Tuesday, May 7, 2013

အိပ်မက် မက်ခဲ့သည့်တစ်ည...


သင်္ကြန်ရက် အတော အတွင်း ညဘက်ပျင်းပျင်း ရှိတာနှင့် 5-MOVIE မှထုတ်လွှင့် ပြသ သော အစီအစဉ်တစ်ခု ကို ကြည့် လိုက်မိတယ်။ အစီအစဉ်ရဲ့ ခေါင်းစဉ် နာမည် ``ရပ်တည်မှုများ´´လို့ပဲ မှတ်မိတယ်။ အကြောင်း အရာကတော့ ရွှေမင်းသား အိမ်ခြံမြေ အကျိုးတော်ဆောင်ကုမ္မဏီ ရဲ့ MD(Managing Director) ကိုမြတ်သူဝင်း ကိုအင် တာဗျူး နေခြင်း ဖြစ်ပါတယ်။

ကျွန်တော်ကြည့် ဖြစ်တဲ့ အချိန်မှာ အဆိုပါ MD ဟာ ထိုင်နေတဲ့ ဆိုဖာ ခုံထက် လျှော့ပြီး ထိုင်နေတဲ့ ပုံ ပေါက်နေပြီး ရှေ့ မှစားပွဲ ဟာ ရင်ဘတ် နီးနီး လောက်ရောက် နေတော့ ကြည့် ရတာ စမတ် မကျ ဘူးဟု စိတ်ထဲမှာ ကျွန်တော် ကောက်ချက်ချမိလိုက်တယ်။ နောက်တစ်ချက် က M/D ဟာ လေးလေးနက်နက် နဲ့ COMPANY အကြောင်း ပြောနေတော့ စကားလုံးတွေ ကအတော်ကြီးကျယ် နေတယ်လို့ စိတ်ထဲမှာတွေးမိတယ်။ အဲ့အချိန် သင်္ကြန် အစီအစဉ်တွေ ကို အခြား လိုင်းတွေ ကပြနေတော့ ဒီ အစီအစဉ် မကြည့်ဘဲ အခြားအစီအစဉ်ပြောင်းကြည့် ဖြစ်တယ်ပေါ့။ ပျင်းလာတော့ လိုင်းပြန်ပြောင်း ကြည့်တော့ ကို မြတ်သူဝင်း(MD/ရွှေမင်းသားဖောင် ဒေးရှင်း)ဖောင်ဒေးရှင်း အကြောင်း ပြောပြနေ တာတွေ့ ရတော့ ဒီအစဉ် ကတစ်မျိုး ပဲ ပေါ့။

ခုဏ တုန်းကရွှေမင်းသား အိမ်ခြံမြေ အကျိုးတော်ဆောင်ကုမ္မဏီအကြောင်း ခုပြပြန်တော့ ရွှေမင်းသား ဖောင်ဒေးရှင်း အကြောင်း ဆို တော့မျက်စိ လည်သွား ပြီး ဆက်ကြည့်နေ မိတယ်။ ရွှေမင်းသား ဖောင်ဒေးရှင်း သည် ``မသန်စွမ်း ၆၀၀၀´´ ဦးရေ ကို အလုပ် အကိုင် ပေးထား နိုင်တဲ့ ဖောင်ဒေးရှင်း ဖြစ်တယ်ဆို တာသိ လိုက်တော့ ပို ပြီး စိတ်ဝင်စား သွားလို့ဆက်ကြည့်မိတယ်။
ထပ်ပြီး စိတ်ဝင်စားတာ က ``မသန်စွမ်း´´ တစ်ဦးကို ခေါ်ပြပါဆိုလျှင်တော့ ထို ကိုမြတ်သူဝင်း M/D ကို ချက်ခြင်းခေါ်ပြ ရမည် ဖြစ် ပါတယ်။(မသန်မစွမ်း မဟုတ်ပါ မသန်ပေမယ့်စွမ်း ပါသည်)။ တစ်ပြိုင် နက်တည်း ကျွန်တော်မှား သွားကြောင်း သိလိုက်မိတယ်။ ပထမဦးစွာ အစီအစဉ်တုန်း က ကျွန်တော် ထို MD ကို မသန်စွမ်း တစ်ဦးဖြစ်ကြောင်း မသိပဲ စိတ်ထဲမှာ ဝေဖန်အပြစ်တင်မိ လိုက်တယ်။ အကြောင်းအရာတစ်ခု ကို ထဲထဲဝင်ဝင် မသိပဲ ဝေဖန်မိလိုက် တယ်။ တစ်ပြိုက်နက်ထဲ ထို M/Dကို လေးစားတဲ့စိတ် သူ့အလိုလို ဝင်လာပါ တယ်။

