Friday, December 27, 2013

CBA- COLLECTIVE BARGAINING AGREEMENT [Part-1/2]

CBA အကြောင်းကို ရေးရမယ် ဆိုရင် ILO က စရပါမယ်။
ILO ဆိုတာကတော့ ၁၉၁၉ ခုနစ် ကစတင် တည်ထောင်ပြီး သုံးဦးသုံးဖလှယ်ညီညွတ်ရေးပုံစံ (Tripartite Structure) အဖြစ် ဖွဲ့စည်းခဲ့ရာ အဖွဲ့ဝင် နိုင်ငံအစိုးရကိုယ်စားလှယ်များကတစ်ဖွဲ့၊ အလုပ်သမားကိုယ်စားလှယ်များကတစ်ဖွဲ့ နှင့် အလုပ်ရှင်ကိုယ်စားလှယ်များကတစ်ဖွဲ့ဆိုပြီးပါဝင်ပါတယ်။ ယခုအချိန်အထိILO က ဘာဘဲလုပ်လုပ် အထက်ပါ သုံးဦးသုံးဖလှယ်ညီညွတ်ရေး ပုံစံအတိုင်းဘဲလုပ်ပါတယ်။ ‘United Nation’ ရဲ့”Affiliate” လည်းဖြစ် ပါတယ်။

Maritime Labour Convention, MLC 2006 ဆိုတာက တော့ ILO က ဦးဆောင် ကျင်းပခဲ့တဲ့ Convention တစ်ခုဖြစ်ပြီး၊ MLC အကြောင်းမဆက်ခင် Convention ဆိုတာကိုနားလည်လွယ်အောင် ပြောရရင်၊ ဥပမာ - နိုင်ငံတစ်နိုင်ငံအတွင်းထဲမှာဘဲလိုက်နာရမယ့် ဥပဒေသများကို အစိုးရက ‘Law / Rule of Law ’ အဖြစ်ချမှတ်ပါတယ်။ နိုင်ငံ (အိမ်နီးချင်း) (သို့) နိုင်ငံအုပ်စုအချင်းချင်း လိုက်နာရမည့် ဥပဒေ စည်းမျဉ်းများကို အချင်းချင်း ဆွေးနွေးပြီး ‘Treaty’ များအဖြစ်သတ်မှတ်ကာ၊ Rule of Law များရေးဆွဲပါတယ်။ တစ်ကမ္ဘာလုံးနှင့်ဆိုင်သော
ဥပဒေများရေးဆွဲမည် ဆိုပါက Convention ကြီးများလုပ်၍ Rule of Law များချမှတ်ပါတယ်။ ချမှတ်ထားတဲ့ ဥပဒေများရဲ့ အကျိုးကိုခံစါးချင်ရင် အဲဒီ Convention ရဲ့ Member of State ဖြစ်ရပါတယ်။
စကားချပ်။ ။ MLC သည် [Tripartite Structure] အစိုးရ အပါအ၀င် သုံးဦးသုံးဖလှယ်ပါဝင်ရေးဆွဲတဲ့ ဥပဒေများဖြစ်တဲ့အတွက်၊ NGO အဖွဲ့ များဖြစ်တဲ့ (ITF) ကဲ့သို့ အလုပ်သမားအဖွဲ့များကပင်လိုက်နာရမည့် ဥပဒေများဖြစ်ပါတယ်။ တစ်နည်းပြောရရင် သင်္ဘောပိုင်ရှင်တွေ လုပ်ချင်တိုင်းလုပ်မရအောင်၊ ITF ရှေ့နေများ လုပ်ချင်တိုင်းလုပ်မရအောင် ထိမ်းမည့် ဥပဒေများ ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းခရီးသွားများရဲ့ လောက ကိုလှပအောင်၊ တစ်နည်းပြောရရင် အဆင်ပြေ ချောမောအောင် ထောက်ပံ့ပေးနေတဲ့ မဏ္ဍိုင်ကြီးလေးခု ရှိပါတယ်။ ပထမမဏ္ဍိုင် နှင့် ဒုတိယမဏ္ဍိုင် ကတော့ ပင်လယ်ရေကြောင်း အန္တရာယ်ကင်းရှင်း လုံခြုံရေးအတွက် SOLAS CONVENTION နှင့် ပင်လယ်ရေကြောင်း လုပ်ငန်းခွင်ကျွမ်းကျင်မှူ အတွက် STCW CONVENTION၊ တတိယအနေနဲ့ ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်ညစ်ညမ်းမှူကာကွယ်ရေး အတွက် MARPOL CONVENTION၊ အခုနောက်ဆုံး ပင်လယ်ရေကြောင်း ခရီးသွားများရဲ့အခွင့်အရေးအတွက် MLC 2006 CONVENTION ဆိုပြီးရှိပါတယ်။ အထက်က လေးခုထဲမှာ MLC ကတော့ သင်္ဘောသားများရဲ့ ကိုယ်ပိုင်အကျိုး စီးပွား အတွက်တိုက်ရိုက်ကာကွယ်ပေးတဲ့ တစ်ခု တည်းသော CONVENTION ဆိုရင်လဲမမှားပါဘူး။ အဲဒီလောက်ဆိုရင် MLC ရဲ့ ကြီးကျယ်အရေးကြီး ပုံကို သဘော ပေါက် လောက်မယ်ထင်ပါတယ်။ ( ISM CODE / ISPS CODE / BC CODE / IMDG CODE တွေဟာ SOLAS CONVENTION အောက်က ခွဲထွက်လာတဲ့ အပိုင်းများသာဖြစ်ပါတယ်။)

