Friday, December 27, 2013

လောင်စာဆီကုန်သက်သာအောင် (Trim Optimization) လုပ်ကြည့်ခြင်း။


 

Marpol Annex VI အသက်ဝင်ပြီးနောက် SEEMP (Ship Energy Efficiency Management Plan) အရ ဆီကုန်သက်သာ အောင်၊ ကာဗွန်၊ NOx တွေထုပ်လုပ်မှုနည်း အောင် နည်းမျိုးစုံ ကြံဆကြ တဲ့အခါမှာ Trim Optimization လို့ခေါ်တဲ့ Trim ကိုလက်ရှိရောက်နေတဲ့ရေစူး (Draft) ရယ်၊ သွား မယ့်ခရီးမှာ လိုအပ်တဲ့အရှိန် (Speed) အပေါ်မူတည်ပြီး တွက်ချက်သတ်မှတ် ပြီးပြောင်းပေး ရတဲ့ နည်းလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ တကယ်လက်တွေ့မှာ အသုံးတည့်၏ မတည့်၏နဲ့ ဘေး ထွက်ဆိုးကျိုးများ သေချာဆန်းစစ်မှုများပြုလုပ်၍မပြီးခင်မှာဘဲ ခေတ်စားပြီး အသုံးများလာတဲ့နည်း တစ်ခုဖြစ်ပါတယ်။ - - - - - - - - - Trim အပြောင်းအလဲ ကြောင့် Hydrodynamic Efficiency ကိုအကျိုးသက်ရောက်စေတယ်ဆိုတဲ့ သီအိုရီကိုအခြေခံ ထားတဲ့နည်းတစ်ခုလည်းဖြစ်ပါတယ်။ Ballast Water များကိုရွှေ့ပြောင်းပြီး ရ လာတဲ့၊ လက်ရှိသွားနေတဲ့အရှိန်ရယ်၊ရေစူး ရယ် တွက်ပြီးရလာတဲ့ Trim ဟာ သင်္ဘောကိုယ်ထည် ကနေဖြစ်တဲ့ Resistance ပိုလျှော့ချပေးတယ်လို့ဆိုပါတယ်။ - - - - - - - - - အကောင်းဆုံးအလေ့အထ တစ်ခု ကတော့ ကုန်တင်ဘို့အတွက် Plan ဆွဲကတည်းက (Minimum Ballast) အနည်းဆုံး Ballast ဖြစ်အောင်ညှိပြီး Plan ဆွဲ၊ တစ်ချိန်တည်းမှာ Trim Optimization Programme နဲ့ Trim ပါညှိပြီးတော့ ကုန်တင်နိုင်ရင်အကောင်းဆုံးပါ။ - - - - - - - - - - အကယ်၍သွားမယ့်ခရီးလမ်းအတွက် လိုအပ်တဲ့ Trim က Negative / ဦးစိုက်နေရင် တော့ ကမ်းကပ် ကမ်းခွာ ရေကြောင်းပြ နဲ့သွားရမယ့်အကွာအဝေးအတွက် Evenkeel / Trim တန်ဘိုး သုညဖြစ်အောင် (သို့) ဆိပ်ကမ်း မှသတ်မှတ် ထားသော Trim ကိုအချိန်မရွေးပြန်လုပ်နိုင်ရမယ့် Stability အခြေအနေ ရှိရပါတယ်။ ကမ္ဘာ့ဆိပ်ကမ်းအားလုံးနီးပါးလောက်မှာ ဦးစိုက်ပြီး တမင် တကာဝင်ထွက်တဲ့သင်္ဘောတွေကို လက်မခံပါဘူး၊ ကမ်းကပ် ကမ်းခွာ အလှည့်အပြောင်းများ လုပ်ရာမှာလည်း သင်္ဘောရဲ့ အန္တရာယ်ကင်းရေးအတွက် အနှောင့်အယှက် ဖြစ်တဲ့အတွက် ဆိပ်ကမ်း က ခွင့်ပြုပေမဲ့လည်းခေါင်းစိုက်ပြီးမ၀င်တာ အကောင်းဆုံးပါ။ - - - - - - - - - အဲဒီမှာ အငြင်းပွားစရာ တစ်ခုက ကုန် တင်ပြီး Minimum Ballast ဖြစ်နေပြီး Trim Optimization