ဘာကို လေးစားလဲ?

စိတ်ဓာတ် ကို လေးစားတယ်။ သူ့ ရဲ့ ရွှေမင်းသား အိမ်ခြံမြေ အကျိုးတော်ဆောင် မှ ရတဲ့ အကျိုး အမြတ် ငွေ ရာခိုင်နှုန်း အချို့ နှင့် ရွှေမင်း သား ဖောင်ဒေးရှင်း ထောင်ပြီး သူ ခံစား ခဲ့ရတဲ့ စိတ်မျိုး ခံစား နေရသော သူ့လို လူမျိုး ကို ကူညီဖို့ ဖောင်ဒေးရှင်း တည်ထောင် ထားတယ်။ထိုလူများ ကို အားပေးတယ်။စိတ်ဓာတ်မကျအောင် စိတ်ဓာတ်ကို မြင့်ပေးတယ်။ အလုပ်အကိုင်ဖန်တီး ပေးတယ်။ ရင်းရင်းနှီးနှီး ဆွေးနွေးအကြံပေး ထားတာတွေ့ရတယ်။ သူဖောင်ဒေးရှင်းစလုပ်ဖြစ်ရခြင်း ကတော့ ကျွန်တော်အမြင် ကိုယ်ချင်းစာ စိတ် တစ်ခု ကို အခြေ တည် ပြီး ကူ ညီချင်စိတ် က အထောက်အပံ ပေးတယ်လို့ မြင်ပါတယ်။

သူ ဟာ လုပ်ငန်းရှင်(ပိုင်ရှင်)် တစ်ယောက် ဖြစ်သော် လည်း သူ့ အလုပ်ကို သူရှင်း ပြတဲ့ နေရာမှာ ကျွန်တော့ ကို ကျွန်တော့ ထက်သိတဲ့ တတ်တဲ့ လူများသင်ပေး ပါ။မှား နေတဲ့ နေရာတွေကိုအပြုသဘော နဲ့ အကြံပေးပါ။ ပြင်ပေးပါလို့ (ငါ ပိုင်ရှင်ပဲ ဆိုပြီး ငါစွဲ လုံးဝမတွေ့ရ) သူ နှင့်ဆက်ဆံဖူး တဲ့ အလုပ်အပ်တဲ့ လူတွေ။ သူဆီမှာ အလုပ်လုပ်တဲ့ လူတွေ ကို သူ လေးလေးစားစား ဆက်ဆံတယ်။

အစီအစဉ် ပြီးခါနီး သူပြောတဲ့စကား တော်တော်သဘောကျတယ်ဗျာ။ အကယ်လို့ပေါ့ နောက်ဘဝဆိုတာ ရှိရင်ပေါ့။ လူပြန်ဖြစ်ရင်လဲ ပြည့်စုံတဲ့လူဖြစ် ချင်တယ်( ငွေကြေး ကို ဆိုလို တာ မဟုတ်ပါဘူး တဲ့။)်
နွားဖြစ်ရင်လဲ ပြည့်စုံတဲ့နွား။ ငှက်ဆိုလျှင်လဲ ပြည့်စုံ ငှက်ပေါ့တဲ့။

(အချို့ စကားတွေ သိပ်မမှတ်မိ တော့ လို့အကျဉ်း သာဖော်ပြနိုင်ပါသည်)

အစီအစဉ်ပြီးတော့ ကျွန်တော် အိပ်ပျော်သွား တယ်။

ခဏနေတော့ အိမ်မက်မက်တယ်ဗျာ ။ အိမ်မက်ထဲမှာ ...............

