Thursday, May 2, 2013

သင်္ဘောသားရင်ဖွင့်သံ (၂)... Seamen's Voice (2)...



ကျွန်တော်လည်းဒီPage ကိုပို့မယ် ပို့မယ်နဲ့ မပို့ဖြစ်တာပါ
မပို့ဖြစ်တာကလည်း ကျွန်တော့်အပေါ်အမြင်စောင်းမှာကိုစိုးရိမ်လို့ပါ
ကျွန်တော် လည်းပဲ သင်္ဘောသားလူသစ်တစ်ယောက်ပါ
သူများတွေနည်းတူ BEST ဖြေပြီးသင်တန်းတက်လာတာပါ
သင်္ဘောသားမျိုးရိုးလဲမရှိပါဘူး သင်္ဘောသားအသိမိတ်ဆွေလဲမရှိပါဘူး
သင်္ဘောသားဖြစ်ဖို့ နယ်ကနေရန်ကုန်ကိုလာပြီး ကြိုးစားနေတဲ့သူတစ်ယောက်ပါ
အစောကပိုင်းကာလတစ်လျှောက်လုံးတော့ အခက်အခဲမရှိဘူးခင်ဗျ
တစ်ကယ်အခက်အခဲရှိတာက အလုပ်ရှာတဲ့အပိုင်းမှာပါ
အလုပ်လိုက်မလျှောက်လို့မရတာလားဆိုတော့ မဟုတ်ပါဘူး
ကျွန်တော်သိသလောက်နေရာတွေမှာအကုန်လိုက်လျှောက်ပါတယ်
တစ်ချို့နေရာတွေဆို လူသစ်ဆိုတာနဲ့ခေါင်းခါပါတယ်
တစ်ချို့နေရာတွေကျတော့လည်း ညီအကိုတစ်ယောက်ပြောသွားသလို
သူတို့ ရုံးက သွားတိုက်ဆေးမလိုသေးပါဘူးဆိုတာမျိုးလည်းကြုံရပါတယ်
တစ်ချို့များကျတော့လူသစ်တော့မခေါ်ပါဘူးတင်ချင်လည်းတင်ခဲ့လို့ရပါတယ်တဲ့
သဘောကတော့ ဖောင်ဖိုး၅၀၀ ပေးချင်ပေးခဲ့ဆိုသလိုကြီးခင်ဗျ
အမှောက်တွေရော အမှန်တွေရော ကြားလိုင်းဆိုတာတွေပါလိုက်လျှောက်ဖူးပါတယ်
Company တစ်ချို့ဆို မူရင်းလက်မှတ်ယူထားတာလည်းရှိပါတယ်
ကျွန်တော်လည်းပဲ မူရင်းလက်မှတ်ယူတောင်းCompany ၂ခုကြုံလိုက်ရပါတယ်
ကျွန်တော့် 4 Tickets ကိုယူထားတာ ၂လကျော်ကြာတဲ့ထိ အလုပ်မပေးနိုင်ပါဘူး
အင်တာဗျူးလိုလို English Skill Test လိုဟာတွေဖြေခိုင်းပါတယ်
ဖြေပြီးတော့လည်း ဘာမှထူးခြားမလာပါဘူး အလုပ်မပေးတာကမပေးတာပါပဲ
ဒီကြားထဲ တစ်ပါတ်ကိုအနည်းဆုံးတစ်ခါတော့ အဲဒီCompanyကိုသွားရပါတယ် မသွားလို့မှမရတာကိုး
ပထမ တစ်ခုတုန်းကဆို အဲဒီလိုသိမ်းထားတာ ၃လထဲရောက်လာလို့သွားတောင်းခါမှပြောလွှတ်တာခံရပါတယ်
သူတို့ကို ၄၈သိန်းပေးပါတဲ့ မင်းကို ၁ပါတ်အတွင်းသင်္ဘောပေါ်တင်ပေးမယ်တဲ
ဟုတ်ကဲ့ကျွန်တော်သူဌေးမဟုတ်တော့မပေးနိုင်ပါဘူးခင်ဗျ ဆိုပြီး
တောင်းတောင်းပန်ပန်နဲ့လက်မှတ်ပြန်ယူလာရပါတယ်