MLC သည် Maritime Labour Convention ဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံး မှာရှိတဲ့ Maritime Labour များနဲ့သက်ဆိုင်
ပြီး Maritime Labour များအတွက်သီးသန့် ဖြစ်ပါတယ်။ အဲဒီမှာမေးစရာရှိလာပါတယ်။ အဲဒါကတော့ ကျွန် တော်တို့ ရွှေမြန်မာနိုင်ငံက Member State လားဆိုတာကိုပါ။ Member Stateဖြစ်ချင်ရင်နိုင်ငံကိုယ်စားပြု
ဝန်ကြီးတစ်ယောက်က Convention မှာလက်မှတ်ထိုးပြီး Convention ဖေါ်ပြချက်များကိုလိုက်နာပါမည်ဟုခံဝန်
ပြုရပါတယ်။ အခုအထိ ရွှေမြန်မာ ဘယ်သူသွားလက်မှတ်ထိုးတယ်ဆိုတာမကြားမိသေးပါဘူး။ လက်မှတ်ထိုးရင်
လည်း နိုင်ငံခြားရေးဝန်ကြီး မဟုတ်ရင်အလုပ်သမားဝန်ကြီးကလက်မှတ်ထိုးရမှာပါ။ ပို့ဆက်ဝန်ကြီးထိုးလို့မရသလို၊ ပို့ဆက်အောက်က SECD လည်းလက်မှတ်ထိုးရင်အကျုံးမ၀င်ဖို့များပါတယ်။

လက်မှတ်မထိုးဘဲလိုက်နာလို့မရဘူးလားဆိုတော့ ရပါတယ်၊ ချွင်းချက်များစွာရှိပါတယ်။ လက်မှတ်ထိုးထားသူလောက်
အခွင့်အရေးမရတာကတော့ပြောစရာလိုမယ်မထင်ပါ။

လက်မှတ်ထိုးပြီးရင် MLC လိုက်နာဖို့အတွက်အစိုးရအနေနဲ့ DMLC PART 1 (Decleration of MLC) ကိုပြင်ဆင် ပြုစုရပါမယ်။ အဲဒီမှာCBA က အချက်ပေါင်းမြောက်များစွာထဲကတစ်ခုပါ။ CBA က လခဘယ်လောက်ရ မယ်ဆိုတာ တစ်ခုထဲကိုရေးတာမဟုတ်ပါ။ သင်္ဘောသားရဲ့ RIGHT များအားလုံးကိုအသေးစိတ်ရေးထားတာပါ။ ယုတ်စွဆုံး လေယာဉ်စီး ရင်အနည်းဆုံး 30 Kgs Luggage ပေးရမယ်က အစ၊ သင်္ဘောပေါ်မှာ အိမ်သာကိုဘယ်လိုထားရှိ ရမယ်ဆိုတာအထိ ပါ ပါတယ်။ အရေးကြီးတာက အစိုးရတစ်ဦးတည်း CBA ကိုလုပ်ချင်သလိုလုပ်လို့မရသလို၊
သင်္ဘောပိုင်ရှင်၊သင်္ဘောသားများကလည်းလုပ်၍မရပါ။ (Tripartite Structure) သုံးဦးသုံးဖလှယ်နားလည် အဆင်ပြေ သဘောတူရပါမယ်။

