Friday, December 27, 2013

အိုင်အယ်လ်အို ၏ ပင်လယ်ရေကြောင်းအလုပ်သမားများ နှင့် ပင်လယ်ရေကြောင်းသင်္ဘောသားများအတွက် ရပိုင်ခွင့်များ နှင့် အခွင့်အရေးများ ဆိုင်ရာ ပဋိညဉ်စာချူပ် သိကောင်းစရာ (၃)

အိုင်အယ်လ်အို ၏ ပင်လယ်ရေကြောင်း အလုပ်သမားများ နှင့် ပင်လယ်ရေကြောင်းသင်္ဘောသားများအတွက် Maritime Labour Convention သို့ တည်းမဟုတ် ပင်လယ်ရေကြောင်းအလုပ်သမားအားလုံး အတွက် ရပိုင် ခွင့်များ နှင့် အခွင့်အရေးများ ဆိုင်ရာ ပဋိညဉ်စာချူပ် လို့ လည်း ခေါ်တွင်ကြသည့် MLC 2006 သည် IMO ၏ ပြဋ္ဌါန်းချက်များဖြစ်သည့် SOLAS, STCW နှင့် MARPOL တို့ ပြီးလျင် ပင်လယ်ရေကြောင်းဆိုင်ရာအပြည်ပြည် ဆိုင်ရာစာချူပ်စာတမ်းအနေဖြင့် စတုတ္ထမဏ္ဍိုင် (Fourth Pillar) တစ်ခုဖြစ်ပေသည်။

အိုင်အယ်လ်အိုတွင် ပြီးခဲ့သည့် (၂၀၀၆) ခုနှစ် ဖေဖော်ဝါရီလ တွင် စတင်ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး အနိမ့်ဆုံး ကမ္ဘာ့သင်္ဘောတန်ချိန် သုံးပုံတစ်ပုံ (၃၃ ရာခိုင်နှုန်း) ကို ကိုယ်စားပြုနိုင်သည့် နိုင်ငံပေါင်း (၃၀) လက်မှတ်ထိုး အတည်ပြုပြဋ္ဌါန်းရမည်ဟု သတ်မှတ်ခဲ့သည်။ ယခု အခါ ပြီးခဲ့သည့် (၂၀၁၃) ခုနှစ် သြဂတ်စ်လ (၂၀) ရက်နေ့  တွင် (၄၃) ရာခိုင်နှုန်း ကမ္ဘာ့သင်္ဘောတန်ချိန်ရှိ နိုင်ငံ ငါးနိုင်ငံ (ဘဟားမား၊ နော်ဝေး၊ လိုက်ဘေးရီးယား၊ မာရှယ် အိုင်းလန်းဒ်စ် နှင့် ပနားမား) တို့  အပါအ၀င် လက်မှတ်ထိုးနိုင်ငံ ပြည့်မှီကျော်လွန်သည့် အတွက် အတည်ပြု ကျင့်သုံးနေကြပြီ ဖြစ်သည်။

အိုင်အယ်လ်အို စာရင်းဇယားများ အရ အောက်ပါ နိုင်ငံများ ယှဉ်တွဲပါ နေ့ စွဲများ အလိုက် လက်မှတ် ရေးထိုး ထား ရှိပြီး ဖြစ်ပါသည်။