မဖြစ်တာ နဲ့ သင်္ဘော ကို ခရီးဆက် မလား၊ ဒါမှမဟုတ် Ballast ထပ်ဖြည့်ပြီး Trim Optimization ရအောင်လုပ်၍ ခရီးဆက် မလား ဆိုတာပါဘဲ။ ဆီကုန်သက်သာအောင်ကတော့ Ballast ထပ်ဖြည့်ပြီး Trim Optimization ရအောင်လုပ်၍ ခရီးဆက်ရပါမယ်။ မည်သည့်အချိန် မှာမဆို အကောင်းဆုံး နဲ့ အနီးစပ်ဆုံး Trim Optimization ကိုဖန်တီးတော့မယ်ဆိုရင် Safe Stability Limits တွေကို ကျော်မသွားအောင်တော့ သတိထားရပါမယ်။ - - - - - - - - - - Trim Optimization ဆိုတိုင်း ဦးစိုက်Trim နှင့် မောင်းရခြင်းမဟုတ်ပါ။ ရည်ရွယ်ထားတဲ့အရှိန်ရယ် ၊ရောက်နေတဲ့ရေစူးပေါ်မူတည် ပြီးရယ်၊ သင်္ဘောရဲ့ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်ပုံရယ် မူတည်ပြီး ဦးစိုက် ပဲ့စိုက်ကွဲသွားပါတယ်။ ယေဘူယျအားဖြင့် သင်္ဘောသွားနေတဲ့အရှိန် (တစ်ချို့သင်္ဘောတွေ မှာ ၁၆ မိုင် / ဒါပေမဲ့တချို့မှာတော့ ၁၂ မိုင်/ တချို့မှာတော့၁၅ မိုင်) အောက် ရောက်သွားရင် ဦး စိုက်မောင်းတာဆီစားမသက်သာဘဲ ပိုကုန်နိုင်လို့ ပဲ့စိုက်ပြီးပုံမှန် သာသွားရပါတော့မယ်။ - - - - - - - သွားချင်တဲ့အရှိန်ပြီးရင် ရေစူး ကလည်းအရေးပါတဲ့အခန်းကပါပါတယ်။ ကုန်မပါတဲ့အခါကုန်ပေါ့တဲ့ အခါကျရင် Trim Optimization လုပ်ဖို့အတွက် အရမ်းခက်သလို (သို့) မထိရောက်နိုင်သလို၊ Computor (Trim) Programme ကအစအမှားပြ လာပါတယ်။ အဲဒီအတွက် ကုန်အပြည့် (သို့) ကုန်ပါတဲ့ခရီးစဉ်အတွက်ဘဲ Trim Optimization လုပ်ရမယ်လို့ပြောရင် ရပါတယ်။ ကမ်းဝင် ကမ်းထွက် များပြီး စိတ်တဲ့အခြေအနေ (ဥပမာ / နေ့ဝက်ခရီး၊ တစ်ရက်ခရီး) မှာလည်း Trim Optimization ကိုလုပ်ဖို့အတွက်အဆင်မပြေပါဘူး။ Ballast ရေပြောင်း ရေထုတ်အတွက် အချိန်အား လူအားကောကုန်တဲ့အပြင် ဆီစား သက်သာတဲ့ နှုန်း အပိုင်းကလည်း ပြောပလောက်အောင် မဟုတ် တဲ့အတွက် ပုံမှန်အတိုင်းသွားတာအကောင်းဆုံးပါ။ မိုင် ၁၀၀၀ ကျော်တဲ့ခရီးလောက်မှ သိသိသာသာ ဆီစားသက်သာတာကိုတွေ့နိုင်တဲ့အတွက် မိုင် ၁၀၀၀ ကျော်တဲ့ခရီးမျိုး ဆိုရင်တော့ စပြီး Trim Optimization လုပ်ရင်ရပါပြီ။- - - - - - - - Trim Optimization အတွက် အရေးကြီးဆုံးအချက်တစ်ချက် ရာသီဥတုအခြေအနေဖြစ်ပါတယ်။ ရာသီဥတုက (Calm condition / force 3 ~ 4 ) ငြိမ်သက်တဲ့အနေအထားမှာ အခြေခံတဲ့ သီအိုရီ ဖြစ် တဲ့ အတွက် ရာသီဥတုက မျက်နှာသာမပေးတာနဲ့ချက်ချင်းပုံမှန်အနေအထား