DMLC PART 1 ကို သင်္ဘောပိုင်ရှင်နဲ့ ၎င်းကခန့်အပ်ထားတဲ့ သင်္ဘောသားများက လိုက်နာကြောင်း DMLC PART 2 နဲ့သက်သေပြရပါတယ်။ အဲဒါကို အစိုးရကိုယ်စား Class Surveyor ကစစ်ဆေးပေးပါတယ်။ Initial Inspection နဲ့စပါတယ်။ Difficiencies တွေ၊ Observations တွေရှိပါတယ်။ Difficiency ရှိရင် Statement of Compliance (SOC) MLC 2006 Certificate မရဖို့များပါတယ်။ Port State Control item လည်းဖြစ်ပါတယ်။ CBA ဆိုတာ DMLC Part 1 အရဖြစ်ပြီး၊ အစိုးရပြဌာန်းတာဖြစ်၍ သက်ဆိုင်ရာနိုင်ငံအလံ လွှင့်ထူထားတဲ့ သင်္ဘောတိုင်း လိုက်နာရပါမယ်။ အဲဒီမှာ Flag of Convenience Issue တွေ၊ လူနေမှူစရိတ်မညီမျှမှူကြောင့် လခနှုန်းထားများ တန်းတူပေးဖို့  မဖြစ်နိုင်တဲ့အတွက်ကြောင့်၊ Local CBA များနဲ့စာချုပ် ချုပ်လုပ်ဖို့ဖြစ်လာရာမှာ ရွှေမြန်မာနိုင်ငံရဲ့ အနေအထားနဲ့ သင့်တော်မယ့် CBA တစ်ခု ရှိဖို့ဖြစ်လာတာပါ။ ဒါပေမဲ့ အဖွဲ့တစ်ခုတည်းကပြင်ဆင်ရေးဆွဲလို့မရပါ။ (Tripartite Structure) ပါဘဲ။ အလုပ်သမားဝန်ကြီးဌာနကိုယ်စားလှယ် နှင့် SECD ကိုယ်စားလှယ်၊ သင်္ဘောပိုင်ရှင် ကိုယ်စားလှယ် (MyanSea) ၊ သင်္ဘောသားများကိုယ်စားလှယ် (MSF) တွေ အားလုံးသဘောတူတဲ့ CBA ဖြစ်ရပါတယ်။ အခြေခံ အချက်များကိုနားလည်သူ တစ်ဦးတစ်ယောက်က ပြင်ဆင်ပေးနိုင်ပေမဲ့ အဆုံးသတ်မှာအားလုံး သဘောတူရပါမယ်။
CBA ရေးရာမှာလည်း သူများ နိုင်ငံ (JAPAN / KOREA / SINGAPORE) ရေးထားတာကို ခပ်တည်တည်နဲ့ ကူးချ၍ မရပါ။ National Laws & Regulations အပေါ်အခြေခံပြီးရေးရခြင်းဖြစ်ပါတယ်။ တစ်နည်းတင်စားပြီးပြော ရရင်သင်္ဘော သား များ ရပိုင်ခွှင့် အခြေခံဥပဒေ လို့ဆိုရင် တောင် ရတဲ့အပိုင်းမှာရှိပါတယ်။

CBA မှာ အသေးစိတ် ဘာတွေပါရမယ်ဆိုတာ စိတ်ဝင်စားသူများရှိရင် နောက်မှ ရေးပေးပါမယ်။ အဲဒီအထဲက လခတွေ၊ အချိန်ပိုလုပ်ခတွေ၊ ဘယ်လိုသတ်မှတ်တယ်ဆိုတာ အနည်းငယ်ရှင်းပြပါမယ်။ “MLC Guide line B.2.2.2” အခြေခံလစာ Basic Salary ကိုတော့ “ National Laws & Regulation “ အရသတ်မှတ်ရပါမယ်။ အခြေခံပုံမှန်လစာ ( Basic Salary) နဲ့ လုပ်ချိန်ပေါင်း တစ်ပတ် ၄၈ နာရီ မကျော်ရပါ။ ကျန်တါ အကုန်အချိန်ပို (over time) ဖြစ်ပါတယ်။ 

  Capt. Win Naing Nyunt (American President Line, APL)

No comments:

Post a Comment