Thursday, May 23, 2013

မလာပါနဲ့... [ သင်္ဘောသားရင်ဖွင့်သံ (၁၃)... Seamen's Voice-13 ]



မလာပါနဲ့(တေးရေး-ကေအေတီ...တေးဆို -မျိုးကြီး မဟုတ်ပါဘူးလို့)


Best အောင်သင်္ဘောသားအသစ်ဆိုတော့ ထုံးစံအတိုင်း ရိုက်ကြေးပေးပြီးကြားလိုင်းမှာ တတ်ရတာပေါ့။

 ရှေ့က သွားတဲ့နောင်တော်တွေလို မလေးပေါ့ဗျာ။လစာကိုတော့ ဘယ်လောက်ရမယ် ဘယ်၍ရမယ်ဆိုပြီးစာချုပ်ပါတယ်။ သူတို့ပြောတဲ့အတိုင်းပါပဲ တစ်ခါမှ မှန်မှန်ကန်ကန်မရပါဘူး။ ဘုရားစူးပါဗျာ။ ဒါတင်ဘယ်ကမလဲ ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို အေးဂျင့်ကြေးဆိုပီး တစ်လစာနီးပါဖြတ်သဗျ။ ကိုင်း ဘယ်သူကို ပြောမတုန်း။ မတတ်နိုင်တော့လဲ ဖြတ်ဟ ဆိုပီး ငြိမ်ခံရတယ်ဗျ။ကျွန်တော့်ဘော်ဒါဆို လဆန်း ၈ ရက်နေ့ရောက်တာ လကုန်တော့ လစာမရတဲ့အပြင် အကြွေးပါထပ်တင်တယ် ဖြတ်ပုံများပြောပါတယ်။ သင်္ဘောလား တပ်ဘုတ်လားမေးရင်တော့ တပ်ဘုတ်မဟုတ်ပါဘူး။

 ဒါဆို သ င်္ဘောပေါ့။ဒါလဲ မဟုတ်ပြန်ဘူး။ သင်္ဘောပုံချိုးထားတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်းပါ။ဒါဆို ပစ္စည်းတွေစုံလား။ ဟုတ်ကဲ့ ဝှီးရယ်ဂီယာရယ် လီဗာရယ် ဒါပဲပါပါတယ်။ ဇိမ်ခံပစ္စည်းဆိုတာကတော့ ဝေးပေါ့။ ဘာမှကို မရှိတာ။အော် မေ့လို့ ကျန်တာတွေလဲမလိုဘူးလေ။ အလွန်ဆုံးမောင်း တစ်နာရီပေါ့။ မြစ်ထဲမှာပဲသွားတာ မလား။ အစားအသောက်ကတော့ ကိုယ့်ဟာကို ချက် မတတ်ရင်ငတ်ပဲ။ထမင်းဖိုးပေးတာကလဲ မသေယုံတမယ်။ တူနယ်တဲ့နယ်။ ကြိုက်သလောက်စား ကိုယ့်လစာနဲ့ကိုလို့။ခ်ခ်ခ်။ ဟီဟိ ကမ်းမမြင် လမ်းမမြင် သင်္ဘောသားမဟုတ်ဘူးဗျ။ ညတိုင်း ကမ်းပြန်အိပ်တဲ့ သင်္ဘောသားဗျ။ ဒါလဲတစ်မျိုးကောင်းပါ့။အန္တရယ်ကင်းကင်းနဲ့sea services ရတာပေါ့။ အတွေ့ကြုံတော့ မရဘူးပေါ့ဗျာ။

 ကြော်ငြာ ဝင်မယ်ဗျာ။ ကျွန်တော်က ကဗျာသမားဆိုတော့ ကဗျာတစ်ပုဒ်ရေးပီး တင်ဖြစ်တယ်။ ဟီဟိ ပင်လယ်ထဲလဲမသွား ကုန်ကုန်ပြောရရင် ပင်လယ်ကိုတောင်ရုပ်ရှင်တွေထဲပဲ မြင်ဖူးတဲ့ ကျွန်တော်က အောက်က ကဗျာကို စိတ်ကူးယဉ်ရေးသဗျ။
ပင်လယ်လှောင်အိမ်ထဲက ကောင်လေး
လွမ်းသသ ခေါ်သံတွေသူ့ရင်ထဲမှာပဲ့တင်လို့ ချစ်သူမကြားနိုင်ပေမယ့်
သူ နေဝင်ချိန်ရောက်တိုင်း တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုးညည်းဆိုဟစ်အော်နေမိရဲ့
အလှမ်းဝေးလိုက်တာလေ
မိုင်တွေ ဘယ်လောက်ခြားနေပီလဲသူ မသိဘူး
ကြည့်လေရာရာကအနက်ရောင်ရေတွေ
ဘယ်ကို ဦးတည်နေသလဲ ဆိုတာ
သူ တကယ် မသိဘူး
သက်ပြင်းမောတွေ ရှိုက်လို့မနက်ခင်းတိုင်းက ပူလိုက်တာကွယ်ချစ်သူနဲ့တွေ့ရဖို့ ဒီစက္ကန့်တံလေး အပတ်ပေါင်း ဘယ်နှစ်သန်း လည်ဖို့လိုသေးလဲ
သူ မရေတွက်တတ်ဘူး
ကိန္နရီ ကိန္နရာ မဟုတ်ပေမယ့်
ဒီလောက်ထိ အနေဝေးရတာ မွန်းကြပ်လွန်းပါရဲ့
သူ ဆုတောင်းမမှားခဲ့သလား
ဟင့်အင်းဆုပေးမှားခဲ့တာ ထင်ရဲ့ခုတော့ အလွမ်းပင်လယ်ဝေနေပြီကွယ်
အဲလိုပါဆို။ထားပါဗျာ ။ 