ကိုပြန်ပြောင်းနိုင်ပြီး၊ ပြန်ပြောင်းပေးကိုပေးရပါမယ်။ ပြန်မပြောင်းရင် တော့ ရာသီဥတုဒဏ်ကြောင့် ရယ်၊ ပန်ကာ ရေပေါ်ကို ပေါ်ပေါ်နေတဲ့အတွက်ရယ်နဲ့တင်ဆီ ပိုစားစေမှာဖြစ်ပါတယ်။ - - - - - - - - အခြေခံ Formula ကတော့ - Propulsion power=(Hull Resistance x speed)/(propulsive Efficiency) ဖြစ်ပါတယ်။ သင်္ဘောများရဲ့ Bul-Bus Bow ရေထဲလုံးဝမမြုပ်နေရင် လောင်စာဆီ ပိုကုန်စေတယ် ဆိုတဲ့ သီအိုရီ နဲ့လည်းဆက်စပ်မှုရှိ ပါတယ်။ Bul-Bus Bow အကုန်မြုပ် ရင် (သို့) အကုန်ပေါ် ရင် အောင် လုပ်ထား တဲ့ နည်းလို့ ပြောရင် ရပါတယ်။ လက်ရှိ သင်္ဘော တွေမှာ ရှိပြီးသား Bul-Bus Bow ကိုဖြတ်ပစ်ခြင်း၊ အသစ်ဆောက်သော သင်္ဘောများမှာ Fuel Efficiency မြင့်စေသော Bul-Bus Bow Design များဖြင့် အစားထိုး တည်ဆောက်ခြင်း များပြုလုပ်လာ ကြပါတယ်။ - - - - - - - - Trim Optimization အရ ဦးစိုက်ပြီးသွားရပြီဆိုရင်သတိထားရမှာကတော့ ကုန်ပေါက်တွေရဲ့ ၀မ်းရေ (Bilge) တွေက နောက်မှာရှိတဲ့အပြင် ၀မ်းရေ တိုး မတိုး၊ လျှံမလျှံ ကိုသတိပေးတဲ့စနစ် ကလည်း နောက် မှာရှိတဲ့အတွက် ကုန်ပေါက်ထဲ လူကိုယ်တိုင်ဆင်းကြည့် စစ်ဆေးပေးရပါမယ်။ ရေ ၀င်မှု ရေလျှံမှု ရှိ မရှိ၊ မိုးရွာရင် ရေ၀င်နေ မနေ အတွက်ပါ။ ဒါ့အပြင်စက်ခန်း (Engine Room) တွင်းရှိ Aux Gen အတွင်းရှိ ချောဆီများ၊ Main Engine အတွင်းရှိ ချောဆီများ၊ တခြားချောဆီသုံး ဆီကန်များရဲ့ Low Level သတိပေးစနစ်က နောက်ဘက်မှာရှိတဲ့အတွက် ကြိုပြီး Low Level မရောက်အောင်ထပ်ဖြည့်ခြင်း များလုပ်ပေးထားရပါမယ်။ ဥပမာအားဖြင့် မီတာ ၃၀၀ အရှည်ရှိတဲ့ သင်္ဘောတစ်စီး အတွက် အကောင်းဆုံး Trim Optimization အရ ဦးစိုက် Trim ဟာ တစ်ခါတစ်ရံ ၂ မီတာ ကျော်နေတတ် တဲ့အတွက်ပါ။ - - - - - - - - - လောင်စာဆီစားမှုကို ရေစူးနှင့်အရှိန်အကောင်းဆုံးပေါင်းစပ်နိုင်ရင် ၁% မှ ၁၈% အထိကိုလျှော့ ချပေးစေနိုင်တယ် လို့ညွှန်းတဲ့အတွက် သင်္ဘောပိုင်ရှင်များအတွက် (သို့) သင်္ဘောအုပ်ချုပ်သူ မန်နေဂျာများအတွက်နောင်ခါလာနောင်လာဈေး လက်ရှိဆီစားသက်သာပြီးရော ဆိုပြီးရေပန်းစား၊ အသုံးများလာတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။ - - - - - - - -

Capt Win Naing Nyunt (American President Line, APL)

No comments:

Post a Comment