ့..လိုဘ..မပြည့်ရင်..ဆဲနေတာမျိုးကတော့..ဖြစ်သင့်မသင့်..၊ စာမေးပွဲတွေ..တန်းချပေးပါ..။ တန်းလုံးကျွတ် အောင်အောင်လုပ်ပေးကြပါဆိုတာတွေက..လွဲမှားတဲ့..အတွေးတွေပါ..။
Quantity Control ကို..ဦးစားပေးခဲ့တာကြောင့်..ခေါ်သူနည်းနေရတဲ့..ကြားမှာ..Quality လျော့ခိုင်းတာက..ရေရှည်မှာ..ဆိုးကျိုးကိုဘဲ..ပေးမှာပါ..။
။။။။။။။။။။။။။။။။။။။။။။။။
လက်ခုပ်..အတီးခံချင်လို့..ဒီစာကို.ရေးတာမဟုတ်ပါဘူး..
အဆဲခံရမှာကို..မျှော်လင့်ပြီး..ရေးတာပါ..။
ဆဲပါ...ဆဲပြီး..ရင်..တွေးပါ..။
တွေးပြီးရင်..လုပ်သင့်တာ..လုပ်ပါ..။ ရွေးသင့်တာကို..ရွေးပါ..။
လျှောက်သင့်တယ်..ထင်ရင်..ဆက်လျှောက်ပါ..။
လှည့်သင့်တယ်..ထင်ရင်..နောက်ပြန်လှည့်ပါ..။
။။။။။။။။။။။။။။။။။။။။။။။။
အချိန်တွေ..မကုန်စေချင်လို့ပါ..။
။။။။။။။။။။။။။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း ကျောင်းဆရာ..
။။။။။။။။။။။။။။။။။။။။။။။

1 comment:

  1. Great beat ! I wish to apprentice while you amend your web site, how can
    i subscribe for a blog website? The account helped me
    a acceptable deal. I had been a little bit acquainted of
    this your broadcast provided bright clear concept

    my web-site :: ハミルトン 時計

    ReplyDelete