ကျွန်တော် က ကုန်သင်္ဘောပိုင် သူဌေး လဲ သူဌေး အေးဂျင့် အကျိုးတော်ဆောင် လဲ ဖြစ်နေ တယ်။ ကျွန်တော့ မိတ်ဆွေများ ကလည်း သင်္ဘောသားအလုပ်အကိုင် တွေရှာပေး နေတဲ့ အေးဂျင့်တွေ သင်္ဘောပိုင် သူဌေး တွေပေါ့။

အိမ်မက် ဆက်မက် နေတယ်.........
ဒီလိုနဲ့ မိတ်ဆွေ အပေါင်းအသင်း ငါးယောက် လောက်(သင်္ဘောသူဌေး နဲ့ အေးဂျင့်များ) လက်ဖက်ရည် သောက်
ကျရင်း မိတ်ဆွေ တစ်ဦး ကပြောတယ်။

ငါတို့ သင်္ဘော လောက မှာ လူသစ်တွေအလုပ် ရဖို့ ခက် ခဲနေ ကြတယ် လို့ ကြားနေရတယ်။ အလုပ်ရှားလွန်းလို့အော် နေကြတယ်။

(တချို့ ဆို အော် လွန်း လို့ လိပ်ခေါင်း ထွက်ပြီး ဆေး ရုံတင်ထား ရတယ်ဆို။

တစ်ချို့ လဲ စိတ်ဓာတ် ကျ တာ အဝီ စိ အောက် ရောက်လို့ ငရဲ မင်း ကလူပြည် ကို ဖုန်း ဆက် ပြီး ဘယ်လို ဖြစ်လို့ ရောက်လာတဲ့ လူတွေ က သင်္ဘော သား လုပ်မည့် လူသစ် နှင့် new coc ကိုင်ထား တဲ့ လူတွေ ချည်း ပါပဲလား။)

ကဲငါတို့ မိတ်ဆွေငါးယောက်ဒီလို လုပ်ရင်ကောင်း မလားကွ။

ဘယ်လို လုပ်မှာလဲကွ။

ငါတို့ တွေလူသစ် သင်္ဘေား သား အယောက်၅၀လောက် ခေါ် မယ် ပြီးရင် စာမေးပွဲ စစ်မယ် ။အင်တာဗျူး မယ်။ အတော်ဆုံး ၁၀ယောက် ကို မိတ်ဆွေ တစ်ယောက် ကို နှစ်ဦး စီလောက် တာဝန်ယူ ပြီး အလုပ်ပေး နိုင် မလား။company မှာစာ သင်ပေးမယ်အရည် အချင်း ပြည့်ဝမှ သင်္ဘော ပေါ် တင်ပေး မယ်။ဒါဆို ကြိုးစား ချင်တဲ့ လူသစ်။အခက်အခဲ က ရုန်းထွက်ဖို့ ကြိုးစား နေတဲ့ လူသစ်တွေ အတွက် လမ်းပွင့်သွား သလို ငါတို့ တွေလဲ တစ်ကယ် ကြိုးစားမည့်လူ သစ်တွေ ကို ရွေးယူလိုက်ရုံ ပင်။
မိတ်ဆွေ တစ်ဦး ကို လူသစ် နှစ်ဦး လောက် ဆိုရင် တာဝန်မကြီး ဘူးပေါ့။ဘယ်လို လဲ ဟုမိတ်ဆွေ တစ်ဦးမှ လက်ဖက်ရည် သောက်ရင်း စကားစ ပြောတယ်။

အိမ်မက်မက်နေတုန်း အိမ်မက်ထဲမှာ စကားတွေပြော နေတာပေါ့.......,

ဒါဆို ငါတို့ လူသစ်သင်္ဘော တင်ပေးနေတဲ့ အတိုင်း ဘယ်လို ရိုက်ကြေး ရတော့မှာ လဲ။ ခုပုံစံ ကတစ်ယောက်ထွက်ရင် အနည်းဆုံး ဘုံး ၃၀ လောက်တော့ ရိုက်ယူ လိုက်ရုံပဲလေ။မိတ်ဆွေ တစ်ဦးမှ ထပြောလိုက်သည်။

အိမ်မက်မက်နေတုန်း......