၁။ အန်တီဂွါ နှင့် ဘာဘူတာ (Antigua & Barbuda – 11 August 2011)
၂။ ၾသစေၾတးလ် (Australia – 21 December 2011)
၃။ ဘဟာမားစ် (Bahamas – 11 February 2008)
၎။ ဘာဘဒိုးစ် (Barbados – 20 June 2013)
၅။ ဘယ်လ်ဂျီယံ (Belgium – 20 August 2013)
၆။ ဘီနင် (Benin – 13 June 2011)
၇။ ဘော့စနီးယား နှင့် ဟာဇီဂိုးဗီးနား (Bosnia and Herzegovina – 18 January 2010)
၈။ ဘူဂေးလ်ရီးယား (Bulgaria – 12 April 2010)
၉။ ကနေဒါ (Canada – 15 June 2010)
၁၀။ ခရိုအေးရှား (Croatia – 12 February 2010)
၁၁။ ဆိုက်ပရပ်စ် (Cyprus – 20 July 2012)
၁၂။ ဒိန်းမတ် (Denmark – 23 June 2011)
၁၃။ ဖီဂျီ (Fiji – 21 January 2013)
၁၄။ ဖင်လန် (Finland – 9 January 2013)
၁၅။ ပြင်သစ် (France – 28 February 2013)
၁၆။ ဂါဘွန် (Gabon – 12 May 2011)
၁၇။ ဂျာမဏီ (Germany – 16 August 2013)
၁၈။ ဂါနာ (Ghana – 16 August 2013)
၁၉။ ဂရိ (Greece – 4 January 2013)
၂၀။ ဟန်ဂေရီ (Hungary – 31 July 2013)
၂၁။ ဂျပန် (Japan – 5 August 2013)
၂၂။ ကီရီဘတ်တီ (Kiribati – 24 October 2011)
၂၃။ လတ်ဗီးယား (Latvia – 12 August 2011)
၂၄။ လက်ဘနွန် (Lebanon – 18 February 2013)
၂၅။ လိုက်ဘေးရီးယား (Liberia – 7 June 2006)
၂၆။ လစ်သူရေးနီးယား (Lithuania – 20 August 2013)
၂၇။ လူဇင်ဘတ်ဂ် (Luxembourg – 19 September 2011)
၂၈။ မောလ်တာ (Malta – 21 January 2013)
၂၉။ မာရှယ် အိုင်လန်းဒ်စ် (Marshall Islands – 25 September 2007)
၃၀။ မလေးရှား (Malaysia – 20 August 2013)
၃၁။ မော်ရိုကို (Morocco – 10 September 2012)
၃၂။ နယ်သာလန်စ် (Netherlands – 13 December 2011)
၃၃။ နိုက်ဂျီးရီးယား (Nigeria – 18 June 2013)
၃၄။ နော်ဝေး (Norway – 10 February 2009)
၃၅။ ပုလော (Palau – 29 May 2012)
၃၆။ ပနားမား (Panama – 6 February 2009)
၃၇။ ဖီလစ်ပိုင် (Philippines – 20 August 2012)
၃၈။ ပိုလန် (Poland – 3 May 2012)
၃၉။ ရုရှား (Russia – 20 August 2012)
၄၀။ စိန့် ကတ်စ် နှင့် နဲ့ ဗီးစ် (Saint Kitts and Nevis – 21 February 2012)
၄၁။ စိန့် ဗင်းဆင့်တ် နှင့် သီ ဂရန်နာဒိုင်းစ် (Saint Vincent and the Grenadines – 9 November 2010)
၄၂။ ဆားဘီးယား (Serbia – 15 March 2013)
၄၃။ စင်ကာပူ (Singapore – 15 June 2011)
၄၄။ တောင်အာဖရိက (South Africa – 20 June 2013)
၄၅။ စပိန် (Spain – 4 February 2010)
၄၆။ ဆွီဒင် (Sweden – 12 June 2012)
၄၇။ ဆွစ်ဇာလန် (Switzerland – 21 February 2011)
၄၈။ တိုဂို (Togo – 14 March 2012)
၄၉။ တူဗါလူး (Tuvalu – 16 February 2012)
၅၀။ ယူနိုက်တက်ကင်းဒန်း (ယူကေ) (United Kingdom – 7 August 2013)
၅၁။ ဗီယက်နမ် (Vietnam – 8 May 2013)
(လက်မှတ်ထိုး နိုင်ငံပေါင်း - ၅၁ - နိုင်ငံ နှင့် အာဏာသက်ဝင်ကျင့်သုံး နိုင်ငံပေါင်း - ၃၁ - နိုင်ငံ ရှိ၍ ကမ္ဘာ့ သင်္ဘောတန်ချိန် စုစုပေါင်း ၏ - ၇၅ ရာခိုင်နှုန်း - အကျုံးဝင်ပါသည်။)
အဆိုပါ ကွန်ဗန်းရှင်း (MLC 2006) တွင် အဓိက အပိုင်းနှစ်ပိုင်း ပါရှိပြီး မဖြစ်မနေလိုက်နာ ကျင့်သုံးရမည့် အ ပိုင်း နှင့် လမ်းညွှန်ချက် ညွှန်ကြားချက်များ အပိုင်း ဟူ ၍ ဖြစ်ပါသည်။ အဓိက ရည်ရွယ်ချက်မှာ ပင်လယ်ရေ ကြောင်း အလုပ်သမားများ (သို့ ) ပင်လယ်ရေကြောင်းသင်္ဘောသားများ ၏ အခြေခံ ရပိုင်ခွင့်များ အခွင့် အ ရေးများအား ကာကွယ်စောင့်ရှောက်မြှင့်တင်လိုရင်း ဖြစ်ပါသည်။ အိုင်အယ်လ်အို အဖွဲ့ ဝင် နိုင်ငံ အများအပြား နှင့် အမြင့်ဆုံးထား လက်မှတ်ရေးထိုး ပြဋ္ဌါန်း ကျင့်သုံးနိုင်စေရန် အတွက် ရည်ရွယ်ရင်း ဖြစ်ပါသည်။
(MLC 2006 ပြဋ္ဌါန်းချက်များအရ သင်္ဘောအလံတင်နိုင်ငံများ နှင့် သင်္ဘောရောက်ရှိရာ ဆိပ်ကမ်းအာဏာပိုင် နိုင်ငံများ မှ နေ၍ လက်မှတ်ထုတ်ပေးခြင်း၊ စစ်ဆေးခြင်း တို့ ကို စနစ်တကျ အကောင်အထည်ဖော် ဆောင် ရွက် ခြင်းဖြင့် အာဏာသက်ဝင် ကျင့်သုံးနိုင်မှာ ဧကန် အမှန်ဖြစ်ပါသည်။ ကွန်ဗန်းရှင်း စာချူပ် ဖောက်ဖျက်ကျူးလွန် သည့် သင်္ဘောများအား ဖမ်းချူပ် ထိန်းသိမ်းခြင်း သည်လည်း အချက်အချာ ကျသည့် အာဏာသက်ဝင်စေမှု တစ်ခုဖြစ်ပါသည်။)