ဒါလည်းအမှတ်မရှိပါဘူး အခုလည်းကျွန်တော့ လက်မှတ်ကိုနောက်Companyတစ်ခုကိုပေးထားပါတယ်
ရိုက်ကြေးအကြောင်းလည်းနည်းနည်းပြောချင်သေးတယ်ခင်ဗျ
တစ်နေ့တော့ ကျွန်တော်အလုပ်လျှောက်ထားတဲ့Companyတစ်ခုက မနက်ပိုင်းဖုန်းဆက်တယ်
အလုပ်ပေါ်လို့ပါတဲ့ အခုချက်ချင်း Companyကိုလာခဲ့ပေးပါ ဆိုလို့သွားလိုက်တယ်ခင်ဗျ
ဟိုလဲရောက်ရောရိုက်ကြေးစကားပြောရပါတယ် တောင်းတာက သိန်း၃၀ပါ
ဒါနဲ့ တစ်လဘယ်လောက်ပြန်ရမလဲမေးတော့ မလေးရှားရင်းဂစ် 800 တဲ့
စီးရမဲ့သင်္ဘောက Tag Boat ပါတဲ့ စဉ်းစားသာကြည့်ပါတော့ ခင်ဗျား.
လောဘကြီးလို့ပြောတာတော့မဟုတ်ပါဘူး ကျွန်တော်လဲ Article ပြည့်ရင် အရင်းလေးတော့ကြေချင်လို့ပါ
Volunteer လုပ်ဖို့လဲကြိုးစားဖူးတယ်ခင်ဗျ
သင်တန်းတွေပြီးတော့ အတန်းဖော်တစ်ယောက်နဲ့ Company တစ်ခုမှာ Volunteer ဆင်းမယ်ဆိုပြီးသွားပါသေးတယ်
ဟိုက ကျွန်တော်နဲ့ သွားတဲ့ သူကိုလက်ခံတယ် Recommend ရှိလို့ပါတဲ့
ကျွန်တော့်ကိုကျ Recommend ပေးထားတာမရှိလို့လက်မခံနိုင်ပါဘူးတဲ့ဗျာ
ဒါနဲ့ပဲ တပ်ပြန်ခေါက်ခဲ့ရပါတယ်
အခုအချိန်ထိဆို ကျွန်တော်အလုပ်ရှာနေတာ ၆လကျော်ခဲ့ပြီခင်ဗျ
မတွေ့ဘူးတော့မဟုတ်ပါဘူးတွေ့ပါတယ် အပေါ်ကကျွန်တော်ပြောသလိုပဲအခက်အခဲတွေရှိလို့လက်လွှတ်ခဲ့ရတာပါ
ကျွန်တော်ပြောချင်တာလေးကအခုမှစမှာပါ
တစ်ကယ်တော့ ဒီ Page ကလူတွေအားလုံးက Seniorတွေပါ
Senior တွေဖြစ်တဲ့အတွက်ကြောင့် သင်္ဘောသားလောက ကို
ကျွန်တော့်ထက် ပိုသိ ပိုတတ် ပြီး ပိုနားလည်မှာအသေအချာပါပဲ
Senior အကိုကြီးတွေ ဆီကနေ ကျွန်တော်အကြံအဥာဏ်တောင်းချင်တာကတော့
ကျွန်တော်တို့သင်္ဘောသားလူသစ်တွေမှာပဲဒီလို အခက်အခဲရှိတာလား
ဒီလိုအခက်အခဲတွေကိုဘယ်လိုနည်းနဲ့ကျော်လွှားလို့ရမလဲ
ဒါမှမဟုတ် Company တွေပြောသလိုပဲ ပိုက်ဆံမရှိရင်သင်္ဘောသားမဖြစ်နိုင်တော့ဘူးလား
အသုံးဝင်မဲ့ အကြံဥာဏ်လေးတစ်ခုလောက်ပေးနိုင်ရင် ပေးခဲ့ပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျား

လေးစားလျှက်...

Seng Myat Aung

No comments:

Post a Comment