မင်းတို့ ငါတို့ တွေ ရိုက်ကြေး ဘုံး၃၀ လောက် နှစ်ယောက် လောက်မယူ ပဲ သင်္ဘောတင်ပေးလို့ စီးနေတဲ့ ကားနဲ့ အိမ်ခြံသူများ မရောင်း ရပါဘူး ကွာ။

အိပ်နေရင်း တစ်ဖက်သို့ လှိမ့် လိုက်သည်.....ခေါ..ခေါ ...ခလူး

တစ်ယောက်က ထပြောသည်။
သင်္ဘောသား တစ်ယောက် တက်ရင် ရာခိုင်နှုန်း အားဖြင့် ဘယ်လောက် အကျိုးအမြတ် ရလဲ မင်းလဲ သိတာပဲ။ငါလဲသိတာပဲ။ မြွေ မြွေ ချင်း ခြေ မြင် ပါတယ်။ ဘယ်သူ မှ သူရဲကောင်း မလုပ်ပါ ဘူး။အလုပ်မရှိ ဘူး ။ သင်္ဘောတွေရပ်ထား တယ်။ အကြောင်းပြချက် တစ်ခု ခု ပေးလိုက် ကွာ .....

နောက်ဆုံး ပေးစရာ အကြောင်း ပြချက်မရှိရင်......လွင်မိုး ခရီးသွား နေသည်ပေါ့ ကွာ။

လူသစ် နှင့် NEW COC လက်မခံ ပါ ဆိုပြီး စာရေး မလေးတွေ ကို ပြောထား လိုက်။ နေလှန်း ထားလိုက်။ နေလှန်း တာ ကြာ ရင်သူတို့ဘာသာ လမ်းကြောင်း ရှာ လိမ့်မယ်။ ငါတို့ တံခါးပေါက်အကုန်ပိတ်ထား တာမဟုတ်ဘူးလေ တစ်ပေါက် တော့ဖွင့်ထား ပါတယ်။ နောက်ဖေး ပေါက်.......
(နောက်ဖေး ပေါက်ဖွင့်ထား လို့ ငါ့အိမ် ရှေ့ က passport တစ်အုပ်ပဲ ရှိတဲ့ လူ က ဘယ်လို ကနေပြီး သင်္ဘော တက်သွား တယ် လဲမသိ ပြန်ရောက် လာတာ ကိုယ်တောင် ပြန်မေး သွားသေးတယ် မတက်သေး ဘူးလားတဲ့....့
ဟုတ်ကဲ့ စာမေးပွဲ အောင် ပြီး အလုပ်လိုက်လျှောက်နေဆဲပါ။

ခင်ဗျားရော ဘယ်တုန်း ကဘယ်လို ထွက်ပြီး ဘယ်လို ပြန် လာရတာလဲ။.......အကို ကအတု(အမှောက်)
ဆိုတော့ မင်းတို့လို အစစ်လောက် မမာ နိုင်ဘူး/အားမကျနဲ့ မင်းတို့ အစစ်တွေ လက်မထောင်လို့ရတယ် လစာမရတာ။အပိုအလုပ်ချိန်
မရတာ။ လူလူသူသူ မစား ရမသောက်ရတာ တွေ ပြန်ပြောလို့ ရတယ်။
အကိုတို့ အမှောက် တွေ က ကံပေါ့ နော် က ကြီးကို သေးသေးတင်နဲ့ ကံ (သို့)က ကြီးကို န သတ်နဲ့ ကန် လဲဖြစ်နိုင်တယ်ကွ။)