ကျွန်တော်တို့ ဖားတပိုင်းငါးတပိုင်း ပိုင်တဲ့ သူဌေးအကြောင်းပြောရဦးမယ်ဗျ။ လစာကို တတ်နိုင်သမျှ နည်းနည်းလေးပေးတယ်။ ဒီကြားထဲ ဟိုဟာဖြစ်လို့ ဒါဖြစ်လို့ ဆိုပြီး လစာထဲက ဖြတ်ချင်သေး။ အဲလိုကောင်းတာကလား။ ကျွန်တော်လဲ သိလိုက်ပါတယ်။ တစ်နှစ်နေရုံဖြင့်မည်သို့မျှ ရိုက်ကြေးမကျေနိုင်လို့ပေါ့။ အဲ တစ်ခုတော့ ကောင်းသဗျာ။ ကျွန်တော်တို့ သင်္ဘော(ထားပါတော့ဗျာ)မှာ ကျွန်တော် အပါဝင် AB လေးယောက်ပဲရှိတာ။အားလုံး ရွှေချည်းပဲ။လေးယောက်ထဲရှိတဲ့ သင်္ဘော ခင်ဗျားတို့ကြားဖူးမယ်မထင်ဘူးဗျနော။crane man က မနက်ခင်းလာမောင်း ညဆိုပြန်တယ်။ 

ကျွန်တော်တို့ကို ဆူဆဲအော်ဟစ်ကြိမ်းမောင်း မတရားခိုင်း မယ့်သူမရှိဘူး။crane man ကလဲ အေးဆေးပဲ။ ဘယ်သူမှအနိုင်ကျင့်မခံရဘူး။အဟဲ လစာကလွဲလို့ပေါ့ဗျာ။ အလုပ်ကတော့ ဟိုစပ်စပ်ဒီစပ်စပ်ပါ့။ ပင်ပန်းတဲ့အချိန်ကတော့ crane wire လဲတဲ့အချိန်ပေါ့ဗျ။ဒါကလည်း သိပ်မကြာပါဘူး။ အလုပ်က မဆိုးလှဘူးဗျ။ ခုတော့ ကျွန်တော်လဲ လမ်းတစ်ဝက်ရောက်ပီဗျာ။တစ်နှစ်ပြည့်ရင် ပြန်မယ်။ ဒီကုမ္ပဏီက သဘောင်္နှစ်စီး တပ်ဘုတ်တစ်စီး ပိုင်တယ်ဗျ။ အားလုံး ရွှေ ၉ယောက်ရှိတယ်။ ကျွန်တော်ကတော့ ဒီသင်္ဘောတွေမလာစေချင်ဘူးဗျ။ 

ကုမ္ပဏီနာမည်က Jin Fiat Gravel ပါ သင်္ဘောတွေနာမည်က Jin Fiat Satu,Kin Jaya 6 နဲ့ Kin Jaya 7 ပါ။ Kin Jaya 7 က လစာမဆိုးဘူး ပျိုင်းတယ်ဗျ။ဆူဆူပူပူတွေရှိတယ်။JIN FIAT SATU နဲ့ KIN JAYA 6 က လစာ တစ်ပဲခြောက်ပြားသာရပါကြောင်း။ ဒီသေဘာၤေတြက MALAYSIA KUCHING JOIN ပါ ။Kuching က အေဂျင်စီနာမည်က ANG JUN SHIPPING AGENCIES ပါ။

 အေးဂျင့်နာမည်က MR WILLIAN ။သင်္ဘောက SIBU မှာဆိုတော့SIBU ကို ထပ်သွားရပါတယ်။ကားနဲ့ အေးဂျင့်ကတင်ပေးလိုက်တယ်။ Sibu မှာဆင်း လာခေါ်မယ့်သူဖုံးနံပါတ်ပေးတယ်။ ဖုန်းဆက်ရင်လာခေါ်မယ်မဆက်ရင်မခေါ်ဘူး ။ နားလည်အောင်ပြောတတ်မှ okမယ်ဗျ။ သင်္ဘောက ဘယ်မှမသွားပါ။မြစ်ထဲမှာလယ်နေပ်ါတယ်။

 ၄၂ လမ်းက အေးဂျင့်က ဒီကုမ္ပဏီနဲ့ချိတ်တာများပါတယ်။ရိုက်ကြေးက ကြားအေးဂျင့်ပါရင် နှိပ်သဗျ။ ကိုယ်တိုင်သွားပြန်တော့ မတင်ဘူး။ သင်္ဘောသားသစ် နောင်တော် ညီတော်များ မလာစေချင်ပါကြောင်း မောင်းတီးတယ်ဗျာ။ ကျွန်တော်ရေးထားတဲ့သင်္ဘောနာမည်ဆိုလို့ကတော့ ဟင့်အင်း ငြင်းဖြစ်အောင်းငြင်းဗျာ။။၊။။။ ကျေးဇူးပါဗျာ။။။။အမှားပါရင်ခွင့်လွတ်ကြပါဗျာ။

ရေးသားသူ -
Aung Naing Htun

No comments:

Post a Comment