သင်္ဘော ပေါ် နေထိုင်ခြင်း အလုပ် လုပ်ကိုင်ခြင်း အခြေအနေအရပ်ရပ် ကောင်းမွန်တိုးတက်စေရန် ရည်ရွယ်၍ အိုင်အယ် လ်အို ၏ ယေဘုယျအခြေခံအခွင့်အရေးများအပြင် လက်ရှိ ပင်လယ်ရေကြောင်းဆိုင်ရာ ပြဋ္ဌါန်းချက်များ၊ တိုက် တွန်းချက်အကြံပြုချက်များ အပါအ၀င် စုစုပေါင်း (၆၈) မျိုးသော ပဋိညဉ်စာချူပ်များအားလုံးကို တပေါင်းတစည်း တည်း ပြုစုထားခြင်း ဖြစ်ပေသည်။

(သို့ သော် ခြွင်းချက်အနေဖြင့် ပင်လယ်ရေကြောင်းအလုပ်သမား သို့  ပင်လယ်ရေကြောင်းသင်္ဘောသား အ ထောက်အထား လက်မှတ်ဆိုင်ရာ ပြဋ္ဌါန်းချက် (အိုင်အယ်အို ပြဋ္ဌါန်းချက် အမှတ် ၁၀၈ နှင့် ၁၈၅) နှင့် ပင်စင် ဆိုင်ရာ ပြဋ္ဌါန်းချက် (အိုင်အယ်လ်အို ပြဋ္ဌါန်းချက် အမှတ် ၇၁) တို့ သည် အရေးကြီးသည့်အတွက် သီးခြားရပ် တည်သည့်အတွက်ကြောင့် MLC 2006 တွင် ထည့်သွင်းထားခြင်း မရှိပေ။)
ယခု MLC သည် အပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်းဆိုင်ရာအဖွဲ့ ချူပ် IMO က ပြဋ္ဌါန်းထားရှိနှင့်ပြီးဖြစ် သည့် SOLAS, STCW နှင့် MARPOL အစရှိသည်တို့ နှင့်အတူ ပူးတွဲပြီး လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ် ထားရှိခြင်း ဖြစ်သည်။ အဆိုပါ IMO ပြဋ္ဌါန်းချက်များသည် သင်္ဘော နှင့် ယင်း၏ မောင်းနှင်သွားလာရေးဆိုင်ရာ၊ ဘေးကင်းလုံခြုံရေးဆိုင်ရာ၊ အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ နှင့်သင်္ဘောလုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေးပြည့် မှီသည့် စီမံအုပ်ချူပ်မှုပိုင်း တို့ နှင့်တိုက်ရိုက်ပတ်သက်သည်။ MLC သည် ပင်လယ်ရေကြောင်း အလုပ်သမား များ သို့  ပင်လယ်ရေကြောင်းသင်္ဘောသားများ အတွက် ရပိုင်ခွင့်များ နှင့် အခွင့်အရေးများကို သီးခြား ပြဋ္ဌါန်း ပေး သည့် ပဋိညဉ် တစ်ရပ် ဖြစ်ပေသည်။
(တချို့ သော နိုင်ငံကြီးများသည် နဂိုမူလကပင် ပင်လယ်ရေကြောင်းအလုပ်သမားများ သို့  ပင်လယ်ရေကြောင်း သင်္ဘောသားများ ဆိုင်ရာ ရပိုင်ခွင့်များ နှင့် အခွင့်အရေးများ စံချိန်စံနှုန်း ပြည့်မှီကျော်လွန်နေပြီး ဖြစ်ကြသည်။ ယခု MLC 2006 က အနိမ့်ဆုံး စံချိန်စံနှုန်းထားအပေါ် အခြေခံ ရေးဆွဲ ထားသည့် အတွက် အဆိုပါနိုင်ငံများ အ နေဖြင့် MLC ကိုလက်မှတ်ရေး ထိုးပြီးသည့်အခါ ၄င်းတို့ ပြဋ္ဌါန်းထားရှိနှင့်ပြီးသား သင်္ဘောသားအခွင့်အရေးတို့  ကို လျော့ချစရာ မလိုအပ်ပေ။)



ကိုဝေဖြာ ထွန်းposted toMyanmar Seamen Union

No comments:

Post a Comment