ခေါခလူး....ခေါ..အိမ်မက်မက်နေ သည်။်

ကျန်တဲ့ တစ်ယောက်ကတော့ ဘာမှ မပြောဘူး လူအများ လုပ်ရင် သူလဲ လုပ်မယ်ပေါ့။ မျှောလို့ ရသလောက် မျှောထား မယ်ပေါ့။

နောက်တစ်ယောက် က ခါးခါး သီးသီးပဲ။ မင်းတို့ တိုးတိုး နေကြ။ဘာမှ မပြောနဲ့။ တော်ကြာ တာဝန်ရှိ တဲ့လူ တွေ က ကုမ္မဏီ တစ်ခု ကို တစ်နှစ် နှစ်ယောက်လွှတ်ပေး စေဆို ရင်....သက်သက် တာဝန်ယူ နေရအုန်း မယ်။

................
အိမ်မက်မှနိုး လာသော် နယ်ပယ်ဒေသ အသီးသီးတွင် ဦးမြတ်သူဝင်းလို စိတ်ထား မျိုး ရှိတဲ့လူ မျိုး နှင့် တွေ့ရ ပါစေ လို့ ဆု တောင်း မိတယ်။

ဒိုင်ကိုင်ရင်လျှော် တစ်လှည့် စား တစ်လှည့်ပေါ့။

ကျွန်တော် NEW COC နဲ့ အသိသူငယ်ချင်း ညီလေး BEST အောင်ပြီး သင်္ဘောသား အသစ်လေး မနက်ဖြန် COMPANY တွေလိုက်ပြီး CV တင်လိုက်အုန်း မယ်ဗျာ ။ မဆုံးတဲ့ခရီး ပေါ့ ဆက်လျှောက်ဆဲ ပါ။

အမရေ ALL TICKET မိတ္တူ အစုံ ၅၀ လောက်......
ညီလေး မင်းဘယ်နှစ် စုံလဲ အကို ကျွန်တော် အစုံ ၈၀လောက်။

အေးကောင်းတယ် လိုက်သာတင် မရလဲ အရှုံးမရှိဘူး။

စာကြွင်း.......
အေးဂျင့်တိုင်း ရိုက်ကြေး မယူပါ။ ဦးမြတ်သူဝင်း(ရွှေမင်းသား ဖောင်ဒေးရှင်း)လို စိတ်ဓာတ်မျိုး ပိုင်တဲ့ အေးဂျင့် များ စွာရှိပါတယ်။ မှားတာ ရှိရင် တောင်းပန်ပါတယ်။..

အစုံ ၅၀ နဲ့ အစုံ ၈၀ မိတ္တူ တစ်ချက်တော့ ထိမှာ ပါ။
ညီရေ မင်းကူညီရမှာ တော့ အားတော့ပျော့သား ငါတို့တောင် မင်းတွေ့တဲ့အတိုင်း ပဲ။

လာကွာ ငါတို့လဲ ခေတ်မှီသွား အောင် အွန်လိုင်း မှာသီချင်းတင်ထား တဲ့ကောင်လေး လို
အလုပ်မရှိ လဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲ

ပြောပါ အကိုတို့ ဘယ်လိုင်းတွေ ခေါ်လဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲ။
XD@MSU

1 comment:

  1. ခဏတော့စိတ်အမောပြေသွားတယ်။ကျွှန်တော်လည်းအကိုအိမ်မက်ထဲကလိုမိတ္တူ
    အစုံ50 80 လောက်ကူးထားမှထင်တယ်။ဓါတ်ပုံလည်းကူးရမယ်။MSU က COMPANY LIST ကိုယူပြီးလိုက်တင်တော့မယ်။လိုင်း160လောက်ရှိတယ်။အစုံ
    160လောက်ကူးထားမှထင်ထယ်။NICKY သီချင်းကလိုအချိန်တန်တော့လဲလဲလဲ
    လဲလဲလဲလဲလဲလဲ။:)

    ReplyDelete